အခန်း 4.2

2.9K 457 3
                                    

နောက်နေ့မနက်စောစောမှာတော့ ကုကတော်သည် ခါတိုင်းနှင့်မတူဘဲ အဝါရောင်ဝတ်စုံကို ဝတ်ထားပြီး ခေါက်ဆွဲပန်းကန်နှစ်လုံးကိုကိုင်၍ မီးဖိုခန်းထဲမှ လှပစွာထွက်လာလေသည်။ ညီအစ်ကိုနှစ်ယောက်ဆင်းလာတာကို တွေ့သောအခါ နူးညံ့စွာပြောလိုက်သည်။
“တစ်ယောက်ကို ခေါက်ဆွဲတစ်ပန်းကန်စီနဲ့ ကြက်ဉနှစ်လုံးနော်၊ စာမေးပွဲမှာ ဘာသာတိုင်း အမှတ် ၁၀၀ ရ‌အောင် လုပ်ဖို့မမေ့ကြနဲ့”
ထိုအခါ ကုယဲ့မှ “အမေ ခေါက်ဆွဲတွေ ကြက်ဉတွေ ဘယ်လောက်စားစား စာမေးပွဲမှာတော့ အမှတ် ၁၀၀ ရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အမှတ် ၁၀၀ ရတယ်ဆိုတာ IQ နဲ့လည်းဆိုင်သေးတယ်”
“တော်တော့” ကုကတော်မှ ပြောလိုက်သည်။
ကုယဲ့ ထိုင်ပြီးနောက် ကုယန်၏ပန်းကန်ကိုလှမ်းကြည့်ပြီး “အမေ့ ညီလေးပန်းကန်ထဲက ကြက်ဥက သားဟာထက် ပိုကြီးတယ်ထင်တယ်နော်”
ကုကတော်ဟာ မျက်နှာမဲ့ရွဲ့လျက် “အဓိပ္ပါယ်မရှိတာ ဒီတစ်ခါကြက်ဉလေးလုံးလုံးက အကုန် အတူတူချည်းပဲ”
အဲ့ဒီတော့မှ ကုယန်သည် စိတ်ကျေနပ်သွားဟန်နဲ့ “သား မှားတာပဲ ေနမှာပါ”
ကုကတော် “...”
“‌ကောင်စုတ်လေး မြန်မြန်လုပ်ပြီး ကျောင်းကလူတွေကို ဒုက္ခသွားပေးတော့”
အိမ်ကမထွက်ခင်မှာ ကုယဲ့သည် တံခါးဝမှာရှိတဲ့ ခြင်္သေ့ရုပ်နှစ်ရုပ်၏ပါးစပ်အတွင်းသို့ အင်းစာရွက်ကို ထိုးထည့်ကာ ကုကတော်၏မျှော်လင့်နေသောမျက်လုံးများအောက်တွင် ပြုံးလျက် ကားအတွင်းသို့ ဝင်သွားလေသည်။
ကုယဲ့သည် အထက်တန်းကျောင်းတတိယနှစ်ကျောင်းသားဖြစ်ပြီး ကုယန်မှာ ပထမနှစ်ကျောင်းသားဖြစ်ကြသည်။ ညီအစ်ကိုနှစ်ယောက်သည် ကျောင်းတူသော်လည်း ကျောင်းဝန်းချင်းမတူကြပေ။ ထို့ကြောင့် ကုယန်သည် ကျောင်း၏ မြောက်ဘက်ဂိတ်တွင် ဆင်းလိုက်ပြီး ၎င်း၏သူငယ်ချင်းကောင်းတစ်ယောက်နှင့် အချိန်မီတွေ့လိုက် တာကြောင့် သေတ္တာကိုဆွဲလျက် ကြိုးမှလွတ်သည့်ခွေးအလား ပျော်ရွှင်မြူးထူးစွာ ပြေးထွက်သွားလေသည်။
ကုယဲ့ ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး ကျောင်းကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေ အနည်းငယ်မှေးသွား ၏။  ကျောင်းတံခါးမဝင်ခင်မှာပဲ ယင်နဲ့ယန်ပဋိပက္ခတစ်ခုကို ခံစားလိုက်ရတာကြောင့် ဖြစ်သည်။ စာသင်ကျောင်း များကို ယခင်တည်းက ယင်ဓာတ်များသောနေရာများတွင် ဆောက်လုပ်လေ့ရှိကြပြီး ကျောင်းသားများ၏ ယန်ဓာတ်ကိုတော့ မကောင်းဆိုးဝါးများကို နှိမ်နင်းရန်အတွက် အသုံးပြုလေ့ရှိတာကြောင့် အချို့သော ယင်ဓာတ်များ ရှိနေခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် ယင်ဓာတ်သည် ပုံမှန်မဟုတ်သည်မှာ သိသာ ထင်ရှားနေပြီး နာကျည်းချက်များနှင့် မကောင်းသောနတ်ဆိုးများ ဖုံးကွယ်နေဟန်ရှိသည်။
