အခန်း 14.1

2.7K 424 0
                                    

အခန်း ၁၄ မိုးရွာတဲ့နေ့မှာ တံတားပေါ် ဖြတ်မလျှောက်နဲ့

ဆရာယွိသည် စာခိုးချသည်ဟူသော စကားကိုကြားသည်နှင့် သူ့မျက်နှာက ပိုတည်လာပြီး "မင်းနဲ့ ကုယဲ့က စာမေးပွဲခန်းတောင် မတူဘူး‌လေ။ သူခိုးချတာ မင်းဘယ်လိုလုပ်သိလဲ။"

ဆရာယွိ၏ မျက်နှာထားကိုမြင်သည်နှင့် လင်းစစ်ဟောင်သည် အနည်းငယ် တုန်လှုပ်သွားပြီး "သူက မသမာတဲ့နည်းကို သုံးထားတာပါဆရာ။ အဲ့တာကို လျှိုယိဝမ်လည်း သိပါတယ်။ ပြီးတော့ ရှားရှန့်နဲ့ ကျောက်ဖုန်းယွိတို့ အားလုံးလည်း သိပါတယ်ဆရာ။"

ဆရာယွိက မျက်မှောင်ကြုတ်ကာ "သူဘယ်လို ခိုးချခဲ့တာလဲဆိုတာ မင်းမှာ သက်သေပြစရာရှိလား။"

"သူကျိန်းသေ လျှို့ဝှက်နည်းလမ်းတွေ သုံးခဲ့တာဖြစ်မှာပါဆရာ။ ဒါမှမဟုတ်ရင် သူ့ကို အခု စာပြန်ဖြေကြည့်ခိုင်းကြည့်ပါလား ဆရာ။ သူကျိန်း‌သေ ဖြေနိုင်တော့မှာ မဟုတ်ဘူး။" 

ဆရာယွိသည် မျက်ခုံးပင့်လိုက်ပြီး "အဲ့လိုဆို မင်းမှာ ဘာသက်သေမှ မရှိ‌ဘူးပေါ့။"

" ကျွန်တော်...ကျွန်တော့မှာ သက်သေရှိပါတယ်....." လင်းစစ်ဟောင်သည် အံကြိတ်ကာ "ကုယဲ့က  သရဲတွေကို ထိန်းချုပ်နိုင်တယ်ဆရာ။ သူ့လွယ်အိတ်ထဲ သရဲဖမ်းတဲ့အဆောင်တွေ ဘာတွေ ရှိမှာ သေချာတယ်။ မယုံရင် သူ့အိတ်ကို စစ်ကြည့်ပါဆရာ။ 'အဲ့ဟာတွေ'က သူ့ကို အဖြေတွေ ပြောပြထားတာ သေချာတယ်ဆရာ။"

ဆရာယွိကဲ့သို့ စာအုပ်ကြီးဆန်သည့် ပညာတတ်တစ်ယောက်အဖို့ သရဲတစ္ဆေ၊နာနာဘာဝကဲ့သို့ အဓိပ္ပာယ်မရှိသည့် အရာများကို နားမထောင်လိုပေ။ "အဓိပ္ပါယ်မရှိတာတွေ!" လင်းစစ်ဟောင် ပြောပြီးသည်နှင့် ဆရာယွိသည် ဒေါသတကြီးဖြင့် ဆူပူတော့သည်။ "ဘယ်ခေတ်ရောက်နေပြီလဲ။ သရဲတို့ မကောင်းဆိုးဝါးတို့ နတ်တို့ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ်သက်သက်ပဲ။ အဲ့တာကို သိပ္ပံနည်းကျ ရှင်းပြလို့ရတယ်။ အကယ်၍ အခုမဖြေရှင်းနိုင်သေးရင်တောင်  နောက်ကျရင် ရှင်းပြလို့ ရလာမှာပဲ။ မင်းမသိနားမလည်တာတွေရှိရင် စာအုပ်သာများများဖတ်။ လူကဖြင့် အထက်တန်း တတိယနှစ်ရောက်နေပြီ အခုထိ အယူသီးနေတုန်း"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now