CHAPTER (77)
လျန်ကျိုးခံတပ်အနီး လေ့ကျင့်ရေးကွင်းပြင်တွင် ကျန့်ရွှမ်နှင့် တပ်သားအသစ်နှစ်ဦးတို့ မတ်တပ်ရပ်နေကြသည်။ ရှောင်ကျွယ် ရောက်ရှိလာသောအခါ ရှန်ဟန်အလျင်အမြန် ရှေ့ထွက်နှုတ်ဆက်လိုက်သည်။
"တပ်မှူး"
"အဲဒီလူကို ရှာတွေ့ပြီလို့ ကြားပါတယ်"
ရှိန်ဟန် မေးလိုက်သည်။
"လျန်ပင်း သူ့ကို စောင့်ကြည့်နေတယ်"
ရှန်ဟန် စိတ်ပေါ့ပါးစွာ သက်ပြင်းချမိခဲ့သည်။ သံသယဝင်ခံနေရသူ ဟယ်ယန် ရုတ်ချည်း ပျောက်ဆုံးသွားသဖြင့် ရည်ရွယ်ချက်ရှိရှိ ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်ခဲ့သည်။ တစ်ခါတရံ သံသယရှိသူများကို တစ်ဦးချင်းစီ အနီးကပ် စောင့်ကြည့်ခြင်းက ပို၍လုံခြုံနေတတ်၏။ သို့သော် ယခုအခါ ပြန်လည်ရှာတွေ့ခဲ့၍ အခြားကိစ္စတစ်ခုထံ အာရုံစိုက်ခဲ့ရတော့မည်ပင်။
"ကျန့်ရွှမ်ပြောတာက ဟယ်ယန် သူ့ဘာသာသူ တောင်ရိုးဖြတ်သွားပြီး ရှိန်ဟန်ကတော့ ကျန့်ရွှမ်တို့ကို ကယ်ဖို့သွားခဲ့တယ်လို့ ပြောတယ် တပ်မှူး ဘယ်လိုထင်မိသလဲ"
ရှန်ဟန် မေးလိုက်သည်။
"ကျန့်ရွှမ် လိမ်နေတာ"
ရှောင်ကျွယ် ပြုလိုက်သည့်မှတ်ချက်ကြောင့် ရှန်ဟန် ဆွံ့အသွားခဲ့သည်။
"တောင်ရိုးလမ်းတလျှောက် မြင်းတစ်ကောင်နဲ့အထက် သွားထားတဲ့ ခြေရာတွေခဲ့ပြီး လမ်းမှာ ဝံပုလွေသားပေါက်လေး တစ်ကောင် သေနေတာလည်း တွေ့ခဲ့တယ်"
ရှောင်ကျွယ် အသက်ခဏရှူပြီး ဆက်ရှင်းပြခဲ့သည်။
"ဟယ်ယန် တကယ်ပဲ တစ်ယောက်ယောက်ကို ကယ်ဖို့သွားခဲ့တာ"
ရှန်ဟန့်အမူအရာ မရွှင်မပျဖြစ်သွားသည်။
"ဒါဖြင့် ဒီအဖြစ်ပျက်မှာ ကျန့်ရွှမ်အဖွဲ့က အကျင့်တန်တန် ပြုမှုခဲ့တာပေါ့"
ထိုကဲ့သို့ တပ်သားမျိုးသည် မည်မျှပင် စွမ်းရည်ပြည့်ဝနေပါစေ တိုက်ပွဲအတွင်း အလွယ်တကူ ဘက်ပြောင်းတတ်၏။ တပ်သားများကို ရန်သူ့ဓားအောက်၌ ကျရှုံးခံနိုင်သော်လည်း ရဲဘော်များ၏ လျှို့ဝှက်မြှားချက်အောက်၌ အဆုံးမခံနိုင်ပေ။