Part 81

1.2K 104 0
                                    


CHAPTER (81) ဓားပြမှု

"ဓားပြတိုက်ဖို့" ကျန်းကျောက် ထစ်ငေါ့စွာ သံယောင်လိုက်ပြောလိုက်သည်။ "ဘာကို ဓားပြတိုက်မှာလဲ"

"ငါတို့ ဒီနေရာကို အရင်ရောက်ခဲ့ပြီး အချိန်နဲ့တည်နေရာအခွင့်ကောင်းကို အသုံးမချရင် အခွင့်အရေးကို အလကားဖြုန်းတီးတာပဲ မဟုတ်ဘူးလား" ထို့နောက် ဝမ်ပါးဘက်သို့ မျက်နှာမူ၍ "အစ်ကိုဝမ် ဒီဟာက ခင်ဗျားကျွမ်းကျင်တဲ့အရာပဲ ခင်ဗျားစည်းမျဉ်းတွေ​ မှတ်မိသေးလား"

ဝမ်ပါး ဂုဏ်ယူမှုနှင့်စိတ်ရှုပ်မှုရောထွေးလျက် ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဒါပေါ့ သိပ်မှတ်မိတာပေါ့"

"ဒါဖြင့် ပန်းကန်ပြားနင်းလိုက်ကြစို့" ဟယ်ယန်မှ ဝမ်ပါးသို့ ပြောလိုက်သည်။

"ပန်းကန်ပြားနင်းစို့ ဆိုတာ ဘာကို ပြောတာလဲ" ကျန်းကျောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ကျုပ် ဒီတစ်ခုကို သိတယ်" ဟွမ်ရှုံ့ဝင်ပြောလိုက်သည်။ "အဲဒါက တောပုန်းဓားပြသုံး လျှို့ဝှက်စကားပဲ အဲဒါက ကြိုတင်သတင်းစုတာလို့ ပြောတာ"

ဝမ်ပါး ဟက်ခနဲနှာမှုတ်ပြီး ဟယ်ယန့်အား "မင်းက ဓားပြဗန်းစကားလည်း သိတယ်ပေါ့"

"ဒီတစ်ခုပဲသိတာပါ" ဟယ်ယန် ဖြေလိုက်သည်။ "အားလုံး သဘောတူရင် ကျုပ် အသေးစိတ် စီစဉ်လိုက်တော့မယ်"

အားလုံး သူ့အပေါ်အာရုံစိုက်လာကြသည်။

"ဒီနေရာက မြေအနေအထားမြင့်ပြီး ကျွန်တော်တို့အဖွဲ့က စောရောက်နေတယ် တခြားအဖွဲ့တွေ ဒီနေရာကိုရောက်လာတဲ့အခါ သူတို့တွေ ခရီးပန်းပြီး သတိလက်လွတ်ဖြစ်နေကြမှာ ကျုပ်တို့အနေနဲ့ ခြုံခိုပြီး သူတို့အလံကို လုယူပြီး အနိုင်ပိုင်းလိုက်ရုံပဲ ကျုပ်တို့မှာ လူငါးယောက်ရှိတယ် တစ်ယောက်က သစ်ပေါ်တက်ပြီးအခြေနေကြည့်နေချိန် တခြားသူတွေက အနီးအနားက ခြုံပုတ်တွေထဲပုန်းစောင့်နေရုံပဲ"

ထို့နောက် ဟယ်ယန် ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး

"ကျုပ် သစ်ပင်ပေါ်က စောင့်မယ်"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now