အခန်း 19.1

2.7K 461 4
                                    


အခန်း ၁၉။ ဒီအစ်ကိုကြီးက အိမ်အရောက် ဝန်ဆောင်မှုလည်း ပေးတယ်။

ကုယဲ့ ကျောင်းပြန်တက်ပြီး သုံးရက်မြောက်နေ့တွင် ကျောက်ဖုန်းယွိသည် ကျောင်းသို့ ကောင်းမွန်ဖြတ်လတ်စွာ ပြန်ရောက်လာပြီး သူ့ဦးလေးလုပ်ခဲ့သမျှအကြောင်းများကို ကုယဲ့ထံသို့ ပေါက်ပေါက်ဖောက်တော့သည်။ "ငါ့ဦး‌ေလးက သဲလွန်စတွေအတွက် ကျေးဇူးတင်ပါတယ်တဲ့။ မင်းအပေါ်အကြွေးတင်သွားပြီပြောနေတယ်။ "

ကုယဲ့သည် အနည်းငယ်ပြုံးကာ "မင်းမိန်းမအတွက် အမှန်တရားကို ဖော်ထုတ်ပြီး တရားမျှတမှုရှာပေးတာ သူကိုယ်တိုင်ရဲ့ကုသိုလ်ပါ။ ငါက ဘာမှ မကူညီခဲ့ပါဘူး။ ပြီးတော့ သူက ငါတစ်ဖက်သတ် ပြောတဲ့ စကားကို ယုံပေးပြီးတော့ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ကို ကယ်‌ေပးခဲ့‌ေသးတယ်‌ေလ။ ငါကသာ သူ့ကို ကျေးဇူးတင်ရမှာပါ။"

ကျောက်ဖုန်းယွိသည် 'မိန်းမ' ဟူသော စကားကိုကြားသည်နှင့် ခေါင်းထိုးကိုက်လာသလို ခံစားလိုက်ရကာ "ငါမိန်းမ မလိုချင်တော့ပါဘူး။ ငါ့ကို ခွင့်လွှတ်ပေးပါ။"

ကုယဲ့လည်း ကျောက်ဖုန်းယွိအား စိတ်ပါလက်ပါ အားပေးလေသည်။ "ဒါဆို မင်းမိသားစုကောင်းကောင်းရှာပြီး သတို့သမီးအဖြစ် ခန်းဝင်လိုက်။ မဟုတ်ရင် မင်းတစ်သက်လုံး တစ်ယောက်ထဲ နေသွားရလိမ့်မယ်။"

ကျောက်ဖုန်ယွိသည် ကုယဲ့အား ကန်ကျောက် ရိုက်နှက်ချင်လာတော့သည်။ "မင်းငါ့ကိုယူချင်လို့လား။"

ကုယဲ့လည်း ရွံရှာနေသည့် မျက်နှာဖြင့် ထရပ်ပြီး လက်နှစ်ဘက်ဖြင့် ကြက်ခြေခတ်လုပ်ကာ "မင်းကရုပ်ဆိုးလွန်းတယ်။ မလိုဘူး ကျေးဇူးပဲ။"

ဆန့်ကျင်ဘက်အ‌ေနဖြင့်၊ ကျောက်ဖုန်းယွိသည် ရယ်ချင်သွားပြီး ကုယဲ့၏နောက်သို့ ရွှင်မြူးစွာ လိုက်သွားကာ "ကုယဲ့ မင်းဖုန်းရွှေ ကြည့်တတ်တယ် မလား။ ငါ့အိမ်ကို တစ်ချက်လောက် လိုက်ကြည့်ပေးဦး။"

ကုယဲ့လည်း မျက်ခုံးပင့်လိုက်ပြီး "မင်း အဖေနဲ့အမေက မေးခိုင်းလိုက်တာလား။"

"အေး။"

"ငါဒီတစ်ခါ ပိုက်ဆံယူမှာနော်။"

"ရစေရမယ်!"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now