အခန်း ၂၀ လိုအပ်လျှင် ငါ့စိတ်ဝိညာဉ်ကို ဆင့်ခေါ်လို့ရတယ်
ကျောက်ဖုန်းယွိသည် ကုစန်၏မျက်နှာကိုမြင်ရတဲ့အခါ ဆက်ဟန်မဆောင်တော့ပေ။ နေကာမျက်မှန်အား ချွတ် လိုက်ပြီး ကားပေါ်မှဆင်းလိုက်သည်။ ကုယန်နှင့်မျက်လုံးမျက်ခုံးများ အနည်းငယ်တူနေသော ကုစန်အား မြင် လိုက်ရတာကြောင့် ချစ်စဖွယ်အမူအရာဖြင့် “အစ်ကိုက ကုယဲ့ရဲ့အစ်ကိုလား၊ ကျွန်တော်က ကုယဲ့ရဲ့အတန်းဖော်ပါ၊ သူနဲ့ကစားဖို့လာခဲ့တာပါ၊ သူအိမ်မှာရှိလားမသိဘူး”
ကုစန်သည် သူ့အား အကဲခတ်ဟန်ဖြင့် ကြည့်နေတာကြောင့် ကျောက်ဖုန်းယွိ အသားအရည်များပင် ဖြူဖျော့လာပြီး သူဟာ သူ့ညီစာကောင်းကောင်းမလုပ်နိုင်အောင် ဖျက်စီးနေတဲ့ လူဆိုးတစ်ယောက်ဖြစ်တယ်ဟု ခံစားနေရသည်။
ကုစန်လည်း ကလေးနဲ့ပြိုင်၍ စကားမများလိုတာကြောင့် “ဒါကတော့ ကုယဲ့အိမ်ဟုတ်ပါတယ်၊ ဒါပေမဲ့ ဆရာတွေ တော့မရှိဘူး”
“ကျွန်တော်က စတာပါ၊ ကုယဲ့ရဲ့နာမည်ပြောင်က ဆရာကုပဲလေ” ကျောက်ဖုန်းယွိသည် ခြောက်ကပ်စွာ ပြုံးပြလိုက်ပြီး နောက်ပိုင်းတွင် ကုယဲ့အား အိမ်မှခေါ်ထုတ်ရန် အကြောင်းပြချက်တစ်ခုခုရှာရမည်ဖြစ်ကြောင်း တွေးတောနေလေသည်။ ကုယဲ့၏မိသားစုများမှာမူ ကုယဲ့ဤကဲ့သို့အပြင်ထွက်ခြင်းကို သိပ်သဘောကျဟန်မတူ။
ကုစန်သည် ကျောက်ဖုန်းယွိအား ထပ်မံအကဲခတ်လိုက်ပြီး သူ့ကြည့်ရတာ လူဆိုးနဲ့မတူတာကြောင့် လုံခြုံရေးအား ကုယဲ့ထံ သွားပြောပေးရန် စေခိုင်းလိုက်သည်။
ကုယဲ့အပြင်ထွက်လာတဲ့အခါမှာတော့ ကျောက်ဖုန်းယွိသည် ကြောက်ရွံ့ဟန်ဖြင့် ကုယဲ့အား ပြောလိုက်လေသည်။
“မင်းအစ်ကိုက ကြောက်စရာကြီးနော်၊ ငါ့ပုံက ခပ်ဆိုးဆိုးဒုတိယသူဌေးသားမျိုးဆက်နဲ့တူနေပုံပဲ”
ကုယဲ့သည် ကျောက်ဖုန်းယွိမောင်းလာသော ပြိုင်ကားအား တစ်ချက်ကြည့်လိုက်ပြီး သူ၏မေးအား လှမ်းဆွဲလျက် အသံဩကြီးဖြင့် ပြောလိုက်လေသည်။
“မင်းပုံက ဒုတိယသူဌေးသားမျိုးဆက်နဲ့မတူဘဲ သူဌေးမကြီးအမ်းတာ ခံနေရတဲ့ ကောင်လေးနဲ့တူနေတာကိုး”
“မင်း အဲဒီလိုပြောလို့ရတယ်ပေါ့၊ အေးပါ ငါ့အလှည့်ရောက်ရင်တော့ မင်းသေပြီသာမှတ်”
ကျောက်ဖုန်းယွိသည် ကားတံခါးကို ဖွင့်လျက် ကုယဲ့အား ကားထဲသို့တွန်းထည့်လိုက်ပြီး “မင်းကို တစ်နေ့ကျ ငါပြန်ပေးဆွဲပြမယ်”
ကုယဲ့သည် ထိုင်ခုံနောက်ကျောကို လေးပင်စွာမှီလိုက်ပြီး ခံစားချက်မပါသော အသံဖြင့် စာဖတ်သကဲ့သို့ ပြောလေ ရာ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလေသည်။
