အခန်း 3.2

2.8K 469 29
                                    

ကုမ္ပဏီသို့‌ရောက်သော် ကုတဲ့ချန်သည် သူ၏ အတွင်းရေးမှူးကိုခေါ်လိုက်ပြီး မြေပုံကိုညွှန်ပြကာ မေးလေသည်။ "လီရှန်းခိုင်လိုချင်နေတာ ဒီမြေ‌ေတွမလား။"

"ဟုတ်ကဲ့ပါ ဥက္ကဠကု ၊ သူက ကုန်သွယ်လမ်းဖောက်ချင်နေတာပါ။ "

ကုတဲ့ချန်သည် အသံနက်ကြီးဖြင့် "ကောင်းပြီလေ၊ ငါ ဒီမြေကို လိုချင်တယ်။ ရသမျှအဆက်အသွယ်တွေသုံးပြီး ရအောင်ယူလာခဲ့။ ပြီးတော့ သူစီစဉ်နေတဲ့ ရွှေလမ်းဆိုလား ဘာဆိုလားကိုလည်း စုံစမ်းလာခဲ့ချေ။"

ထိုအခါ အတွင်းရေးမှူးသည် မသိသလိုဖြင့် မေးလေသည်။  "ဥက္ကဠကု၊ ဒါက........"

"ငါ သူ့မိသားစု တစ်ခုလုံး ဆန်ပြုတ်တောင် ဝယ်မသောက်နိုင်တဲ့အထိ မွဲသွားအောင် လုပ်ပစ်မယ်။"

ထို့နောက် ကုတဲ့ချန်သည် ထိုစီမံကိန်းမြေနေရာများကို ကြည့်ရှုရင်း ထိုအစိုးရအဆောက်အဦးဘေးရှိ မြေကွက်အား လေလံတင်ရောင်းချသည့်‌ေန့တွင် သူ့ဇနီးနှင့် ဟုယွိတို့သည် ညစာအတူစားကြပြီး အိမ်ပြန်ခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ သို့သော်လည်း သူတို့နှစ်ဦးသည်လမ်းတွင် မတော်တဆမှုတစ်ခုကြုံခဲ့ရပြီး သူမ၏ အခြေအနေကို စစ်ဆေးရန်အတွက် ဆေးရုံသို့အမြန်ပို့ပေးခဲ့သည်။ ထို့နောက် လေလံပွဲသို့ အမြန်ပြန်သွားခဲ့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီး မြေနေရာကောင်းမှာ လီရှန်းခိုင်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ယခု ပြန်တွေးကြည့်သောအခါ ထိုမတော်တဆမှုသည်လည်း တစ်ဖက်လူမှ စီစဉ်ထားခြင်း ဖြစ်နိုင်သည်ဟု ကုတဲ့ချန် တွေးမိသွားပြီး သူ၏ မျက်နှာ အမူအယာမှာလည်း ပို၍ အေးစက်လာလေသည်။ ''ဒီတစ်ခါတော့ နံပါတ်သုံးလေး ကယ်ပေလို့။' 

ထိုအချိန်၌ တတိယသခင်လေးသည် အိမ်တွင် ဖုန်းရွှေပြန်ညှိရန် အလုပ်သမားများကို ညွှန်ကြားနေလေသည်။ ထို့နောက် လှပစွာ ၀တ်စားထားသော ကုကတော်သည် အနီရောင် ဂါဝန်တိုလေးကို ဝတ်ဆင်ကာ အိတ်တစ်လုံးကို ကိုင်ဆောင်လျက် ထွက်လာ‌ေလသည်။

ကုယန်သည် သူမ၏ ပုံစံကိုကြည့်ပြီး ကြက်သီးထသွားလေသည်။" အမေ၊ မချမ်းဘူးလား။"

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now