Take me somewhere,
before Im drown
I wanna grab on even though
I can't see, or something
That's never gonna happen thoughMy hands are always wet
And if
I continued oblivious to the fact
I'd lose it someday!-Lost Unbrella
အနှစ်ခြောက်ဆယ် သက်တမ်းရှိသော အဆောက်အဦးသည် ဟိုတစ်ကွက် ဒီတစ်ကွက် အင်္ဂတေများ ကွာကျလျက်ရှိပြီး အပြင်နံရံတွင် ဖန်းအပင်တစ်ချို့နဲ့ ရေညှိပင်များ ကပ်ပေါက်နေသည်။ တစ်ဖက်တွင် ငန်ကျိကျိ အငွေ့သက်ကို သယ်ဆောင်လာသော ပင်လယ်ပြင်ရှိပြီး အခြားတစ်ဖက်တွင် ကုန်လှောင်ရုံများ ရှိသည်။ ထိုအဆောက်အဦး သုံးခုမှာ လမ်းကျဥ်းလေးရဲ့ အဆုံးတွင် တည်ရှိသောကြောင့် အနီးတစ်ဝိုက်တွင် လူသွားလူလာ ရှင်းလင်းနေခဲ့သည်။
ထိုအဆောက်အဦးက မစ္စတာ ရှိနိုဟာရာဒိုဂျင်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး ရှိနိုဟာရာ မိသားစုနာမည်အောက်ရှိ ပင်လယ်ဆိပ်ကမ်းနဲ့ ကုန်လှောင်ရုံများ အနီးတွင် တည်ရှိသည်။
ပြောင်လက်နေသော သားရေရှူးဖိနပ်က လမ်းမထက်တွင် ခြေရာကွက်များကို ချန်ထားရစ်ခဲ့သည်။ ထိုသူက မိုးရွာသောအရပ်မှ ပြန်လာသော်လည်း သူ့ရဲ့အနက်ရောင် ဘောင်းဘီရှည် အောက်ခြေတွင် ရေစိုကွက်၊ ရွှံ့ကွက်ဟူ၍မရှိ။ အနက်ရောင်ထီးက သူ့ခေါင်းထက်တွင် နတ်ဆိုးရဲ့ အရောင်အဝါ စက်ကွင်းကဲ့သို့ တည်ရှိနေသည်။ ထိုစက်ကွင်းက ဤကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ သူ့အပေါ် သက်ရောက်နိုင်ခြင်း မရှိစေရန် ကာကွယ်ပေးထားသကဲ့သို့ ထီးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ထို့နောက် သူက ဘယ်ဘက်လက်ရှိ ငွေရောင်အိမ်တွင် အနက်ရောင် ကြိုးတပ်ထားသော နာရီကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် အဆောက်အဦး သုံးခုထဲမှ အထပ်လေးထပ်ရှိသော အလယ်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် ခြံတံခါးရှိ လျှို့ဝှက်ကုဒ်ကို ရိုက်ထည့်ကာ အတွင်းသို့ ဝင်သွားခဲ့သည်။
အဆောက်အဦးက အပြင်ဘက်တွင် အိုဟောင်းနေရုံ သာမက အတွင်းဘက်တွင်လည်း အလားတူပင်ဖြစ်သည်။ နံရံတွင် အမျိုးအမည် မသိရသော အစွန်းအထင်းများက တိုက်ချွတ်လို့ မရတော့သည်ထိ စွဲကျန်နေသည်။ ရေပိုက်လိုင်းများတွင် ဆေးကွာလျက် သံချေးတက်နေပြီး အခန်းတိုင်းလိုလိုက အလင်းရောင် ကောင်းစွာမရပေ။ ထို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်လျက် ဆားအငန်ပေါက်နေသည်မှာ အထူးအဆန်း မဟုတ်ပေ။
YOU ARE READING
Darling! [norenmin]
Fiksi Penggemar"Darling, I crave problems!" "the problem" "named NaJaemin." Norenmin Myanmar fan-fiction.