“အား ကယ်ပါဦး ပြန်ပေးဆွဲပြီး ရိုက်နှက်နေလို့၊ ဒီကောင်က ကျွန်တော့်ကိုရိုက်တာ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ် သပ်ပြီး ကျိုးကြေကုန်ပြီ”
ကျောက်ဖုန်းယွိသည် မျက်နှာမဲ့ကာ “အဖေရယ် တော်ပါတော့”
ကုယဲ့သည် မျက်မှောင်ကျုံ့လျက် “ဟုတ်ပြီ သားကြီး”
ကျောက်ဖုန်းယွိသည် ကုယဲ့အား အမှန်တကယ်ရိုက်နှက်ပစ်ချင်သော်လည်း ဒီလိုအချိန်တိုင်း လည်ပင်းညှစ်ချင် နေသောအရာကပဲ သူတို့နှစ်ယောက်၏သူငယ်ချင်းဆက်ဆံရေးကို မြဲမြံစေတာ မဟုတ်ပါလား။
ကျောက်ဖုန်းယွိကားမောင်းနေတာကို ကြည့်လျက် ကုယဲ့သည် စိုးရိမ်တကြီးမေးလိုက်လေသည်။
“မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိလို့လား”
“အေးလေ ငါ့အသက် ၁၈ နှစ်ပြည့်တည်းက ယာဉ်မောင်းလိုင်စင်စာမေးပွဲတန်းဖြေခဲ့တာပဲ”
ကျောက်ဖုန်းယွိလည်း ဂုဏ်ယူစွာပြောလိုက်သည်။
ကုယဲ့သည် လက်ချောင်းလေးများလှုပ်လျက် တွက်ချက်ဟန်ပြုကာ ယနေ့အတွင်း သူတို့နှစ်ဦးကြား ဘာမှမဖြစ်နိုင် ဟု တွေ့တာကြောင့် “ဟုတ်ပြီလေ မင်းပဲမောင်းပါ”
ကျောက်ဖုန်းယွိသည် သူ့သူငယ်ချင်း၏အပြုအမူကြောင့် တွေးရခက်နေလေသည်။
ကျောက်ဖုန်းယွိ၏အိမ်ကိုရောက်သော် သူ၏မိဘများက ကုယဲ့အား ဝမ်းပန်းတသာကြိုဆိုကြလေရာ သူ့အား အသီး အနှံများ၊ အဆာပြေစားစရာများဖြင့် တည်ခင်းဧည့်ခံလေသည်။ ကျောက်ဖုန်းယွိမိဘများသည် ကုယဲ့အား ဖုန်းရွှေကြည့်ရန် ဖိတ်ခေါ်ခြင်းမဟုတ်သော်လည်း သူ့အား ဧည့်သည်အဖြစ် ဧည့်ခံရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေနေကြလေသည်။
ကုယဲ့သည် ရှက်ရွံ့ဟန်ဖြင့် “ဖုန်းရွှေအရင်ကြည့်ရအောင်လေ”
“ကြည့်မယ်လေ” ကျောက်ဖုန်းယွိအဖေသည် မတ်တပ်ရပ်လျက် “ဦိးလေးက မင်းကို လိုက်ပြပေးမယ်၊ မင်းအန်တီ ကို နေ့လည်စာချက်ထားပေးဖို့ ပြောလိုက်ဦး၊ ဖုန်းယွိက မင်းနဲ့အတူလိုက်ကြည့်ရင်း ဧည့်ခံပေးလိမ့်မယ်”
ကျောက်ဖုန်းယွိသည် ကုယဲ့အား သူတာဝန်ယူရမည့်သူအဖြစ် အကြောင်းပြချက်မဲ့စွာခံစားလိုက်ရပြီး သူ့အား ဤသို့ ကုမ္ပဏီအလုပ်များတွင် ကူညီသည့်အခါတိုင်း သူ့မိဘများမှ ဖုန်းဘေလ်အဖြစ်သာ ပေးလေ့ရှိကြသည်။
ကုယဲ့သည် ကျောက်ဖုန်းယွိ၏အိမ်အား အနည်းငယ်လှည့်ပတ်ကြည့်ရှုပြီးနောက် ပြုံးလျက်ပြောလိုက်သည်။