ကားဆရာသည် ကျောင်း၏မြောက်ဘက်ဂိတ်တံခါးတွင် ကားကိုရပ်လိုက်ပြီး ကုယဲ့၏ပစ္စည်းများကို ကူညီ၍ ချပေးလေသည်။
“တတိယသခင်လေး ကျွန်တော် ပစ္စည်းတွေကို လုံခြုံရေးအခန်းထဲမှာ ထားလိုက်မယ်နော်၊ သခင်လေး နေ့လည် ထမင်းစားပြီးရင် ဒါတွေကို အဆောင်ပြန်ယူသွားဖို့ မမေ့ပါနဲ့ဦးနော်”
ကုယဲ့က ပြုံးလျက် “ကောင်းပြီ အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကားဆရာဦးလေးသည် ကုယဲ့က သူ့ကို ဒီလိုတောက်တောက်ပပပြုံးပြလိမ့်မယ်လို့ မထင်တာကြောင့် ခေတ္တခဏ ဆွံ့အသွားလေသည်။ တောက်ပတဲ့နေရောင်အောက်မှာ လူငယ်လေးတစ်ယောက်၏နှုတ်ခမ်းစွန်းလေးတွေက ကွေးတက်နေပြီး သူ၏လှပသောမျက်ဝန်းလေးတွေကလည်း လခြမ်းသဏ္ဍန်ကွေးညွတ်နေကာ ရှည်လျားလှတဲ့ မျက်တောင်လေးတွေဟာလည်း ယပ်တောင်လေးများသဖွယ် ၎င်း၏လှပသော မျက်နှာပေါ်တွင် အရိပ်ကျလျက်ရှိ နေသည်။ ထို့အပြင် နီရဲသောနှုတ်ခမ်းလေးများနှင့် သွားဖြူဖြူလေးတွေပါ ထပ်မံပေါင်းစပ်နေခြင်းက ၎င်းကို အလွန်အမင်းကြည့်ကောင်းနေစေ‌သည်။
သူ့အပြုံးကြောင့် ကားသမားဦးလေးသည် ကုယဲ့အား ဝမ်းသာအားရ လက်ဝှေ့ယမ်းပြရင်း “တတိယသခင်လေး ဆက်လုပ်ပါ”
ကုယဲ့ခေါင်းငြိမ့်ပြလိုက်ပြီး ကျောပိုးအိတ်လွယ်လျက် ကျောင်းအတွင်းသို့ ဝင်သွားလေသည်။ အမှန်တကယ်မှာမူ ကုယဲ့၏ရင်ထဲတွင် ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေရသည်။ သူသည် ဘဝအသစ်တစ်ခုတွင် ထပ်မံဝင်စားခဲ့ရပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း ထပ်မံဖြေဆိုရဦီးမည်။ ဘဝကြီးက ခက်ခဲလိုက်တာ။
ကုယဲ့ကျောင်းထဲသို့ ရောက်ရောက်ချင်း စာသင်ဆောင်၏ တတိယထပ်စင်္ကြံရှိ ပြတင်းပေါက်ဘေးတွင် ရပ်လိုက်ရာ ဂိတ်တံခါးဝမှာ ရပ်ကြည့်နေကြသည့် ကျောင်းသားများက သူ့ကိုမြင်သွားကြလေသည်။
“အစ်ကိုကြီးကို မြန်မြန်ပြောလိုက်၊ ဒီမှာ ရူးကြောင်ကြောင်သခင်လေး ရောက်နေပြီလို့”
“သူက သူ့အဖေကိုတောင် ပြန်တိုင်လိုက်သေးတယ်၊ အစ်ကိုကြီးက ဒီဆောင်းရာသီအားလပ်ရက်မှာ အကျယ်ချုပ် ခံထားရတာဆိုတော့ ဒီကောင်တော်တော်တော့စွမ်းသားပဲ”
“အစ်ကိုကြီးက သူ့ကို သေချာပေါက်ရှင်း၊ ပြီးတော့ သူလည်း စကားနားထောင်လာလိမ့်မယ်ဆိုတာ ငါပြောရဲတယ်”
ချန်ကျန်းဟာ သူ့ညီလေးရဲ့စကားအဆုံးမှာ နှုတ်ခမ်းစွန်းများတွန့်လျက် ဒေါသတကြီးပြောလိုက်လေသည်။
“သေစမ်း ဒီ‌ငကြောက်က ဒီကိုလာရဲသေးတယ်ပေါ့”
