ဟယ်ယွင်ယိသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်လောက်ကစ၍ အလွန်ကံကောင်းလာခဲ့ပြီး ဒီရက်ပိုင်းကို ပြန်တွက် ကြည့်မှ ထိုကဲ့သို့ကံစကောင်းလာသည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်တာကြောင့် စိတ်ထဲတွင် တိုးတိတ်စွာ အံ့ဩသွားလေသည်။
ကုယဲ့သည် သူ၏လက်ဖဝါးကိုကြည့်လိုက်ပြီး “ခင်ဗျားရဲ့အိမ်က မီးလောင်သွားတယ်”
ဟယ်ယွင်ယိသည် ဟောချက်များတိကျလွန်းသောကြောင့် ဆွံ့အနေလေသည်။
ကုယဲ့သည် ရယ်သွမ်းသွေးကာ ပြောလိုက်သည်။“ရှယ်ယာရှင်တွေဆိုတာ အချင်းချင်းကံတွေ ဝေမျှတယ်လို့ ရှိကြတယ်။ ဒါကလည်း တစ်ခါတလေ မမြင်ရတဲ့ လာဘ်လာဘ တစ်ပါးပဲ။ တကယ်လို့ ခင်ဗျား ကျွန်တော့်ကို ယုံတယ်ဆိုရင် အရှေ့အရပ်ကိုသွားလိုက်၊ အရှေ့တည့်တည့်ကိုသာ တောက်လျှောက်သွား၊ အဲဒါဆိုရင် ခင်ဗျား ပြန်အဆင်ပြေလာလိမ့်မယ်၊ ဒီဟောချက်သာမှန်တယ်ဆိုရင် မှတ်ထား နော်၊ နောက်သုံးလအတွင်း ကျွန်တော့်ဆီ ပိုက်ဆံလာပေး၊ ကျွန်တော် နွေရာသီကျောင်းပိတ်ရက်ကျ ဒီနေရာမှာပဲ ဟောခန်း လာဖွင့်ထားမယ်”
ဟယ်ယွင်ယိသည် အံကြိတ်လျက် ခေါင်းညိမ့်ပြလိုက်ပြီး “လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ညီလေး”
အခုတော့ လမ်းရဲ့အဆုံးကို ရောက်နေတာကြောင့် ဟယ်ယွင်ယိ၏နှလုံးသားလည်း ပြန်လည်လန်းဆန်းလာကာ ကားကိုလည်း ပြန်ကွေ့ချလိုက်လေသည်။ ထို့နောက် အရှေ့အရပ်သို့ ဦးတည်လျက် ထွက်သွားလေတော့၏။
ကုယန်သည် ကုယဲ့၏အိတ်ကပ်အား ကိုင်မြှောက်လျက် နေကာမျက်မှန်အောက်မှ မျက်လုံးများ အရောင်တောက် ပကာ မေးလိုက်သည်။
"အစ်ကို အဲဒါက ဒီလောက်ပိုက်ဆံအများကြီးနဲ့တန်တယ်ပေါ့"
ကုယဲ့သည် ကုယန်အား ခေါင်းကို ခပ်ဖွဖွသပ်လျက် ပြုံးကာပြောလိုက်၏။
"ကောင်စုတ်လေး သူဌေးတွေဆိုတာ သူတို့မှာ ရှိတာထက်ပိုလိုချင်တာက သဘာဝပဲ"
"အစ်ကို ခုနကပြောတော့ သူက ကျွန်တော်တို့ထက် ပိုဆင်းရဲတယ်ဆို"
