CHAPTER (75)
ငယ်ရွယ်စဉ်မှ ဟယ်ယန်သည် လက်ရှိဟယ်ယန်ကဲ့သို့ ပါးနပ်လိမ္မာခြင်း မရှိခဲ့ပေ။ ယခင်မိမိငယ်ဘဝကို လက်ရှိအမြင်ဖြင့်သာ ကြည့်ရသော် ယခင်ဟယ်ယန်လေးသည် အလွန်ထုံပြီး မထူးခြားသူတစ်ဦး ဖြစ်၏။ ထိုအချိန်မှ သူ၏စာပေပညာနှင့် ကိုယ်ခံပညာရပ်တို့သည် အထင်ကြီးစရာ မကောင်းခဲ့လျက် လက်ရှိချန်လီစုကဲ့သို့ အနေအထားမျိုးနှင့် ဆင်တူနေသည်။ "အသုံးမကျသည့် သခင်လေး" အဖြစ် သတ်မှတ်နိုင်ခဲ့သော်လည်း ချန်လီစုကဲ့သို့ မိမိကို ကာကွယ်ပေးမည့် ဩဇာရှိ ဦးရီးတော်တစ်ဦးတော့ မရှိခဲ့ပေ။ ဟယ်အိမ်တော် နောက်ခံသည်လည်း ရှန်းချန်စာသင်ကျောင်း၌ ထင်ရှားခြင်း မရှိခဲ့ပေ။ ရလဒ်အနေဖြင့် ချန်လီစုကဲ့သို့ နှစ်သက်ခြင်းမခံခဲ့ရပေ။
ထိုသာမက တစ်ချိန်ကုန် မျက်နှာဖုံးတပ်ထားရသဖြင့် လူကြားထဲ ကြောင်တိကြောင်တောင် ထင်းထွက်နေခဲ့သည်။ လျှို့ဝှက်ဆန်သော အပြုအမူများကြောင့် မိမိသရုပ်မှန် မပေါ်ပေါက်စေရန် အခြားယောက်ျားလေးများနှင့် ဆက်ဆံခြင်းမှ ရှောင်ဖယ်နေခဲ့ရသည်။ အဆုံးသတ်အဖြစ် ရှန်းချန်စာသင်ကျောင်းရှိ အခြားကျောင်းသားများထံ၌ အပယ်ခံခဲ့ရသည်။ ၎င်းတို့၏ဟယ်ယန့်အပေါ် ဆန့်ကျင်မှုသည် အလွန်တည့်တိုးဆန်ခဲ့သည်။ ကနဦး၌ သူနှင့်အတူဆော့ကစားရန် ရှောင်ဖယ်နေခဲ့ပြီး ခြေကန်ဘောလုံးဆော့ကစားရာ၌ မခေါ်ခဲ့ကြပေ။ သို့သော် အချိန်ကြာလာသည်နှင့် အဆင့်တက်လာခဲ့သည်။ အကြောင်းပြချက်ဟုဆိုသော် အံ့ဩစရာကောင်းစွာ ဟယ်ယန်သည် ဝီရိယရှိလွန်းနေသောကြောင့် ဖြစ်၏။
ဟယ်ယန်သည် ငယ်စဉ်ကတည်းက ဇွဲကြီးသူတစ်ဦးဖြစ်ပြီး "နှေးသောစာဝါလေး စောစွာလှုပ်ရှား၏" ဟူသည့် ဆောင်ပုဒ်ကို နှလုံးသွင်းထားသူတစ်ဦး ဖြစ်သည်။ အမှန်ပင် အောက်ခြေမှ အစပျိုးခဲ့သည်။ ကျောင်းရှိနည်းပြဆရာများမှ ဟယ်ယန့်အား ပညာရှင်ဆန်သည့် လေ့လာလိုက်စားမှု သော်လည်းကောင်း ကိုယ်ခံပညာရပ်နယ်ပယ်၌ သော်လည်းကောင်း အရည်အသွေးမမီဟု သတ်မှတ်ထားခဲ့သော်လည်း ဗဟုသုတအပေါ် ထားရှိသည့် မဆုတ်မနစ် လိုလားတောင့်တမှု တို့ကြောင့် ၎င်းစိတ်အတွင်း ခံစားမိခဲ့ကြသည်။ ထို့ကြောင့် ဟယ်ယန့်အား အတန်းအတွင်း အမြဲလိုလို ချီးမြှောက်နေခဲ့ကြသည်။