Part 72

537 79 0
                                    


CHAPTER (72)

ထောင်ချောက်အတွင်း လူငယ်တစ်ယောက် ကျောက်နံရံကို မှီထိုင်နေပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ပေကျံနေလျက် ကိုယ်တစ်ပိုင်းကို ဝံပုလွေအသေကောင်အောက် ထိုးလျှိုထိုင်နေသည်။ ဒဏ်ရာဒဏ်ချက်များဖြင့် မြင်ရသည်မှာ စိတ်မကောင်းဖွယ်အတိ ဖြစ်နေသော်လည်း ဗရမ်းဗတာများကြား၌ပင် အချစ်နှင့်အလှကိစ္စကို ချင့်ချိန်စဉ်းစားရန် အချိန်ရှိနေသေး၏။ အလွန်အမင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသော်လည်း ပျော်ရွှင်ခြင်း အရိပ်အယောင်တို့ ပျောက်ဆုံးနေသည့် ကောင်လေး၏ ကြည်လင်တောက်ပနေသော မျက်လုံးတစ်စုံသို့ ရှောင်ကျွယ် ငေးကြည့်နေသည်။ စဉ်းစားခြင်းမရှိဘဲ ဟယ်ယန်မှ ကောက်ခါငင်ခါ မေးလိုက်သည်။

"တပ်မှူးရှောင် ခင်ဗျား ဒီကို ဘယ်လို ရောက်လာတာလဲ"

ယခုအချိန်၌ မည်သူမျှ မလာတော့လောက်ပြီဟု ထင်မှတ်ထားခဲ့သည်။ ပြန်ပြောင်း ဆင်ခြင်သုံးသပ်ချက်အရ ကျန့်ရွှမ်မှ မိမိအဖို့ အကူအညီ ရှာပေးနိုင်ချေ အလွန်နည်းပါးလှကြောင်း သတိရမိသည်။ ရှိန်ဟန်မူ အကြောက်တရား ကြီးတတ်သည့် သဘာဝကြောင့် အနည်းငယ်မျှ ခြိမ်းခြောက်ရုံဖြင့် အသေးစိတ် ထုတ်ဖော် မပြောစေရန် နှုတ်ပိတ်ထားနိုင်၏။ လက်ရှိ လက်ခံခဲ့ရသည့် အခြေအနေ များဖြင့် မိမိကိုယ်ကိုယ်ကိုယ်သာ အားကိုးနိုင်မည် ဖြစ်သည်။ မူလ၌ ထောင်ချောက်အတွင်း နေ့တစ်ဝက်ခန့် နေခဲ့ပြီး ကိုယ်ပေါ်မှ သွေးများ ခြောက်စေလျက် ကျင်းမှ ပြန်ကုတ်တက်ရန်အတွက် လက်ကျန်ခွန်အားများ ပြန်လည်စုစည်းမည်ဟု စီစဉ်ထားခဲ့သည်။ တစ်စုံတစ်ယောက် လာရောက်ကယ်ရန် မမျှော်လင့်ထားခဲ့လျက် ရှောင်ကျွယ်ဆိုပါက ဝေးစွ။ ရှောင်ကျွယ် မေးခွန်းကို ပြန်မဖြေဘဲ ဟယ်ယန့်ကို ပြန်မေးလိုက်သည်။

"မင်းဟာမင်း တက်လာနိုင်သလား"

ဟယ်ယန်မှ

"မတတ်နိုင်ဘူး"

ထောင်ချောက်ကျင်းအား အရိုင်းသ‌ဘော တည်ဆောက်ထားပြီး မတ်လွန်းနေခဲ့သည်။ ထို့အပြင် ခြေထောက်ဒဏ်ရာကြောင့် တွယ်တက်ရန်လည်း အလုံအလောက် အားမစိုက်ထုတ်နိုင်ပေ။ ရှောင်ကျွယ် တစ်ချက်ငဲ့ကြည့်ပြီး လှည့်ထွက်သွားခဲ့ပြီး ဟယ်ယန် ‌ဇဝေဇဝါဖြင့် ကျန်ရစ်နေခဲ့သည်။ ဘာများလုပ်နေပါလိမ့်။ ထိုကဲ့သို့ ထွက်သွားခဲ့သလော။ သို့သော် ခဏမျှကြာပြီးနောက် လက်အတွင်း တစ်ခုခုကိုင်လျက် ပြန်ရောက်လာခဲ့သည်။ ဟယ်ယန် ထိုအရာကို အသေအချာ စိုက်ကြည့်သောအခါ ဝံပုလွေနှင့် တိုက်ခိုက်ခဲ့စဉ် နှစ်ပိုင်းကျိုးထွက်သွားသည့် ဝါးရင်းတုတ်အကျိုး ဖြစ်နေသည်ကို သတိထားမိသည်။ နှစ်ပိုင်းကျိုး နေသော်လည်း ကျင်းအဝမှ အောက်သို့ နှိမ့်ချပေးသောအခါ လှမ်းဖမ်းဆွဲနိုင်လောက်ရန် အလုံအလောက် ရှည်လျားနေ၏။ ရှောင်ကျွယ် ကျင်းနှုတ်ခမ်းဝ၌ ဒူးတစ်ဖက်ထောက်ထိုင်၍ ဝါးတုတ်အကျိုးကို ကမ်းပေးလျက်

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးDove le storie prendono vita. Scoprilo ora