"ဒါပေမဲ့ သူက ပိုက်ဆံတွေပိုရှိလာမှာ၊ အများကြီးမှ အများကြီး"ပိုက်ဆံရှာပြီးနောက်မှာတော့ ကုယဲ့နှင့်ကုယန်တို့သည် မနက်စာစားရန်နေရာအား လိုက်ရှာခဲ့ကြသည်။ ထို့နောက် နောက်ဆုံးတစ်လုတ်ကိုစားလုဆဲဆဲမှာပင် ကုကတော်သည် သူတို့နှစ်ယောက်အား တွေ့သွားပြီး ကားပေါ်တင်ခေါ် လာပြီးနောက် သူ၏အသစ်ဖွင့်ထားသော အလှပြင်ဆိုင်အတွင်းသို့ ဆွဲခေါ်သွားလေသည်။
"အမေ့ကို ဖုန်းရွှေဖတ်ပေးလိုက်ပါဦး၊ ငွေဝင်မဲ့ ရွှေဖလားလို ပိုက်ဆံတွေ နေ့တိုင်း ဟောတိုက်ဝင်အောင် ပြောင်းပစ်လိုက်"
ကုယဲ့သည် ဆွံ့အနေလျက် ဆိုင်၏တည်နေရာအား ကြည့်ပြီး "အမေ ဖုန်းရွှေက ဓာတ်ခံ ကောင်းပြီးသား၊ ဘာတွေ ပြောင်းဦီးမလို့လဲ"
ကုကတော်သည် မဲ့ရွဲ့လျက် "ဟိုကောင်မ ဟုယိပေါ့၊ သူက တခြားတစ်ယောက်ကိုပြောင်းခိုင်းထားတာဆိုတော့ မြင်တိုင်း အန်ချင်လွန်းလို့၊ အဲဒါကြောင့် တစ်ဆိုင်လုံး ပြန်အလှဆင်မလို့"
ကုယဲ့သည် ပြုံးလျက် "ဟုတ်ပြီ သား အမေ့အတွက် ငွေဝင် အင်းတစ်ခုဆွဲပေးမယ်၊ ဒီစင်ကြီးကို ဖယ်ပစ်ပြီး နံရံဘက်ကို ကပ်လိုက်၊ ပြီးရင် ဒီမှာ ငါးကန်လေးတစ်ခုထား၊ တကယ်လို့ ရေရှင်လေး လိုချင်ရင် ကန်ထဲကို သဲနုလေးတွေထည့်ပြီး ရေထဲပေါက်တဲ့အပင်တချို့ထည့်လိုက်၊ အဲဒါဆို သဲက ဓာတ်ငွေ့တွေ ကို စုဆောင်းပေးပြီး ရေက အဲ့ဓာတ်ငွေ့လေးတွေကို သယ်ဆောင်ပေးလိမ့်မယ်၊ ပြီးရင် ဆိုင်ကို ဖောက်သည်တွေ အဆုံးမရှိလာနေလိမ့်မယ်"
ကုကတော်ရဲ့နောက်မှ တောက်လျှောက်လိုက်နေသော ဆိုင်မန်နေဂျာသည် သူဌေးခေါ်လာ သော ဖုန်းရွှေဆရာမှာ အလွန်ငယ်ရွယ်နေတဲ့အပြင် သူဌေး၏သားဖြစ်နေသောကြောင့် ဆွံ့အနေလေသည်။ ထိုစဉ် ကုကတော်နှင့် မျက်လုံး ချင်းဆုံသွားတာကြောင့် ကုယဲ့ပြောသွားသည်များကို အလျင်အမြန်လိုက်မှတ်လိုက်ပြီး ဘာကိုမှ ထပ်မခန့်မှန်းရဲ တော့ပေ။
ကုယဲ့သည် အရှေ့တောင်ထောင့်အား ထပ်မံညွှန်ပြလျက် "အရှေ့တောင်ထောင့်ဆိုတာ ငွေကြေးပေါများကြွယ်ဝ ခြင်းရဲ့သင်္ကေတပဲ၊ ဒီနားမှာ တစ်ခုခုမှားသွားရင် တခြားနေရာတွေမှာ ဘယ်လောက်ပဲကောင်းကောင်း ဘာမှအသုံး မဝင်ဘူး၊ ဒီမှန်က မကောင်းဘူးဆိုရင် တခြားကောင်းတဲ့တစ်ခုနဲ့ လဲလိုက်"
ကုကတော်သည် ခပ်တည်တည်ဖြင့် "ငါ ဒီမှာနံရံပြန်ဆောက်ဖို့ လူခေါ်လိုက်မယ်"
