အခန်း 27.1

2.5K 414 6
                                    

အခန်း ၂၇ သတို့သမီးလုပွဲ

သရဲတစ္ဆေဘဝသို့ အသစ်စက်စက်ရောက်လာသည့် ထိုသူမှာ အန်တီကြီးများပြောနေကြသည့် သားဖြစ်သူ လျို့ချောင် ဖြစ်သည်မှာ သေချာလေသည်။  ကုယဲ့က ထိုသရဲ နောက်သို့ထပ်ကြပ်မကွာ လိုက်လာခဲ့ပြီးနောက် ရွာနောက်ဘက်ရှိတောင်ပေါ် သို့ ရောက်ရှိလာခဲ့သည်။ “လျို့ချောင်၊ အခု ထွက်ခဲ့။ မင်းမိန်းမကို မတွေ့ချင်ဘူးလား၊ ကျုပ် ခင်ဗျား ကို ကူညီပေးနိုင်တယ်”

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုနေရာမှ သရဲတစ္ဆေတစ်ကောင်တစ်မြီးမျှ ထွက်ပေါ်လာခြင်း မရှိပေ။ ထိုအခါ ကုယဲ့ က
“ခင်ဗျား ထွက်မလာရင် ခင်ဗျားမိန်းမရဲ့မင်္ဂလာပွဲက နောက်နာရီဝက်လောက်ဆို ပြီးသွားမှာနော်။ အဲ့ဒီအချိန်ကြမှ ခင်ဗျားကိုဘယ်သူမှ မကူညီနိုင်တော့ဘူး”

“မင်းကဘယ်သူလဲ၊ မင်းငါ့ကိုမြင်ရလား”
နောက်ဆုံးတွင် လျို့ချောင်ဟုယူဆရသော တစ္ဆေသည် ၎င်း၏ ပုန်းခိုရာနေရာမှ လွင့်ပျံလာပြီး ကုယဲ့အား ပေစောင်းစောင်းဖြင့် ကြည့်နေသည်။

“ကျုပ်က ကုယဲ့၊ ခင်ဗျားရဲ့ အိမ်ရှေ့အိမ်မှာ နေခဲ့တာလေ”

ကုယဲ့သည် ထို တစ္ဆေအား ခြုံငုံကြည့်လိုက်သည်။ လျို့ချောင်၏ မျက်လုံးများသည် နီရဲနေပြီး၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် သရဲတစ္ဆေရောင်ဝါသည် သာမာန်တစ္ဆေအသစ်နှင့်မတူဘဲ အာဃတပြင်းထန်‌ နေသည် ။ လျို့ချောင် သည် အညိုးအတေးကြီးသော သရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ကုယဲ့ တွက်ချက်ကြည့်မိသည်အရ လျို့ချောင်၏ တစ္ဆေရောင်ဝါ လုံးဝမည်းနက်သွားသည်နှင့် အပြစ်မဲ့သူများစွာ သေဆုံးရလိမ့်မည်။ သို့သော်လည်း သူ၏ဇနီးသည်မှာ သူကိုယ်တိုင်ထက်ပင် တစ္ဆေရောင်ဝါ ပြင်းထန်နေပြီး ပုန်းကွယ်နေသည့် တကယ့်ဘော့စ်ပင်ဖြစ်သည်။

လျို့ချောင်က ကုယဲ့ကို ဆန်းစစ်လိုက်ပြီး
“မင်းက ဗေဒင်ဆရာ ကုယဲ့လား”

ထိုအခါကုယဲ့က “မင်းပြောတဲ့ ကုယဲ့က ငါ့ ဆရာတူအစ်ကိုကြီးပဲ။ ဒါပေမယ့် ငါကလည်း ကုယဲ့ပဲ”
ထိုစကားကိုကြားတော့ လျို့ချောင်သည်အနည်းငယ် စိတ်ရှုပ်သွားသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now