အခန်း 22.2

2.5K 492 12
                                    


“အမှန်ပဲ”
ဟန်စစ်ဝမ်က ဒေါသတကြီးဖြင့်
“ဒီလိုလူလိမ်မျိုး တွေကို ဖမ်းဆီးပြီး ပညာပေးသင့်တယ်!”

စကားပြောနေရင်းနှင့်ပင် အရှေ့အပြင်ဘက် ကွေ့ပတ်လမ်းကို ရောက်သွားသည်။ ထိုစဉ် ယာဉ်မောင်းက အတည်ပြုချက်လှမ်းတောင်းသည်
“ဒါဆို ညီမ လမ်းလွှဲချင်သေးလား”

သူမတို့သည် ဆေးရုံရောက်ခါနီးနေပြီမို့ ဟန်စစ်ဝမ် က ခဏမျှ တုံ့ဆိုင်းသွားသည်။ သို့သော်သူမသည် စိတ်‌ေလျာ့လိုက်ပုံရပြီး
“ထားလိုက်ပါ၊ ကျွန်မ အ‌မေ့စကားနားထောင်ပြီး လမ်းလွှဲလိုက်မယ်။ မဟုတ်ရင်သိသွားပြီး ပြဿနာရှာပြန်ဦးမယ် ” ဟုပြောလိုက်သည်။

ဒရိုင်ဘာသည်လည်း ပျော်ရွှင်သွားလေသည်။ ဘာလို့ဆို လမ်းလွှဲမှ‌သွားရသောကြောင့် နောက်ထပ်ယွမ်၂၀၀ ဝင်တော့မည်လေ။

သို့နှင့် တက္ကစီသမားသည် လမ်းလွှဲမောင်းလာခဲ့ရာ သူတို့ထွက်ခွာခဲ့‌ေသာ နောက်လမ်းကြောဘက်မှ  ဝင်တိုက်သံတစ်ခုနှင့်ပေါက်ကွဲသံကိုကြားလိုက်ရသည်။ ယာဉ်မောင်းသူသည် နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်လိုက်ပြီး သူ၏မျက်နှာသည်လည်း ကြောက်လန့်တကြား ဖြူဖျော့သွားကာ “အမလေး ဘုရားရေ…”

ဟန်စစ်ဝမ်လည်း သူတို့၏အနောက်ဘက်မှ အသံဗလံများကြောင့် အနောက်ကို လှည့်ကြည့်မိလိုက်သည်။ သူမသည် ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး အေးစက်သွားသည်။ သူတို့ ယခင်သွားရန်ရွေးချယ်ထားသည့်လမ်းတွင် ဆီတင်ကားတစ်စီးက လမ်းဘေးခြံစည်းရိုးကို ဝင်တိုက်မိပြီး ကုန်တင်ကားရှေ့က မီးလောင်နေပြီဖြစ်သည်။ ယာဉ်မောင်းနှစ်ဦးသည် ထရပ်ကားပေါ်မှ ခုန်ဆင်းကာ မီးသတ်ဆေးဘူးကို အရူးအမူးဖြန်း‌ နေခဲ့ကြသည်။

အကယ်၍ဒီအတိုင်းသာ အရင်လမ်းကို လမ်းမလွှဲဘဲ သွားလိုက်မိမည်ဆိုပါက ထိုထရပ်ကားနှင့် မလွဲမသွေ ဝင်တိုက်မိလိမ့်မည်ဟု တွေးမိကြ‌ေလသည်။ ထိုသို့ဆိုလျှင် ကားတိုက်ခံရပြီးနောက် ၎င်းတို့၏ အခြေအနေကို မပြောပါနှင့်၊ သူတို့ကားလည်း မီးစွဲလျှင် ဆီတိုင်ကီသို့ အမြန်ကူးသွားမည်ဖြစ်သည်။ ထိုလူတွေလည်း မီးငြိမ်းဖို့ အချိန်အများကြီး ရှိမည်မဟုတ်ပေ။
သူတို့နှစ်ဦးစလုံး ၅ မိနစ်လောက် စကားမပြောနိုင်ပင်ဖြစ်သွားခဲ့ကြသည်။

ဒုက္ခိတတောင်မှ ထရပ်တဲ့အထိ လိမ်ပြမယ် Where stories live. Discover now