ကုယဲ့မှာ ပြောစရာစကားမရှိတော့အောင်ဖြစ်သွားပြီး "အမေစိတ်ချမ်းသာရင် ပြီးတာပါပဲ"
ကုကတော်သည် ပျော်ရွှင်သွားပြီး "ဒီမှာ မြန်မြန်ကြည့်လိုက်၊ နောက်ထပ်ပြင်စရာတွေရှိသေးတယ်၊ ဒီကဟာတွေ ပြီးရင် နောက်တစ်ဆိုင်ကိုသွားရမယ်"
ကုယန်သည် အံ့ဩလျက် "အမေ ဆိုင်တွေဘယ်နှဆိုင်တောင် ဝယ်ထားတာလဲ"
"ဆယ်ခုလောက်ပေါ့" ကုတော်သည် မေးလေးမော့လျက် ဂုဏ်ယူစွာပြောလိုက်ပြီး "ဟုယွီပေါ့ အောက်ဈေးနဲ့ရောင်းနေလို့ သူ့ကို နှိမ်ချင်တာနဲ့ဝယ်လိုက်တာ၊ ငါ့မှာလည်း မုန့်ဖိုးတွေအများကြီးရှိတယ်လေ"
ကုယန်မှာ စဉ်းစားရခက်သွားပြီး "ဒါဝယ်ဖို့ အခုအဖေ့ဆီကတောင်းတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူး" ကုကတော်သည် သူ့သားနောက်ကျောအား ဒေါသတကြီးရိုက်လျက် "ငါ့မှာလည်း ငါ့ပိုက်ဆံငါရှိပါ တယ်"
ဒီကောင်စုတ်လေးက အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောပြီး အရိုက်ခံရအောင်လုပ်နေတာကြောင့် ကုယဲ့စိတ်ကုန် လေသည်။
မိထွေးနဲ့တနေကုန်ပတ်လိုက်ပြီးနောက်မှာတော့ ကုယဲ့သည် ဆိုင်တွေအားလုံး၏ဖုန်းရွှေအား ပြန်ပြင်ပြီးဖြစ်လေ သည်။ အပြင်မှာလည်း မှောင်လေပြီ။ ကုကတော်သည် အချိန်ကိုကြည့်လျက် ဟိုတယ်တွင် အခန်းတစ်ခန်း ကြိုတင် မှာယူလိုက်ပြီး ကုဒယ်ချန်းအား ဖုန်းခေါ်လိုက်သည်။
"ဒီနေ့ ကျွန်မ ကလေးနှစ်ယောက်နဲ့အပြင်မှာစားမလို့၊ ရှင်တစ်ယောက်တည်း ညစာစားနိုင်တယ်မလား"
ထို့နောက် ကုယဲ့နှင့်ကုယန်တို့သည် စားကောင်းသောက်ဖွယ်များကို စားနေတော့သည်။ တနေကုန်ပင်ပန်းရတဲ့ နေ့တစ်နေ့ကုန်ဆုံးပြီးနောက်မှာတော့ ဉက္ကဌကုသည် အိမ်သို့ ပြန်ရောက်သောအခါ အိမ်တွင် သူ့မိန်းမရော သားတွေ ရော ဘယ်သူ့ကိုမှ မတွေ့ရပေ။ အိမ်တော်ထိန်းမှ ယူဆောင်လာပေးသည့် ဟင်းပွဲများကို ကြည့်လျက် သက်ပြင်းရှည် ကြီးချလိုက်လေသည်။ ထို့နောက် ဟင်းရည်တစ်ဇွန်းသောက်လိုက်ပြီး စိတ်တိုသွားသည်။
ဦးနှောက်မရှိဘဲ ကုကတော်နေရာသို့ အလွယ်တကူ ထိုင်ချင်၍ မရပေ။ ကုကတော်သည် အခါအားလျော်စွာ ဤမိသားစုသည် သူမရှိလျှင် မဖြစ်ကြောင်း ကုဒယ်ချန်းအားသိစေလိုသောကြောင့် ဤသို့လုပ်လေ့ရှိသည်။ ကုကတော်သည် အိမ်သို့ အစော မပြန်ချင်သောကြောင့် ကုယဲ့၏ပန်းကန်ထဲသို့ အသီးအရွက်များ ထပ်ထည့်ပေးရင်း ပြောလိုက်သည်။
