CHAPTER (76)
လက်ကိုင်းပါအိုးလေးတစ်စုံကို ဟယ်ယန် ငိုင်ကြည့်နေလျက် အသံတစ်သံမှ သူ့ကို ပစ္စုပ္ပန်သို့ ပြန်ခေါ်လိုက်သည်။
"ဘယ်လိုသုံးရမလဲ မသိဘူးလား"
ကြည့်လိုက်သောအခါ နက်ပြာရောင်ဝတ်ရုံဝတ်လူငယ်လေးသည် သူ့ကုတင်နံဘေးရှိ ခွေးခြေပု၌ထိုင်နှင့်နေပြီး သူ့လက်အတွင်းမှ လက်ကိုင်းပါအိုးလေးကို လှမ်းယူလိုက်သည်။ လက်ကိုင်းပါအိုးလေးသည် လျှို့ဝှက်တည်ဆောက်ပုံတစ်ခုပါရှိပြီး အတွင်း၌ အရက်နှစ်မျိုး သိုလှောင်နိုင်၍ အဆိပ်ခတ်ရာ၌ မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်သည်။ ထိုသူမှ အဝတ်ဖြူတစ်စယူလိုက်ပြီး ပထမတစ်မျိုးအနည်းငယ်မှောက်ထည့်ပြီး ထို့နောက် နောက်တစ်မျိုးအနည်းငယ်လောင်းထည့်လိုက်သည်။ ဦးစွာထွက်ကျလာသောအရည်သည် ဆေးရည်ဖြစ်ပြီး ၎င်းအနောက်မှ ဆေးမှုန့်များလောင်းကျလာခဲ့သည်။ အိုးလေးလက်ကိုင်ဘေး၌ ဇွန်းအသေးလေးတစ်ချောင်းမြှုပ်နေပြီး ရှောင်ကျွယ် ထိုဇွန်းကိုထုတ်၍ ဆေးနှစ်မျိုးကို ဖြည်းညှင်းစွာ သမအောင်မွှေလိုက်သည်။
ကိုယ့်အလုပ်ပေါ် အာရုံစူးစိုက်ထားသဖြင့် မျက်တောင်ရှည်များဆင်းကျလျက် ထိုသူ၏ ဘေးတိုက်မျက်နှာပုံရိပ်သည် ခံ့ညားဖမ်းစားနိုင်လှသည်။ ငယ်ရွယ်ကြော့ရှင်းမှု တစ်စွန်းတစ်စသယ်ဆောင်ထားလျက် ငေးကြည့်နေသူကို လက်ရှိတွင် လျန်ကျိုးခံတပ်အတွင်း၌ရှိနေသည်ကို မေ့လျော့နေစေပြီး မိုင်ထောင်ချီအဝေး၌ရှိသည့် ရှန်းချန်ကျောင်းတော်သို့ ပြန်ရောက်သွားစေခဲ့သလိုပင်။ အတွေးတွင်းမြောနေခဲ့စဉ် အဝတ်စပေါ်၌ ဆေးထည့်စပ်နှင့်ခဲ့ပြီးဖြစ်သဖြင့် ၎င်းအဝတ်စကို သူ့ထံကမ်းပေးလာသည်။ အလွန်အေးစက်သော လေသံဖြင့်
"မင်းဟာမင်းထည့်"
"အို့"
ဟယ်ယန် အဝတ်ကို အလိုက်တသိလက်ခံယူလျက် တီးတိုးရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျုပ်ကို ကူညီပေးဖို့ မမျှော်လင့်ခဲ့ဘူး"
ထိုစကားကြားပြီး သရော်ပြုံးတစ်ခု ပြုံးလုနီးနီးဖြင့် စိုက်ကြည့်ကာ