“ဒီအိမ်တော်ကို ဆောက်တဲ့အချိန်တုန်းက ဖုန်းရွှေဆရာကောင်းကောင်းတစ်ယောက် ရှိပေးခဲ့ပုံပဲ၊ ကျွန်တော့် အနေနဲ့တော့ ဘာမှပြောင်းစရာသိပ်မရှိပါဘူး၊ ကျောက်ဉက္ကဌရဲ့ ပြောပြချက်အရ တစ်ချက်ပဲရှိပါတယ်၊ ဖုန်းရွှေအရ ဆို အိမ်တော်ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့အပင်က အောင်မြင်ခြင်းနိမိတ်ပဲ၊ အဲဒီအပင်က အရာအားလုံးရဲ့အစ ပဲ၊ ဒါပေမဲ့ အဲ့အပင်က အိမ်ထက်တော့ ပိုမြင့်လို့မရဘူး၊ တကယ်လို့ အပင်က အိမ်ထက်မြင့်နေမယ်ဆိုရင် မိသားစု ထဲမှာရှိတဲ့ယောကျ်ားလေးတွေက မတော်တဆဖြစ်တတ်တယ်၊ ဒီအပင်က စိုက်တုန်းကတော့ နိမ့်တဲ့ပုံပါပဲ၊ ဒါပေမဲ့ အခုကျ အိမ်တော်ထက်ပိုမြင့်နေပြီ”
ကျောက်ရှီးဖုန့်သည် ဤကိစ္စသည် အမှန်ပင်ဖြစ်ကြောင်း ပြန်လည်သတိရသွားလေသည်။ ဤအိမ်တော်ကြီးကို ဆောက်စဉ်က သူ၏ယောက္ခထီးသည် ၎င်းအားကြည့်ရှုရန် ဖုန်းရွှေဆရာအား ဖိတ်ခေါ်ခဲ့ပြီး ထိုဖုန်းရွှေဆရာသည် ဒီအပင်ဟာ သိပ်မမြင့်လွန်းသင့်ကြောင်း ပြောခဲ့လေသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ အမှန် တကယ်ယုံကြည်မှုမရှိတော့ဘဲ မေ့လျော့နေလေသည်။ ယခု ကုယဲ့ပြောသောအခါမှ ထိုကိစ္စအား မှတ်မိသွားပြီး တစ်ဆက်တည်းမှာပင် ကျောက်ဖုန်းယွိ၏မတော်တဆမှုအား သတိရသွားလေသည်။ ထို့နောက် ထိုမတော်တဆမှု မှာလည်း ဤအပင်ကြောင့်ဖြစ်လိမ့်မည်ဟု သံသယဝင်လာလေသည်။
ကျောက်ဉက္ကဌသည် စိတ်မကောင်းဖြစ်သွားတာကြောင့် အိမ်တော်ထိန်းအား ထိုအပင်ကို ဖယ်ရှားပစ်ရန် ပြောလိုက် လေသည်။
“ဒီအပင်ကို ခုချက်ချင်းလာတူးပစ်ခိုင်းပြီးတော့ အပင်သေးသေးတစ်ပင်ကို ပြန်စိုက်ခိုင်းလိုက်”
ကုယဲ့သည် ပေါ့ပေါ့ပါးပါးပြုံးပြလျက် “စိတ်မပူပါနဲ့ နောက်မှအချိန်ရရင် တခြားတစ်ပင်ပြန်စိုက်လို့ရတာပဲ၊ ကိစ္စ မရှိပါဘူး၊ ဦးလေးနဲ့အန်တီတို့က ကောင်းမှုကုသိုလ်တွေ ခဏခဏလုပ်နေတာပဲ၊ နှစ်ယောက်လုံးက ကံကောင်းကြပါ တယ်၊ တစ်ခါတစ်လေတော့ ကိုယ့်ကံထက် ကိုယ်လုပ်တဲ့အလုပ်ကြောင့်ဖြစ်လာတဲ့ကံကိုလည်း ယုံကြည်တာ ပိုကောင်းတတ်တယ်၊ ကောင်းတဲ့အရာတွေကို လုပ်တဲ့သူတွေက ကံကောင်းတတ်ကြပါတယ်”
“ဟုတ်ပြီ ဟုတ်ပြီ ဦးလေးရေးထားလိုက်မယ်”
ကျောက်ရှီးဖုန့်သည် သူ၏အိတ်ကပ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော ဘဏ်ကဒ်ကို ပျော်ရွှင်စွာထုတ်ယူလိုက် လေသည်။
