အိမ်ပြန်ရောက်သည်နှင့် ကုယန်သည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ ကားထဲမှ အမြန်ပြေးထွက်လာပြီး "အစ်ကိုကြီး၊ အစ်ကိုလတ်၊ သားတို့ပြန်လာပြီ!"
ကုယန်၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် ညီအရင်းဖြစ်သော ကုယဲ့သည် တည်ငြိမ်သော အမူအရာဖြင့် ဖြည်းညှင်းစွာ လျှောက်လာေလသည်။ဥယျာဉ်နောက်ဘက် မြက်ခင်းပြင်၌ စကျင်ကျောက်ဖြင့် ထွင်းထုထားသည့် ကျောက်တုံးကြီးတစ်ခုရှိသည်။ ထိုကျောက်ဆောင်ဘေးတွင် စကျင်ကျောက်ဖြင့်ပြုလုပ်ထားသော စားပွဲများနှင့် ကုလားထိုင်များရှိသည်။ ဆင်တူသော မျကလုံး၊ ဆင်တူသော အသွင်အပြင်ဖြင့် လူငယ်နှစ်ဦးသည် စစ်တုရင်ကစားနေကြသည်။ ကုယန်၏ အသံကိုကြားသောအခါ ထိုသူနှစ်ဦးစလုံးက တစ်ချိန်တည်းမှာ တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်ကြသည်။
“နံပါတ်ေလးက အရပ်ကြီးရှည်လာတာပဲ။" ပို အကြီးဆုံးအစ်ကိုဖြစ်သူ ကုစန်သည် ယခုနှစ်တွင် အသက် ၂၆နှစ်ရှိပြီဖြစ်ပြီး အနည်းငယ်ပိုရင့်ကျက်သည်။ သူသည် အနည်းငယ် ခက်ထန်ပုံပေါက်သော သူ၏အဖေ ကုတဲ့ချန် နှင့် ပိုတူေလသည်။ ကုစန်သည် အေးဆေးတည်ငြိမ်ကာ တင်းမာမှုမရှိသောပုံပေါက်ပြီး ရင့်ကျက်သော အထက်တန်းစားတစ်ဦး၏ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
အစ်ကိုလတ်ဖြစ်သူ ကုလင်းသည် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဘွဲ့ရရှိနေပြီဖြစ်သည်။ သူ၏အသွင်အပြင်မှာ ကုယဲ့နှင့် ပိုတူလေသည်။ ကုလင်းသည် သူ့အမေနှင့်တူေသာ မျကနှာပေါက်မျိုးရှိပြီး ကြည့်ကောင်းသော မျက်ခုံးများကို ပေါင်းထည့်ကာ မက်မွန်ပွင့် မျက်လုံးလှလှလေးတစ်စုံက သူပြုံးလိုက်သောအခါ အလွန် အိပ်မက်ဆန်ေလသည်။ သူအနည်းငယ် ပြုံးလိုက်သည်နှင့် သူသည် စိတ်ထားကောင်းပြီး ချောမောသော အမျိုးသားကောင်းတစ်ယောက်ပုံ ပေါ်လေသည်။
သို့သော် ကုလင်းသည် မြင့်မြတ်သူတစ်ယောက်၏ ကျက်သရေရှိသည့် ပြုမူေနထိုင်မှုကြောင့် သူ့အား ညစ်ညမ်းသည့် ပုံမပေါ်စေပေ။ သူ့ကိုသိသောသူများသည် ဤမြင့်မြတ်သောသားသည် တက္ကသိုလ်တက်နေချိန်၌ပင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု စထောင်ဝံ့သူဖြစ်ကြောင်း သိကြေလသည်။ ဤကဲ့သို့ ငယ်ရွယ်စဥ်ကပင် ဖျော်ဖြေရေးနယ်ပယ်တစ်ဝက်ကို သိမ်းပိုက်ထားနိုင်ခဲ့သောကြောင့် သူမှာ ရက်စက်တတ်သူ တစ်ယောက်မှန်း သေချာစေသည်။
BINABASA MO ANG
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...