အခန်း 11.1

2.7K 409 2
                                    

11. တရားမျှတမှုက ပျောက်ကွယ်သွားမှာမဟုတ်ဘူး
"ဘုရားသခင်၏သားတော်" ထွက်ခွာသွားပြီးနောက်၊ ကုယဲ့ သည် သူ၏ပုလင်းငယ်ကိုထုတ်ကာ သရဲမနှင့် ရက်စက်ကြမ်းကြုတ်သောသားဖြစ်သူကို လွှတ်ပေးခဲ့သည်။
"ကျွတ်! ၊ အရမ်းချစ်စရာကောင်းတယ်။” ကုယဲ့ သည်ကလေး၏ခေါင်းအား အနမ်းပေးလိုက်သည်။

ကုယဲ့၏ဘေးတွင် တစ်လနီးပါး နေခဲ့ရပြီးနောက်၊ ဝမ်ချန်းချန်း နှင့် သရဲကလေး၏ စိတ်ဝိဥာဉ်သည် နာကြည်းမှု အတော် လျော့ကျသွားခဲ့ပြီး အထူးသဖြင့် ကလေးလေး၏ ဆင်ခြင်တုံတရားတွေကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူ့အမေ၏ ထိန်းကျောင်းခြင်းကြောင့် အတော် လိမ္မာလာပုံရ၏။ ကုယဲ့သည် ဝမ်ချန်းချန်း ၏ သရဲအားပြတင်းပေါက်တွင် ထားခဲ့သောအခါသရဲငယ်လေးသည် သူ၏အစွယ်လေးများ ပေါ်သည်အထိ ဝမ်းသာအားရ ပြုံးပြလိုက်လေသည်။
ကုယဲ့ သည် သူ၏ခေါင်းကို ထပ်ခါပြလိုက်သည် ၊ “ချစ်စရာကောင်းလိုက်တာကွာ ။ မင်းသာ လူတွေကိုမစားရင် မင်းက လူကောင်းလေးပဲ”

ယန်စွမ်းအင်ကြောင့် သားအမိနှစ်ယောက်အား မထိခိုက်အောင် ကာကွယ်ရန်အတွက် ကုယဲ့ သည် တစ်ယောက်စီအား အင်းကွက်အလကားပေးချင်သော်လည်း မိန်းမပျိုသည် ကုယဲ့ ၏ ကြင်နာမှုကို ငြင်းပယ်ကာ သားဖြစ်သူကို ကုယဲ့ အား လေးလေးနက်နက် အရိုအသေပေးရန် ခေါ်ဆောင်သွားခဲ့လေသည်။ ထို့နောက် သူတို့သည် မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားခဲ့သည်။
ကုယဲ့ က သက်ပြင်းချလိုက်သည် "ဒီအစ်မလေးက တယ်ရက်စက်တဲ့လူပဲ"
ကုယန် သည် စူးစမ်းချင်စိတ်ပေါက်သွားသည် သရဲမ ၏ကြောက်မက်ဖွယ်အကြောင်းအရာ ကိုကြားပြီးနောက် သရဲမအား ထပ်မကြည့်ရဲတော့ပေ။ ကုယန်သည် သူ၏မျက်လုံးကို မှိတ်ကာ“အကိုက ဘာကိုပြောချင်တာလဲ” လို့ မေးလိုက်လေသည်။
"ပြောချင်တာကကွာ သူက မိသားစု သုံးယောက်ပဲ ပြန်ဆုံချင်တာပဲ ရှိတာ သူက လူပြန်၀င်စားဖို့ကို စိတ်မဝင်စားဘူး။ " ကုယဲ့ က ပေါ့ပေါ့ပါးပါး ပြုံးကာ ကုယန် အား ဆွဲတင်လိုက်ပြီး "တရားမျှတမှုက နောက်ကျချင်နောက်ကျနေလိမ့်မယ် ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူး။ မင်းသိထားရမှာက မင်းမကောင်းတာမလုပ်ရင် မင်းဘယ်တော့မှ ဒုက္ခရောက်မှာမဟုတ်ဘူး ။ ငါကသတိလက်လွတ်နေနေတာမှမဟုတ်တာ "
