Part 71

768 100 0
                                    


CHAPTER (71)

ရှိန်ဟန်နှင့် စကားပြောနေသည့် နည်းပြလျန်ကို ဝမ်ပါးမြင်ခဲ့ပြီး ၎င်းတို့ဘေး၌ ကျန့်ရွှမ်နှင့် ကျန်တပ်သားနှစ်ဦးတို့ ရပ်နေကြသည်။ ရှန့်ဟန်မျက်နှာ အလွန်အမင်း မသာမယာ ဖြစ်နေပြီး "အမိန့်နာမခံခြင်း၊" "တောင်ရိုးဖြတ်ခြင်း" စသည့် စကားလုံးများကို ခပ်ဝါးဝါး ကြားလိုက်ရသည်။

၎င်းတို့ထံသို့ လူတစ်ဦး အလောတကြီး ရောက်ရှိလာချိန်၌ ကျန့်ရွှမ် စကားပြောလက်စ ဖြစ်နေသည်။ မတုံ့ပြန်နိုင်ခဲ့မီ မြေပေါ်သို့ လဲကျသွားစေနိုင်ခဲ့သည့် အရှိန်ပြင်းသော လက်သီးတစ်ချက် ၎င်း မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။

"ဝမ်ပါး မင်းရူးသွားပြီလား"

နည်းပြလျန် တမဟုတ်ချင်း သတိဝင်လာပြီး ဝမ်ပါးကို ဆက်လက် မထိုးနှက်စေရန် အချိန်မီဝင်တားလိုက်သည်။

"နည်းပြလျန် ခင်ဗျားကို ဟယ်ယန်က အမိန့်မနာခံဘဲ တောင်ရိုးဖြတ်သွားပြီး ပြန်‌မရောက်လာသေးဘူးလို့ ဒီကောင်ပြောသလား"

ဝမ်ပါး အသက်ပင်မရှူဘဲ တောက်လျောက် ပြောလိုက်သည်။ ရှိန်ဟန်နှင့် နည်းပြလျန်တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ဝမ်ပါးမှ မြေပေါ်၌ လဲကျနေသည့် ကျန့်ရွှမ်ကို စိုက်ကြည့်လျက်

"အရှက်မရှိတဲ့ ခွေးသူတောင်းစား ကျန့်ရွှမ် ဘယ်သူ မင်းကို ကယ်ခဲ့သလဲ မင်းပြောရဲသလား မင်းကသာ တောင်ရိုးဖြတ်သွားခဲ့လို့ ဝံပုလွေ အဝိုင်းခံခဲ့ရတဲ့ကောင် မင်းကို ဟယ်ယန်သာ မကယ်ပေးခဲ့ရင် မင်း ဘယ်လို လွတ်လာနိုင်ခဲ့မလဲ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ မင်းက ထွက်ပြေးခဲ့ရုံတင်မက ဟယ်ယန့်ကိုပါ နာမည်ဖျက်သေးတယ် မင်း လူရော ဟုတ်ရဲ့လား"

ကျန့်ရွှမ်မျက်နှာ ဖြူရော်သွေးဆုပ်သွားပြီး အထိုးခံခဲ့ရသည့်နှုတ်ခမ်းမှ သွေးများစီးကျလာသည်။ သွေးစကို လက်ဖမိုးဖြင့် ပွတ်သုတ်၍ မတ်တပ်ရပ်ပြီး

"နည်းပြ ဒီလူရဲ့အဓိပ္ပာယ်မရှိတဲ့ စကားကို မယုံနဲ့ ဟယ်ယန့် သူ့ဘာသာသူ တောင်ရိုးဖြတ်သွားတာ ကျုပ်ကို မယုံရင် ဒီလူနှစ်ယောက်ကိုမေးကြည့်"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now