အခန်း 24.2

2.9K 520 15
                                    

စီးပွားရေးလောကမှာတော့ ကြီးစဉ်ငယ်လိုက်သည် ငွေကြေးအင်အားပေါ်မူတည်လေရာ ပိုက်ဆံပိုရှိသူက ခေါင်း ဆောင်ဖြစ်မြဲဖြစ်လေသည်။ ကုတဲ့ချန်ဘယ်သွားသွား မျက်နှာချိုသွေး၍ မြှောက်ပင့်တတ်သူများရှိကြငည်။ တစ်စုံတစ်ယောက်အား ရိုသေလေးစားမှုကိုဖော်ပြရတာ သိပ်မခဲယဉ်းပေမယ့် အကယ်၍ ထိုသူက တစ်ယောက် ယောက်နဲ့ပြဿနာတက်လျှင်တော့ လူတွေအားလုံးက ထိုသူအား ဝိုင်းဝန်းပစ်ပယ်ကြပေလိမ့်မည်။

သက်လတ်ပိုင်းအရွယ်ရှိသော လုပ်ငန်းရှင်တစ်ဦးသည် ဝိုင်ခွက်ကို ကိုင်ကာ ကုတဲ့ချန်နှင့် စကားစမြည်ပြောရန် ရောက်ရှိလာသည်။
“ကုဉက္ကဌက အရည်အချင်းရှိရုံတင်မကဘူး နည်းပြကောင်းတစ်ယောက်လည်းဖြစ်ပုံပဲနော်၊ အကြီးဆုံးသားနှစ် ယောက်ကလည်း တော်လိုက်တာမှ ပြောစရာကိုမလိုဘူး၊ တတိယသားကလည်း အခုလက်ရှိကျောင်းမှာ အဆင့် တွေကောင်းတယ်ကြားတယ်၊ ပြီးတော့ လူတွေအများကြီးကို ကယ်တင်နိုင်တဲ့ စွမ်းအားကြီးတဲ့သခင်လေး တစ်ယောက်လည်း ရှိသေးတယ်တဲ့”

ကုတဲ့ချန်သည် အခြားသူများမှ သူ့သားများအား ချီးမွမ်းသည်ကို သဘောကျလေရာ ဤနေရာ၌ စကားစမြည် ပြော၍ အရက်သောက်ဖို့ကို သဘောကျလေသည်။ ထိုသို့စကားလက်ဆုံကျနေစဉ်မှာ လှောင်ပြောင်လိုသော အသံ တစ်ခုမှ မေးလိုက်လေသည်။
“မကောင်းတဲ့သူတွေဆီက ကာကွယ်နိုင်အောင် တတိယသခင်လေးကို တွက်ပေးခိုင်းလို့ရလား”

ကုတဲ့ချန်သည် ထိုသူဟာ လိရှန့်ကိုင်ဖြစ်ကြောင်း နောက်လှည့်မကြည့်စရာမလိုဘဲ သိလေသည်။ ယခုအချိန်မှာ လိမိသားစုဟာ ကုတဲ့ချန်၏လက်ချက်ဖြင့် ဘာမှမရှိတော့‌အောင် ဆင်းရဲမွဲတေသွားပြီဖြစ်ရာ ဘယ်က သတ္တိတွေရလာလို့ ယခုကဲ့သို့ သူ့ကို လာလှောင်ပြောင်နေရမှန်းမသိပေ။ ကုတဲ့ချန်သည် အေးစက်သောဟန်ပန်ဖြင့် အောင်နိုင်သူကဲ့သို့ ခပ်ကြွားကြွားပြောလိုက်လေသည်။

“မင်း မကောင်းတဲ့သူလက်ထဲက ကာကွယ်ချင်တယ်ဆိုရင် အပြင်သွားရင် မင်းမျက်နှာကို အုပ်ထားလိုက်”
အစကတော့ လိရှန့်ကိုင်သည် ကုတဲ့ချန်၏စကားကို နားမလည်ပေ။ သို့သော် ကုတဲ့ချန်ဘေးကလူက ကျယ်လောင် စွာရယ်မောလိုက်တော့မှ ကုတဲ့ချန်ဆိုလိုသော မကောင်းတဲ့သူက သူ့ကိုပြောတာဖြစ်ကြောင်း သဘောပေါက် သွားလေ ရာ သူအပြင်သွားရင် သူ့မျက်နှာကိုအုပ်ထားမှ တခြားသူတွေက သူ့ကိုရှောင်နိုင်မှာဖြစ်ကြောင်း နားလည်သွား သည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now