အခန်း 27.2

2.6K 424 9
                                    

ထိုအခင်းအကျင်းတွင် အစိမ်းရောင်မီး‌ေတာက်သည် တိတ်တဆိတ် ထွန်းလင်းလာသည်။ အမိန့်နှင့် ငြင်းဆန်လိုမှုကြား အားပြိုင်မှုတချို့ ဖြစ်သွားခဲ့ပြီး ခဏအကြာတွင် အနီရောင်သတို့သမီးဝတ်စုံ ဝတ်ဆင်ထားသော တစ္ဆေသတို့သမီးလေးသည် စက်ဝိုင်းထဲတွင် တိတ်တဆိတ် ပေါ်လာသည်။

ကုယဲ့၏နောက်တွင်ရပ်နေသော လျို့ချောင်သည် အံ့အားသင့်စွာဖြင့် ပြေးလာသည်။ ထိုအချိန်တွင် တစ္ဆေသတို့သမီးက ခေါင်းကို မော့လိုက်လေသည်။ သူမ၏ မျက်လုံးများသည် နီရဲနေပြီး သူမရှေ့ရှိ‌ေနသည့်လူတိုင်းကို အမုန်းအာဃာတများဖြင့် ပြည့်နှက်နေသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ အထူးသဖြင့် လျို့ချောင်၏ အမှတ်တရပုံတူကို မြင်ပြီးနောက် သူမ၏မင်္ဂလာဝတ်စုံသည် သွေးစွန်းနေသကဲ့သို့ သွေးနီရောင်ဘက်သို့ တမဟုတ်ချင်းပြောင်းသွားသည်။ သွေးမြူလွှာတစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ လျို့ချောင် သည် ချက်ချင်းပင် ခုန်ထွက်လိုက်လေသည်။

"ဆွေဆွေ"
လျို့ချောင်သည် တုန်လှုပ်ချောက်ချားစွာဖြင့် အငြိုးစွမ်းအားပြင်းထန်လှသော တစ္ဆေမိန်းကလေးကို ကြည့်လိုက်သည်။
"အဲ့တာ ဆွေဆွေမလား။ ဆွေဆွေ မင်းဘယ်လို ဖြစ်ရတာလဲ။" 

သူ့ချစ်သူကိုမြင်လိုက်ရသောအခါ လျို့ချောင်သည် အန္တရာယ်ကိုပင် လျစ်လျူရှုလိုက်ပြီး ရှေ့သို့လှမ်းတိုးလိုက်သည်။ ထို့နောက် စိတ်မချမ်းမြေ့စွာဖြင့် "ဆွေဆွေ၊ ငါ လျို့ချောင် ပါ။ ဆွေဆွေ၊ ငါ့ကိုကြည့်ပါဦး!"

လျို့ချောင် ၏ခေါ်သံကိုကြားသောအခါ တစ္ဆေသတို့သမီးသည် နီစွေးနေသည့် မျက်လုံးအစုံနှင့် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ လျို့ချောင် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် ခဏတာ အေးခဲသွားသည်။ ထို့နောက်တွင် သူမသည် အနီရောင်မြှားတစ်စင်းကဲ့သို့ ပြေးလာပြီး လျို့ချောင် ကို ပွေ့ဖက်လိုက်သည်။ သူမက အော်ခေါ်လိုက်သည် " လျို့ချောင်! "

ကုယဲ့သည် တစ္ဆေမိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီ‌ေရာင်အခိုးအငွေ့များ တဖြည်းဖြည်း မှိန်ဖျော့သွားသည်ကို ကြည့်နေသည်။ လျို့ချောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ရောင်ဝါသည်လည်း မှိန်ဖျော့သွားသဖြင့် နောက်ဆုံးတွင် သူ သက်ပြင်းချလိုက်သည်။ လျို့ချောင်သည် သူလိုချင်တာကို မရသည့်အတွက် နာကြည်းမှုများအပြည့်ဖြင့် သေဆုံးသွားသော်လည်း အမှောင်ဘက်ခြမ်းသို့ရောက်ရန် အနည်းငယ် လှုံ့ဆော်ဖို့လို‌ေသး‌ေလသည်။ သို့သော်၊ ဤတစ္ဆေမိန်းကလေးသည် သူမ၏ဖခင်အရင်းမှ သူစိမ်းတစ်ဦးထံ ရောင်းစားခံခဲ့ရသောကြောင့် သူမ၏ခန္ဓာကိုယ်တွင် မကျေနပ်ချက် အမုန်းတရား အာဃာတများသည် လျို့ချောင်ထက်ပင် ပို၍များပြားနေသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Tempat cerita menjadi hidup. Temukan sekarang