အပိုင်း (50.1)

1K 135 2
                                    

(50. 1)

ဆိုင်မှာ ပြင်ဆင်ထားတဲ့ အစား အစာတွေ ရောင်းထွက် သွားတဲ့ အချိန်မှာ ကျိုးကောအာ က ကျောက်ချင် ကို ဆက်ပြီးတော့ အလုပ်မလုပ် ခိုင်းတော့ ပါပေ။ ပစ္စည်းတွေ ကို သူပဲ သိမ်းဆည်းကာ တစ်ဆိုင် လုံးကိုပဲ သူ တစ်ယောက် ထည်း သန့်ရှင်းရေး လုပ်လိုက် လေတယ်။

'' အကိုကျောက် ၊ အကို ဒဏ်ရာ ရထားတယ် ဆိုတာကို ငါ သိလို့ ဒဏ်ကျေ လိမ်းဆေးရည် ဝယ်လာ ခဲ့ သေးတယ်။ အဲ့တာ ကို အကို့ အတွက် ငါ လိမ်းပေးမယ်နော် ''

ကျောက်ချင် က အရမ်းကို ပျော်သွား တော့လေတယ်။

သူက သူ့ရဲ့ အပေါ်ဝတ် ကို ချွတ် လိုက်တယ်။ ပြီးတော့ ရန်ဖြစ်တုံး က ရလာခဲ့တဲ့ နောက်ကျော နဲ့ လက်မောင်းက ဒဏ်ရာ တွေကို ဖော်ပြ လိုက်လေတယ်။

ဒဏ်ရာတွေက ခရမ်းရောင် ပြောင်းနေ ပြီ ဆိုတာ ကို တွေ့တော့ ကျိုးကောအာ တစ်ယောက် အသက်ကို ပြင်းပြင်း ရှုရှိုက် မိလိုက် လေတယ်။ နောက်တော့ သူ့ရဲ့ လက်ဖဝါး ထဲကို ဆေးအဆီ လောင်းထည့်ကာ ဒဏ်ရာ တစ်ဝိုက် ကို အသာအယာ လိမ်းကျံ နှိပ်နယ် ပေးခဲ့ လေတယ်။

သမားတော် ပြောတာ ကတော့ ဒဏ်ရာ အပေါ်ကို ဖိပြီးတော့ လိမ်းပေးတာ က ပိုပြီး အကျိုး သက်ရောက်မှု ရှိပါတယ်တဲ့လေ။

ဒါပေမယ့် ကျိုးကောအာ က သူ့ အသက်ရှု မှု ကိုတောင် ထိန်းထားကာ အားတွေ အများကြီးတောင် မသုံးရဲ ပါပေ။

ကျောက်ချင် က အိပ်ယာ ပေါ် လှဲနေ ပြီးတော့ သူ့နောက်ကျော ကနေ ပြီးတော့ ပွတ်သပ် နေတဲ့ လက်ဝါး နူးနူးအိအိ လေးကို ခံစားနေခဲ့ လေတယ်။

နာကျင် ရမယ့် အစား သူက ပိုလို့တောင် အနည်းငယ် လောက် ပိုပြီး သက်တောင့် သက်သာ ဖြစ်တယ်လို့ ခံစား နေခဲ့ ရတယ်လေ။

ကျိုးကောအာ က အကုန် လိမ်းပေး ပြီး သွားတော့ မှပဲ တင်းထားတဲ့ စိတ်ကို လျော့ကာ သက်ပြင်းချ လိုက်တော့ လေတယ်။

'' အကိုကျောက် ၊ အဲ့တာ  က အဆင်ပြေ ရဲ့လား ''

ဘယ်လို ပဲ ဖြစ်ပါစေ အိပ်ယာ ပေါ်က လူကတော့ လှုပ်ရှားမှု ကင်းမဲ့ နေဆဲ ပါပေ။

တံငါသည် (BL) Opowieści tętniące życiem. Odkryj je teraz