အခန်း ၁၃။ မျက်ဖြူဝံပုလွေကို ကယ်တင်ခြင်း[1]
ကုယဲ့သည် ပြုံးလိုက်ပြီး " ကျိန်းသေ အခုတော့ ဘယ်ဟုတ်မလဲ ဒါပေမယ့် နောက်ကျလို့ရှိရင်လည်း အဲ့လိုမလုပ်ဖို့ မျှော်လင့်တယ်။"
လင်းစစ်ဟောင်လည်း ကိုးယို့ကားယားနိုင်စွာ ပြုံးလိုက်ပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း အတွေးလွန်နေပြီ"
ကုယဲ့သည် မျက်လုံးများကို ေမှးကျဥ်းလိုက်ပြီး လင်းစစ်ဟောင်ကို ငုံ့ကြည့်ကာ မပြုံးချင်ပြုံးချင်ဖြင့် ပြုံးလိုက်သည်။ ထို့နောက် ရှားရှန့်ပေးထားသည့် မှတ်စုကို လှန်ကြည့်လိုက်ပြီး ရှားရှန့်ထံသို့ပြန်လှည့်ကာ ကတိပေးလိုက်သည်။ " ငါဒါတွေကို သေချာကြည့်လိုက်မယ်၊ မင်းလိုက်ကြည့်ပေးမနေနဲ့တော့။ ငါဒီတစ်ခေါက် အမှတ်ကောင်းမှာ၊ ငါကတိပေးတယ်။"
ထိုအခါ အပြုံးတစ်ပွင့်သည် ရှားရှန့်မျက်နှာပေါ်တွင် ပေါ်ပေါက်လာပြီး " ငါမင်းကိုယုံတယ်။" ဟုပြောလိုက်သည်။
လင်းစစ်ဟောင်နှင့် လျှိုယိဝမ်တို့သည် ထိုနေရာ၌ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားကြပြီး ကုယဲ့က သူတို့အပေါ် အမြင်မကြည်သည်ကိုလည်း ခံစားမိလေသည်။ လင်းစစ်ဟောင် ထွက်သွားသောအခါ ကုယဲ့အား လှောင်သလိုကြည့်သွားလေသည်။ ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ကို ခံစားလျက် လင်းစစ်ဟောင်သည် ကုယဲ့၌ မည်သည့်အရပ်မှလာသည့် ယုံကြည်မှုများရှိနေသည်မသိ ဒီတစ်ခေါက် စာမေးပွဲတွင် အမှတ်ကောင်းလိမ့်မည်ဟု ပြောရဲသည်ကို အံ့ဩနေလေသည်။ 'အဲ့ အဆင့်မကောင်းတဲ့ နှစ်တစ်ထောင် အမှိုက်ကောင်ကများ ကြည့်ရတာ သူ့သရဲ တပြည့်တပန်းတွေကို အားကိုးပြီး ဖြေမှာလားမသိဘူး။'
လင်းစစ်ေဟာင် တင်မကဘဲ တစ်တန်းလုံးသည်လည်း ကုယဲ့အား လေလုံးထွားနေသည်ဟုသာ ထင်ကြလေသည်။ ကုယဲ့သည် တစ်တန်းလုံးတွင် အမြဲတမ်း ဘိတ်ချီးပင် ဖြစ်သည်။ အတန်းထဲ၌ အမြဲအိပ်နေတတ်သည့် ချန်ကျန်းလျှင်ပင် စာမေးပွဲ၌ သူ့ထက်အမှတ်ကောင်းလေသည်။ အမြဲတမ်းလိုလိုပင် ကုယဲ့သည် သူတို့အတန်း၏ ပျမ်းမျှရမှတ်ကို နိမ့်စေသည့်သူဖြစ်သည်။
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...