ကုယန် သည် ကုယဲ့၏ စကားကိုသေချာနားထောင်နေလေသည်။ ထိုအချိန်တွင် သူ၏အစ်ကိုသည်  ဘယ်အရာမဆို မကျော်ဖြတ်နိုင်သည် မရှိလို့ ရုတ်တရက် ခံစားလိုက်ရသည်။ အထူးသဖြင့် သူ့အစ်ကိုသည် သူနားမလည်သော စကားကို ပြောလိုက်သည်မှာ အရမ်းကောင်းလွန်းသည်။
အဖြစ်အပျက်သည် တစ်နာရီလောက်ကြာသွားခဲ့ပါသည်။ လိရွေ့ သည် အဝတ်အစားလဲပြီးနောက် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ လက်ဆေးဖို့ ထွက်လာချိန်တွင် မှန်ထဲ၌ မိတ်ကပ်များ ထူနေသော သူ၏ မျက်နှာအားကြည့်နေလေသည်။ သို့သော် သူ၏ နက်မှောင်လှသော မျက်လုံးများကို ဖုံးကွယ်လို့ မရသေးပေ။ သူ့နဖူးကို နှိပ်နယ်နေကာ တတ်နိုင်သမျှ သူ၏စိတ်အားမြန်မြန် ဖြေလျှော့၍ သူ၏အခြေအနေအား ထိန်းချုပ်ရန် ကြိုးစားနေသည်။
ထိုအချိန်တွင် အနက်ရောင် အရိပ်တစ်ခုသည် သူ၏ အနောက်သို့ ဖြတ်သွားသည်။ လိရွေ့ သည် မျက်မှောင်ကြုတ် ၍ လှည့်ကြည့်လိုက်လေသည် ဘယ်လိုမျိုး ပါပါရာဇီ သို့မဟုတ် တရားမ၀င်သော ပရိတ်သတ်သည် သူ ၏ ရေချိုးခန်းသွားသည့် ဓာတ်ပုံအားရိုက်ယူမည်ကို သိချင်နေပါသည်။ ဘယ်သူ့ကိုမှ မမြင်ရသောအခါ လိရွေ့ သည် သူ့စိတ်၌ ကျိန်ဆဲပြီး မှုန်ကုပ်ကုပ် မျက်နှာနဲ့ ခေါင်းကို လှည့်ကြည့်သောအခါ မှန်ထဲ မြင်လိုက်ရသည့် သူ၏အရိပ်ကို မြင်ပြီး ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားသည်။ သူ၏ ပုခုံးပေါ်တွင်ရှိသော ကြောက်စရာကောင်းသော အနက်ရောင်ရုပ်သေးသေးလေးသည်  ပြုံးပြီး သူ့ကိုကြည့်နေလေသည်။
လိရွေ့ သည် သူ၏ပခုံးအား ထိတ်လန့်စွာ ကြည့်နေသော်လည်း ဘာမှမရှိပေ။ထို့နောက် မှန်ထဲသို့ ပြန်ကြည့်လိုက် သောအခါအရုပ်လေး ရှိနေသေးသည်ကိုတွေ့လိုက်ရသည်။
