အခန်း ၂၅. ယွိလူကြီးမင်း လာခဲ့ပါဦး #25
ကုယဲ့သည် အထက်လမ်းဆရာတစ်ယောက် ဖြစ်သော်လည်း ပရလောက စီမံရေးအဖွဲ့နှင့် အဆက်အဆံ မလုပ်ချင်ပေ။ ကုတဲ့ချန်းလည်း ထို့ အဖွဲ့အား မျက်မုန်းကျိုးေနပြီး "ခင်ဗျားတို့ဘာလုပ်လုပ် ကျုပ်ဂရုမစိုက်ဘူး၊ ကျုပ်သားက ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ် သားနဲ့ဝေးဝေးနေ"
ပရလောက စီမံရေးအဖွဲ့မှလူများသည် သူဌေးကြီး၏ ဒေါသအားမည်သို့တုံ့ပြန်ရမည်ကို မသိသောကြောင့် အနေထိုင်ခက်ကာရပ်နေကြသည်။
ကားပေါ်ရောက်သောအခါ၊ ကုတဲ့ချန်သည် ကုယဲ့ အား တင်းမာစွာပြောခဲ့သည်- "ပရလောက စီမံရေး အဖွဲ့အစည်းက အယူသီးတာတွေလုပ်တဲ့ တရားမဝင်အဖွဲ့အစည်းထင်တယ်။ မင်း တာအိုဘုန်းကြီးဖြစ်ရဲရင်ဖြစ်ကြည့်စမ်း ငါကိုယ်တိုင်မင်းခြေထောက်တွေကို ချိုးပစ်မယ်”"ဟုတ်ပါပြီ၊ အဖေ့စကားနားထောင်မှာပါ။" ကုယဲ့သည် ရိုသေစွာဖြင့် ကတိပေးလိုက်ပြီး သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ကာ လောလောဆယ်တွင် ရေပန်းအစားဆုံးဖြစ်သော ရှိုးပွဲကို ရှာနေခဲ့သည်။
ကုတဲ့ချန်သည် ကလေးကို ထပ်ရိုက်ချင်စိတ်ပေါ်လာကာ၊ "မင်း သားသမီးဝတ်တွေကို ဘယ်လိုကျက်ထားတာလဲ၊ ရွတ်ပြစမ်း။"
ကုယဲ့ သည်သက်ပြင်းချပြီး ဗီဒီယိုကို ပိတ်လိုက်လေသည် "မင်းမိဘတွေရဲ့စကားကို တုံ့ပြန်ဖို့ နှေးမနေပါနဲ့။ မင်းမိဘတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ မပျင်းပါနဲ့။ မင်းမိဘတွေရဲ့ ညွှန်ကြားချက်တွေကို ဂရုတစိုက် နားထောင်ပြီး မင်းမိဘတွေပေးတဲ့ တာဝန်တွေကို လိုက်နာရမယ်။ အဖေရယ် သားကိုသာပြောလိုက် သားဒူးထောက်ပြီး အဖေ ပြောတာတွေကို နားထောင်ပြီးသား ဖြစ်စေရမယ်။"
ကုတဲ့ချန် သည် "လီရှန်းခိုင်က အခွန်ရှောင်တယ်ဆိုတာ မင်းဘယ်လိုသိတာလဲ၊ အဲဒါကို တွက်ကြည့်လိုက်တာလား"
"ဗေဒင်ဟောတဲ့ အလုပ်ကဗျာ လျှို့ဝှက်ချက်တွေကို မြင်ပြီးရင်တောင် ကိုယ်ရေးကိုယ်တာထင်ကြေးတွေ ပါထပ်ထည့်ပေးရတယ်။""မင်း ဦးနှောက်ကို အသုံးမဝင်တဲ့နေရာတွေမှာ သုံးမနေနဲ့"
"ဟုတ်။"
YOU ARE READING
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...