အခန်း ၃၃ သရဲအိမ်သို့ အလည်သွားခြင်း အပိုင်း တစ်

1.6K 275 4
                                    

ကုယဲ့ သည် ဆေးရုံရှေ့သို့ ရောက်လာသောအခါ မျက်နှာရှုံ့ မဲ့စွာဖြင့် ဆရာ ၂ ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှားရှန့် ၏မိခင်သည် ထိုနှစ်ဦး၏ မျက်နှာကိုမြင်ပြီးနောက် ကားကိုအလျင်အမြန်ရပ်ခိုင်းလိုက်ပြီး ပြေးဆင်းကာ "ဆရာ၊ ကျွန်မရဲ့သားလေး ဘယ်လိုနေလဲ" ဟုမေးလိုက်သည်။

အကြီးတစ်ယောက်က "တောင်းပန်ပါတယ် အစ်မကြီး၊ တခြားတစ်ယောက်ယောက်ကို ရှာလိုက်ပါ!" ထိုစကားကို ပြောပြီး နောက်မှ တစ်စုံတစ်ခု လိုက်လာသကဲ့သို့ ပြေးထွက်သွားသည်၊
ထိုစကားကိုကြားလိုက်ရသောအခါ ရှားရှန့်အမေ ၏ ခန္ဓာကိုယ်ဟာ တဆတ်ဆတ်တုန်ကာ ချောက်ချားသွားခဲ့သည်။ ထို့နောက် သူမသည် ကုယဲ့အား ကလေးနှစ်ယောက်ကို ကယ်တင်နိုင်သည့် နောက်ဆုံးကောက်ရိုးမျှင်ကို ကြည့်သကဲ့သို့ ပို၍သတိထားကြည့်လိုက်သည်။

ကုယဲ့ သက်ပြင်းချလိုက်သည်။ သူသည် ကမ္ဘာပေါ်ရှိ မိဘအားလုံးကို သနားမိသည်၊ ထိုအကြည့်များကို သူ ဘယ်တုန်းသောအခါကမှ အံတုနိုင်စွမ်းမရှိ။

မိနစ်အနည်းငယ်အကြာတွင် ကုယဲ့သည် ရှားရှန့် နှင့် ရှားအန်း တို့ကို တစ်ခန်းတည်းတွင် တွေ့လိုက်ရသည်။ ရှားအန်း သည် ရှားရှန့် ထက် ၂ နှစ်ပိုကြီးပြီး ရုပ်ပိုင်းဆိုင်ရာအရ ရှားရှန့် ထက်ပင် သန်မာသည်။ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေကာ သူ့ခန္ဓာကိုယ်သည် ရှားရှန့် ထက် ၂ဆ ပိုကြီးသည်။ ကုယဲ့သည် ရှားရှန့် နံဘေးတွင် အဘိုးအဘွားများ ထိုင်နေသည်ကို တွေ့လိုက်ရပြီး ညီအစ်ကိုနှစ်ယောက်ကြားတွင် ထိုင်နေသော အဖေကို မြင်သောအခါ သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။
ကုယဲ့ ကိုမြင်သောအခါ ရှားရှန့် ၏ မိသားစုဝင်များ အားလုံးသည် မတ်တပ်ရပ်ကာ တုန်လှုပ်ချောက်ချားစွားဖြင့် "ဆရာလေး သခင်လေးကု လား"

ကုယဲ့က ခေါင်းညိတ်လိုက်ကာ လက်ညှိုးကို ဆန့်တန်းပြီး "ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် ကျွန်တော့်ကို စကားလာမပြောပါနဲ့ နှောင့်လည်း မနှောင့်ယှက်ပါနဲ့"

အဖွားရှားသည် စိတ်လှုပ်ရှားစွာဖြင့် "ဆရာလေး၊ ကျွန်မမြေးလေးကို ကယ်နိုင်မယ်မလားဟင်"
ကုယဲ့၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး "ဘယ်တစ်ယောက်ကို ပြောနေတာလဲဟင်"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Hikayelerin yaşadığı yer. Şimdi keşfedin