ထိုအချိန်တွင် လိရွေ့ သည် ရုတ်တရက် သူ၏နားရွက်အား တစ်စုံတစ်ရာ ကိုက်သွားသည်ကို ခံစားလိုက်ရသည်။ သူ့နားကို ထိလိုက်သော်လည်း ဘာမှမရှိပေ။ သို့သော်သူ၏နားရွက်ပြဲသွားသကဲ့သို့ နာကျင်မှုသည် ပို၍ ဆိုးလာလေသည်။ လိရွေ့ သည် နာကျင်လာသည်။ သူ ၏ပခုံးပေါ်တွင် အမဲ‌ရောင်သရဲထိုင်နေသည်ဟု တွေးလိုက်သောအခါလို့ သူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ထိတ်လန့်တကြားဖြစ်သွားလေသည်။သူ၏နားအား ထိတ်လန့်တကြားဖုံးကာ မှန်ထဲသို့ ကြည့်လိုက်သောအခါ အနက်ရောင် အရိပ်သည် သူ၏နားကို ကိုက်နေသည်ကိုတွေ့လိုက်ရလေသည်။
လိရွေ့ သည်အသံတုန်တုန်ယင်ယင်ဖြင့်, သူသည်ကြောက်လန့်လွန်းသောကြောင့်သူ၏အသံပြောင်းသွားကာ "ဘိုးဘေးလေး၊ ကျွန်တော်တို့မှာ အတိတ်က အညိုးအတေးတွေ မရှိ၊ ပစ္စုပ္ပန်မှာလည်း ဘာအညိုးအတေးမှ မရှိဘဲနဲ့၊ ကျွန်တော့်ကို ဘာလို့ နှောင့်ယှက်နေတာလဲ၊ ခင်ဗျားဘာပဲ လိုချင်လိုချင် ကျွန်တော် မီးရှို့ဆက်သပေးလိုက်ပါ့မယ်။ "
"အတိတ်မှာ နာကျည်းစရာ မရှိတာနဲ့၊ လက်ရှိမှာ လက်စားချေစရာ မရှိတော့ဘူးလား" ဆံပင်ရှည်ရှည်နှင့် သရဲသည် မှန်ထဲတွင် ထေ့ငေါ့နေလေသည် " လိရွေ့  နင် ငါတို့ သားအမိကို မသိဘူးလား။"
ရင်းနှီးသောအသံကိုကြားသောအခါ လိရွေ့ သည် ကွဲအက်နေသော မျက်နှာအသွင်အပြင်ကို ခွဲခြား၍မရသောကြောင့် ထိုမျက်နှာသွင်ပြင်အား စိုက်ကြည့်နေလေသည်။ ဤမျက်နှာသည် သူ ၏အိပ်မက်ထဲတွင် အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပေါ်လာကာ ညသန်းခေါင်တွင် သူ့ကိုနှိုးသောမျက်နှာပင်ဖြစ်သည်။
" ချန်းချန်း ၊ မင်း... ချန်းချန်း လား" လိရွေ့ သည်အသိစိတ်ပြန်၀င်လာကာ တံခါးဝသို့ ပြေးသွားပြီး "သရဲ ၊ သရဲ !!!"
လေပြင်းတစ်ချက်တိုက်ခတ်သွားကာ အိမ်သာတံခါးကိုပိတ်လိုက်လေသည် စိုးရိမ်တကြီးနဲ့ လိုက်လာသော လက်ထောက်တို့သည် တံခါးနှင့် မျက်နှာရိုက်မိသကဲ့သို့ဖြစ်သွားသည်“အစ်ကိုလေး လိရွေ့ ,သူဝမ်းပျက်နေတာလား။ အိမ်သာသွားတာဘာလို့အဲ့ဒီ့လောက်ကြာနေတာလဲ? ဧည့်သည်အဆိုတော်က သီချင်းဆိုပြီးတော့မယ်”
" လိရွေ့ တံခါးဖွင့်စမ်း ၊ ရေချိုးခန်းထဲသွားတာကို  ဘာလို့တံခါးပိတ်တာလဲ။"
လိရွေ့ သည် အပြင်မှ အသံများကိုကြားရသောကြောင့် တံခါးဘောင်ကို အပြင်းအထန် ဆောင့်ကန်လိုက်သော်လည်း အပြင်မှလူများသည် သူ၏အော်သံကို လုံးဝမကြားရပေ။ သူနှလုံးခုန်လာလေလေ ပို၍အေးစက်လာလေဖြစ်နေသည် သူလှည့်ကြည့်လိုက်သောအခါ၊ သရဲကလေးလေးသည် သွားများတွေကြိတ်လျက် ပွေ့ဖက်ထားရင်း “ဟီးဟီး” “ဖေဖေ သားကို ချီ”
