အခန်း 2.1

3.6K 502 10
                                    

အခန်း ၂။ ငါဒီကောင်စုတ်‌လေးကို သည်းမခံနိုင်တော့ဘူး။

ကုကတော်တကယ်ကို ဒေါသထွက်နေတော့သည်။ 'သူ့ကြီးတော်ကို ကိုကြီးနဲ့ကိုလတ်ထက် သာတာလား ။ ဒီအရွယ်မှာဆိုရင် အကြီးဆုံးသားနဲ့ ဒုတိယသားက ဂုဏ်ပြုလက်မှတ်တွေ၊ ဆုဖလားတွေ၊ ပညာသင်ဆုတွေ အိမ်အတွက် ယူလာနေပြီ။ နံပါတ်သုံးကျ ဘယ်မလဲ။ ကျေးဇူးတင်ပါတယ်‌တွေရေးထားတဲ့ တံခွန်‌တွေပဲ သယ်လာပေးမလို့လား။'

"နတ်ဆရာလေး လူ့ပြည်ကိုသက်ဆင်းလာပြီး လက်ဖြောက်တစ်ချက်ဖြင့် အကျွန်ုပ်တို့မိသားစုကို ကယ်တင်ပေးခဲ့ပါသည်။ လောင်ဝမ်ရွာမှ ကျွန်ုပ်ဝမ်ထိုက်ကျူ ဤနေရာမှ ဒူးထောက်ကာ ကျေးဇူးတင်အပ်ပါသည်။"

"ပင်လယ်သကဲ့သို့ နက်ရှိုင်းလှသည့် စိတ်အားထက်သန်မှုများဖြင့် ကျွန်ုပ်တို့သာမန်လူများ၏ သောကကိုကင်းဝေးစေပြီး အများအတွက် ဝန်ဆောင်မှုအပြည့်အ၀ပေးခဲ့ပါသည်။ ကျွန်ုပ်၏ ၁၈နှစ်ကြာမပျောက်ကင်းနိုင်ခဲ့သော သရဲမုတ်ဆိတ်မွှေး ဦးခေါင်း ( alopecia ) ကို ကုသပေးခဲ့ပါသော နတ်ဆရာလေးကို ကျေးဇူးတင်အပ်ပါသည်။" လီရွာမှ လီအာ့ချန်

"လူထုအကျိုးကိုဆောင်ပြီး သမာဓိတည်ဆောက်ကာ၊ ပိုမိုကောင်းမွန်သည့်လူ့အဖွဲ့အစည်းကို အတူတူတည်ဆောက်ကြပါစို့။ ကျွန်ုပ်အဖိုး၏အုတ်ဂူဟောင်းကို ရှာ‌ပေးခဲ့ပါသော ဆရာကြီးကုကို ကျေးဇူးတင်အပ်ပါတယ်။" လျှိုမိသားစုကုန်စုံဆိုင်မှ လျှိုဖုကွေ

"ကပ်ဘေးဟူသည် ညှာတာမှုမရှိ၊ လူတို့တွင်မူ သနားညှာတာတတ်သော စိတ်နှလုံးသားရှိကြသည်။ နှလုံးသားမှ ကူညီခြင်းသည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးလေသည်။ နှစ်ပေါင်းအတော်ကြာ တစ်ခုလတ်ဖြစ်နေရရှာသော ကျွန်ုပ်၏ချွေးမကောင်း‌လေးအတွက် သင့်တော်သည့်လက်တွဲ‌ေဖာ် ရှာဖွေပေးခဲ့ပါသော နတ်ဆရာလေးအား ကျေးဇူးတင်အပ်ပါသည်။"

ညီအစ်ကိုနှစ်ဦးသားသည် ခပ်သွက်သွက်သိမ်းနေကြပြီး မကြာခင်အတွင်း နံရံပေါ်မှတံခွန်တံတိုင်းကြီးတစ်ခုလုံးကို ဖယ်ရှားပြီးဖြစ်သည်။ ထိုအရာများကို ခပ်မြန်မြန်လိပ်ပြီး ကျောင်းလွယ်အိတ်ထဲသို့ ထိုးထည့်လိုက်ကြသည်မှာ ကုကတော်ခမျာ တားချိန်ပင်မရလိုက်ချေ။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now