"များများစား အဲဒါမှ သားညီက သားထက်ပိုပြီးအရပ်ရှည်မလာမှာ၊ တကယ်လို့နည်းနည်းလေးပဲစားတယ်ဆိုရင် အရပ်ထွက်လာတော့မှာမဟုတ်ဘူး"
ကုယဲ့သည် ပန်းကန်အားကိုင်လျက် "သားငယ်ငယ်တုန်းက ညီလေးက သားရဲ့ဝေစု ဖြည့်စွက်စာတွေကိုပါ စားပစ်တာ လို့ သံသယရှိလာပြီ"
"အဓိပ္ပါယ်မရှိတာ" ကုကတော်သည် ရှက်သွားလျက် ကုယဲ့၏ပါးစပ်အတွင်းသို့ ပုဇွန်တစ်ကောင်ကို ထိုးခွံ့လိုက် သည်။
"နင်က အခုမှ မရင့်ကျက်သေးတဲ့ကလေးလေးပဲရှိသေးတယ်၊ နင့်အမေက နင့်ကိုခက်ခက်ခဲခဲမွေးခဲ့ရတာ၊ နင်က မွေးနေတုန်းမှာ အောက်ဆီဂျင်မရလို့ သေလုနီးပါးဖြစ်ခဲ့တာ၊ အဲဒီတော့ နင့်ညီလေးလောက်တော့ ဘယ်ကျန်းမာပါ့ မလဲ၊ ငါ့မှာ နင့်ကို ဒီလိုကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ခဲ့ရတာ"
"သားသိပါတယ်" ကုယဲ့မှာ ပြုံးလျက် "သားက အမေ့ကိုစတာပါ"
ကုကတော်: "..."
စားနေတာတောင် သူ့ပါးစပ်က မပိတ်နိုင်သေးဘူး။
----
ကျောင်းစစဖွင့်တဲ့ရက်မှာပဲ ကုယဲ့ဟာ ကျောင်းကို စောစောပြန်လာခဲ့ရာ ခါတိုင်းထက် ကျောင်းက ပိုမိုတိတ်ဆိတ် နေသည်ဟု စိတ်ထဲတွင် ခံစားနေရလေသည်။ ထို့ကြောင့် သူသည် ကျောက်ဖုန်းယွိထိုင်သည့်နေရာသို့ သတိထား၍ တစ်ချက်လှမ်းကြည့်လိုက်သည်။ ခါတိုင်း ကျောင်းဖွင့်ရက်များတွင် စောစောရောက်နေကြသူများပင် ယနေ့တွင် မရောက်ကြသေးပေ။
ထိုအချိန်မှာပင် ရှားရှန့်သည် အမောတကောရောက်လာလျက် "ကုယဲ့ ကျောက်ဖုန်းယွိက နေသိပ်ကောင်းပုံ မပေါ် ဘူး၊ အရမ်းဖျားနေတယ်လို့ပြောတယ်"
ကုယဲ့သည် တဖက်လူရဲ့အပျက်အစီးကို တွေးတောမိပြီး လက်ချောင်းများရေတွက်လျက် မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေသည်။
"မကောင်းတော့ဘူး၊ အဲဒီကောင်တော့ သေတော့မယ်"
ထိုအချိန်မှာတော့ ကျောက်ဖုန်းယွိ၏ဘဝသည် သေမင်းနှုတ်ခမ်းဝတွင် ရောက်နေလေပြီ။
KAMU SEDANG MEMBACA
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...