လိရွေ့ သည် သူ၏ပါးစပ်ကြီးကို ကြည့်ပြီးနောက် ကြောက်စိတ်ဖြင့် သူ၏ခေါင်းကို ကိုင်ကာ "ဒီကိုမလာနဲ့။ မလာနဲ့၊ ချန်းချန်း ၊ ကို တောင်းပန်ပါတယ်ကွာ။ မင်းကိုသတ်ဖို့ မရည်ရွယ်ပါဘူးကွာ၊ကို့ကို ခွင့်လွှတ်ပါ" လိရွေ့ သည် ထိတ်လန့်လွန်းသောကြောင့် ကတုန်ကင်ဖြစ်ကာ ကယောင်ကတမ်းများပြောနေလေသည်- "ကိုလည်းအခုနောင်တရနေပါတယ်ကွာ ကို့ကိုခွင့်လွှတ်ပါနော်။ ဒီလိုအခြေအနေမျိုး ရောက်ဖို့အတွက် ကို့ အတွက်မလွယ်ဘူးလေ,အခုလိုဖြစ်ဖို့ မလွယ်ဘူးလေ၊ ကို မင်းအတွက်နှစ်တိုင်း စက္ကူနဲ့ ပစ္စည်းတွေ အများကြီး မီးရှို့နေတယ်လေ။ နင်လဲအဲ့ပစ္စည်းတွေရတယ်မလား ကို...ကို မင်းကိုချစ်တယ်ဆိုတာ မင်းသိတယ်မလား..? ကိုမင်းကိုချစ်တယ်လေနော် မင်း ကို့ကိုအရမ်းချစ်တယ်ဆိုရင် ကို့ ကိုသေချာပေါက်လွှတ်ပေးမှာမလား"
ဝမ်ချန်းချန်း သည် သူမအရမ်းချစ်ခဲ့ရသော ယောက်ျားကို ရွံရှာစွာ ကြည့်လျက် "ချစ်တယ်" ဟူသော စကားလုံးကို ဆက်ပြောနေသည်ကိုတွေ့လိုက်ရသောအခါ သူမသည် မထိန်းနိုင်ဘဲ လှောင်ပြောင်ကာ "နင်ချစ်တာက နင့်ရဲ့ကျော်ကြားမှုပဲလေ၊ စိတ်မပူပါနဲ့ ငါတို့အမေနဲ့ငါက ၊ နင်နာမည်ပျက်ပြီး အသုရာချောက်ထဲကျသွားရင်တောင် နင့်နောက်ကိုလိုက်မဲ့သူတွေလေ။"
လိရွေ့ ၏မန်နေဂျာသည် ဆယ်မိနစ်ပင်ရှိပြီဖြစ်သော်လည်း တစ်ဖက်လူသည် အိမ်သာမှထွက်မလာသေးသည်သာမက ဖုန်းကိုင်ခြင်းလည်း မရှိသည်ကိုသိလိုက်သောအခါ။ သူ့တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်သဖြင့် လုံခြုံရေးနှင့် တံခါးဖွင့်ရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။  ထိုအချိန်တွင် လိရွေ့ သည် ကြမ်းပြင်ပေါ်တွင် လဲနေပြီး မလှုပ်မယှက်ဖြစ်နေသည်။ မန်နေဂျာက အလျင်အမြန် အနားကပ်လာကာ လိရွေ့ ၏ အသက်ရှုသံစမ်းကြည့်လေသည်။ ထို့နောက် လိရွေ့ သည် အသက်ပြန်ရှု၍ သက်ပြင်းတစ်ချက်ချကာ “ မေ့လဲသွားတာ"
လက်ထောက်သည် လူကိုအလျင်အမြန် သယ်ဆောင်သွားကာ ဆရာ၀န်ဆီသို့သယ်သွားလေသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now