“ဒီတစ်သန်းက ဖုန်းရွှေအတွက်ပါ၊ မင်းကြည့်ပေးတော့မှပဲ ဦးလေးစိတ်သက်သာရာရတော့တယ်၊ မင်းရဲ့လုပ်ငန်းမှာ စည်းမျဉ်းတွေရှိမရှိ ဦးလေးမေးကြည့်တော့ မင်းက တကယ်လို့မိသားစုက ပျက်စီးနေရင် ဒါမှမဟုတ် တစ်ယောက် ယောက်သေဆုံးသွားတယ်ဆိုရင် ပိုက်ဆံမယူဘူးလို့ပြောတယ်၊ ဘာပဲဖြစ်ဖြစ်ပါ ဦးလေး မင်းကို စျေးကွက်ပေါက် စျေးထက်တော့ ပိုပေးနိုင်ပါတယ်”
ကုယဲ့သည် မျက်မှောင်ကျုံ့လျက် ဒီဈေးဟာ ပထမတန်းစားဆရာသခင်တွေသာ ရနိုင်တဲ့စျေးနှုန်းဆိုပေမဲ့ ဗေဒင်ဆရာတွေ ဉာဏ်ပူဇော်ကြေးယူတာနဲ့ပတ်သက်ပြီး ဆိုရိုးတစ်ခုရှိလေ၏။
ဗေဒင်ဆရာတွေဟာ ဉာဏ်ပူဇော်ကြေးယူတဲ့နေရာမှာ စည်းမျဉ်းသုံးခုရှိရာ ပထမစည်းမျဉ်းမှာ လူချမ်းသာတွေကို များများယူရပြီး ချို့တဲ့သူတွေကိုတော့ အနည်းငယ်သာယူရမည်။
အထူးအခြေအနေသုံးခုမှာလည်း ဉာဏ်ပူဇော်ခ လက်မခံရပေ။ ထိုအထူးအခြေအနေများမှာ သေဆုံးသွားသူထံမှ မယူရ။ အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသောသူများက ပိုက်ဆံရှာနိုင်စွမ်းမရှိတော့သောကြောင့်ဖြစ်သည်။ သဘာဝ ဘေးတစ်ခုခုကို ရှောင်လွှဲမရသူများထံမှ မယူရ။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူဟာ သေဆုံးခြင်းကို ရှောင် လွှဲနိုင်မှာမဟုတ်တာကြောင့်ဖြစ်သည်။ ဘဝမှာ ဘာကံကောင်းခြင်းမှမရှိသောသူများဆီမှ အခကြေးငွေ လက်ခံ ခြင်းမပြုရ။ ဤသည်မှာမူ တစ်ဖက်လူသည် ငြင်းပယ်မည်ဖြစ်သောကြောင့် ထိုသူထံမှ ငွေလက်ခံခြင်းသည် ကိုယ့်ရဲ့ ကောင်းမွန်သောကံကြမ္မာကိုပါ ပျက်စီးစေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။
သို့ရာတွင် ကုယဲ့သည် ထိုစည်းမျဉ်းများကို သိပ်လိုက်နာခြင်းမရှိ၊ သူ၏စိတ်ခံစားချက်အပေါ်တွင်သာ မူတည် ပေသည်။ သူစိတ်ပါပါက လက်ခံပြီး စိတ်မပါလျှင် လက်မခံတတ်ပေ။ ထို့အပြင် ပိုက်ဆံရပါက ပရဟိတအဖွဲ့များသို့ လှူလေ့ရှိသည်။ ထို့ကြောင့် ကုယဲ့သည် ကောင်းမှုကုသိုလ်များပြုလုပ်ရန် ပိုက်ဆံရှာခြင်းဖြစ်သည်။
ကျောက်ဉက္ကဌ၏စကားကို ကြားရသောအခါ ကုယဲ့သည် ငြင်းဆန်ခြင်းမပြုဘဲ ပြုံးလျှက် လှမ်းယူလိုက်ကာ “အဲဒါဆို ကျေးဇူးတင်ပါတယ် ဦးလေးကျောက်”
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...