Part 79

607 56 0
                                    


CHAPTER (79)

ထိုအချိန်ရှောင်ကျွယ်မှ နန်ဖူတပ်သားများကို ဦးဆောင်သွားခဲ့စဉ် ဒုတိယရှောင်သခင်လေးသည် လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝကြောင်း အများသူငှာ သိထားခဲ့ကြသော်လည်း သူသည် ငယ်ရွယ်လွန်းလျက် လေးလံသည့် တာဝန်များကို မထမ်းရွက်နိုင်ခဲ့သေးပေ။ တစ်ဖက်၌ ကျိုးနော်သည်လည်း ကျင်းတျို့အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ဆဲဖြစ်သည်။ ကာမရာဂစိတ်နှင့် လောဘကြီးသူဖြစ်ပြီး အရည်အချင်းမဲ့သူလည်း ဖြစ်၏။ ကျင်းတျို့သို့ ရှောင်ကျွယ်ရောက်ရှိလာသောအခါ၌ ကျိုးနော်မှ ကောင်းကောင်းမွန်မွန်မဆက်ဆံခဲ့ပေ။ မကြာခဏ သိမ်ငယ်စေ၍ လှောင်ပြောင်သရော်ခဲ့ပြီး အတိုင်းအထက်အလွန် မလေးမစားအပြုအမှုတို့ကို ပြသခဲ့သည်။

ထို့အပြင် ဤသည်မှာ လုပ်ရပ်အကုန် မဟုတ်ခဲ့သေး၊ ကျင်းတျို့တိုက်ပွဲကာလများအတွင်း ရှောင်ကျွယ်မှ တပ်သားများကို တိုက်ပွဲသို့ ဦးဆောင်ခေါ်‌ယူသွားခဲ့စဉ် ကျိုးနော်သည် နောက်ကွယ်၌ ၎င်း၏ကိုယ်ပိုင်ဘဝထိန်းသိမ်းနိုင်ရေးကို ပိုမိုစိုးရိမ်၍ မသင့်မလျော်သောအမိန့်များပြုလုပ်ခဲ့ပြီး တိုက်ပွဲဗျူဟာကို နှောင့်နှေးစေခဲ့ကာ ရလဒ်အနေဖြင့် တပ်သားများစွာ၏အသက်များ မတရားသဖြင့် ဆုံးရှုံးခဲ့ရသည်။ ထိုသူ၏ရဲတင်းလှသော အပြုအမူကိုမြင်ပြီး ရှောင်ကျွယ်မှ ၎င်းကိုဥပဒေအရ ဖမ်းဆီးချုပ်နှောင်၍ ခေါ်ဆောင်သွားခဲ့သည်။

ကျိုးနော်၏ဖခင်သည် ကျင်းတျို့၌ စစ်ရေးအမတ်ကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်သည်။ ကနဦး၌ ထိုပုဂ္ဂိုလ်မှ သူ့ကိုယ်စား အခြားလူများကို ကြားဝင်ဖြေရှင်းစေခဲ့၏။ ရှောင်ကျွယ်အား ၎င်းတို့စေရာအောက် ဦးညွှတ်ဝင်ရောက်‌စေရန်အလိုငှာ ဖိအားပေးရန်ကြိုးစားအားထုတ်ခဲ့ပြီး မက်လုံးများ၊ ခြိမ်းခြောက်စာများအသုံးပြုခဲ့ကြသည့် အထက်တန်းအရာရှိများနှင့် မင်းစိုးမျိုးနွယ်များ ပုံအောလို့နေခဲ့၏။ သို့သော်လည်း ထိုအရာများအား ရှောင်ကျွယ်၏ မြို့တော်ရှိမိသားစုအထောက်အပံ့ ချို့တဲ့မှုကြောင့်ဟု မှတ်ယူခြင်းဖြင့် အလုံးစုံပြီးစီးသွားခဲ့သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now