အခန်း ၃၁၊ မင်္ဂလာပါ၊ အကိုတစ္ဆေစစ်သူကြီး! အပိုင်း-၁
ယွိဇယ်ပြောသည်ကို ကြားလိုက်ရသောအခါ ကုယဲ့က ကုလားထိုင်ပေါ်တွင် အတောင့်သားဖြစ်သွားသည်။ ပန်းချီကားကိုလှမ်းယူရန် ကြံနေသော သူ့လက်များကလည်း တုန့်ဆိုင်းသွားပြီး သူ့မျက်နှာတွင်လည်း အံ့အားသင့်နေတဲ့ အမူအရာဖြစ်ပေါ်လာ၏။ သူ့လက်ချောင်းများသည်လည်း အနည်းငယ် တုန်လှုပ်နေရင်းမှ သူမေးလိုက်မိသည်။
"အဲ့ဒါဆို ဒါက အကြီးအကဲယွိ ရဲ့ လက်ရာမဟုတ်ဘူးပေါ့"ယွိဇယ်က ကုလားထိုင်ကို လက်တစ်ဖက်ဖြင့် တည်ငြိမ်အောင်ထိန်းပေးလိုက်ပြီး
"သူပြောနေတဲ့ ရတနာဆိုတာ ဒါပဲလေ။ တစ်ခါက သူ့မွေးနေ့မှာ ကိုယ်က လက်ဆောင်ပြင်ဆင်ဖို့ မေ့သွားတာနဲ့ အလောတကြီးဆွဲပေးလိုက်ရတာ။ ဒါကိုပဲ အဖေက တယုတယနဲ့ ရတနာတစ်ခုလို ချိတ်ဆွဲထားတော့တာပဲ "ကုယဲ့ အံ့သြသွားရသည်။ ယွိဇယ် ပုံကောင်းကောင်းဆွဲနိုင်သည်ကား သူ့အဖေဆီက လွှမ်းမိုးခံရတာဖြစ်မည်။ အေးဆေးတည်ငြိမ်သော ယွိဇယ်သည် ဆယ့်ခြောက်နှစ်သားအရွယ်တွင် ထိုသို့သောစိတ်ထားမျိုးရှိမည်ကို သူတကယ်ပဲ တွေးကြည့်လို့မရနိုင်ပေ။ ဒီလူရဲ့ အသွင်အပြင်ကြောင့် တကယ်ကို လှည့်စားခံရသလိုပဲ...
"ဒါဆို... ခုနက ပြောတဲ့စကားကို ထည့်မတွက်တော့ဘူးနော်"
သူပြောမိလိုက်တာကို ပြန်တွေးမိရင်း ကုယဲ့က မြန်မြန်ပြန်ရှင်းပြလိုက်သည်။"ဒါတွေအားလုံးကို အကြီးအကဲယွိ ဆွဲထားတာတွေလို့ ကျွန်တော်ထင်ထားတာ"
ယွိဇယ်၏ မျက်လုံးများ မည်းမှောင်သွားပြီး ပေါ့ပေါ့ပါးပါး မေးလာသည်။
"ဘယ်စကားလဲ"ကုယဲ့ နှစ်ကြိမ်ခန့် ရယ်လိုက်မိသည်။ အဲ့ဒီစကားက ယွိဇယ်ပြောတဲ့ သူချစ်မိသွားပြီလို့ ပြောခဲ့တဲ့စကားတွေဆိုတာကို သူ ယွိဇယ်ကို ပြန်မပြောပြနိုင်ပေ။ ယွိဇယ်ရဲ့ အမူအရာကိုကြည့်ရတာတော့ လုံးဝဂရုမစိုက်သလိုပင်။ ကုယဲ့ ချက်ခြင်းသက်သာရာရသွားမိသည်။ သာမန်ယောက်ျားတွေက ဒီလောက် အထိမခံမဖြစ်ပါဘူးလေ။ သူက ပန်းချီကားကို ဖြုတ်လိုက်ပြီး အခြားအကြောင်းအရာတစ်ခုဆီသို့ တိုက်ရိုက်ပြောင်းကာ ပြောလိုက်သည်။

ESTÁS LEYENDO
ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ်
HumorEnglish name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြေေပြာပြရင်ေတာင်မှ မမှတ်မိနိုင်၊ အနိုင်ကျင့်ခံရလျှင်တောင် ပြန်မတိုင်ရဲ၊ လူကုံထံအသိုင်းဝိုင်း၏ ရှက်စ...