ချန်ကျန်းသည် အ.လ.က (၅)တွင် အမြဲအနိုင်ကျင့်လေ့ရှိသူတစ်ယောက်ဖြစ်လေသည်။ အ.လ.က (၅)သည် ၎င်း၏ကျောင်းဝင်ကြေးမြင့်မားမှုကြောင့် တစ်မြို့လုံးတွင် နာမည်ကြီးကျောင်းဖြစ်သော်လည်း အရည်အချင်း မပြည့်သော ကျောင်းသားများရှိနေဆဲဖြစ်သည်။ ချန်ကျန်းကတော့ အဆိုပါကျောင်းသားများ၏ ခေါင်းဆောင် ဖြစ်သည်။ ချန်ကျန်းသည် ရန်ဖြစ်၊ ဆေးလိပ်သောက်၊ အရက်သောက်၊ ရည်းစားထား စသဖြင့် စာကလွဲ၍ ကျန်တာ အကုန် သူနှင့်ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်လေသည်။
သူသည် ချမ်းသာသောမိသားစုမှ ဆင်းသက်လာပြီး မြို့ခံလည်းဖြစ်တာကြောင့် သာမန်ကျောင်းသားများမှာမူ သူ့အား သွားမထိရဲပေ။ ကုယဲ့ကဲ့သို့ သူဌေးသားများကသာ သူ့အား ယှဉ်ပြိုင်၍ အနိုင်ယူနိုင်လေသည်။ နှစ်ဝက်ခန့် ခြိမ်းခြောက်ငွေညှစ်ခံရပြီးတဲ့နောက်မှာတော့ ကုယဲ့သည် ဘာမှပြန်မပြောရဲဘဲ သူ၏မိသားစုမှာလည်း သူအရိုက် ခံရမှသာ သတိထားမိကြလေသည်။
ကုတဲ့ချန်သည် ‌ဒေါသထွက်သွားတာကြောင့် ချန်ကျန်း၏မိသားစုနဲ့ပြောဆိုပြီးနောက်မှာတော့ ချန်ကျန်းဟာ ဒီဆောင်းရာသီပိတ်ရက်တစ်ခုလုံး ပိတ်လှောင်ခံခဲ့ရသည်။ ထို့ကြောင့် ယခု ကုယဲ့ရောက်လာချိန်မှာ ချန်ကျန်း ဒေါသထွက်နေခြင်းဖြစ်သည်။
အတန်းအတွင်းရှိ ကျောင်းသားများသည် ချန်ကျန်း၏စကားသံကြောင့် ကုယဲ့ကို ကိုယ်ချင်းစာ၍ သနားသွားကြ လေသည်။ ချန်ကျန်းက ကုယဲ့ကို လွန်စွာမုန်းတီးနေတာကြောင့် ကုယဲ့ဟာ ဒီတစ်ခါမှာတော့ ဒုက္ခရောက်တော့မည်ဟု တွေးတော၍ သနားနေကြသည်။
ကုယဲ့မှာမူ ၎င်းအဖြစ်အပျက်ကို သိပ်မမှတ်မိတာကြောင့် စာသင်ခန်း အခန်း(၆) အတွင်းသို့ ဝင်လာခဲ့လေသည်။ အခန်းအတွင်းသို့ရောက်သည်နှင့် လူထွားကြီး ခြောက်ယောက်မှ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ဘာတွေဖြစ်နေ တာလဲဟု သဘောမပေါက်ခင်မှာပင် အရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်က သူ့အား ကော်လံမှ ကိုင်၍ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
“ကုယဲ့ မင်းဘယ်လိုလုပ် ပြန်ပြီးတိုင်ရဲတာလဲ၊ ဒီဒုတိယစာသင်နှစ်ဝက်အတွင်း မင်းဆီမှာ ဘာတွေကြုံလာရမလဲ ဆိုတာ မစဉ်းစားမိဘူးလား”
ချန်ကျန်းသည် ကုယဲ့ကို အိမ်သာအတွင်းသို့ ဆွဲခေါ်သွားပြီး နံရံဘက်သို့ ဆောင့်တွန်းလိုက်သည်။ သူသည် ကုယဲ့ထက် ခေါင်းတဝက်စာလောက် အရပ်ပိုရှည်တာကြောင့် ကြမ်းတမ်းခက်ထန်ပြီး ကြောက်စရာကောင်းနေ လေသည်။ သူနဲ့ အတူလိုက်လာတဲ့ကျောင်းသားမှာလည်း အရပ်သိပ်မပုဘဲ တုတ်ခိုင်သန်မာတဲ့ခန္ဓာကိုယ်ရှိ တာကြောင့် ကြောက်မက်ဖွယ်ကောင်းနေသည်။
ကုယဲ့သည် ၎င်းဟာ ကျောင်းမှာအနိုင်ကျင့်ခံရတာကို အခုမှသတိရလာပြီး ရုတ်တရက်ပျော်ရွှင်သွားလေသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now