59- A long desperate night (1)

99 11 12
                                    

"Cherish the dream,
Crave the nightmare"












ရန်ကျွင်က ကောင်းကောင်းမနိုးခင် တစ်ကြိမ်နှစ်ကြိမ်ခန့် လူးလွန့်ပြီးမှ မျက်လုံးပွင့်လာသည်။ ကုတင်ဘေးတွင် ကလေးဆန်သော မအူမလည်ရုပ်ဖြင့် ကောင်လေးတစ်ယောက် ထိုင်နေသည်။ ထို့နောက် သူမျက်လုံးမှိတ်သည်၊ လက်ဖြင့်ပွတ်သည်၊ ပြန်ဖွင့်ကြည့်သည်။ ထိုလူငယ်လေးက ရှိနေဆဲပင်။

"ငါအိမ်မက်မက်နေတာလား မင်းကဘယ်လိုလုပ် ရောက်လာတာလဲ"

မတွေ့ရတာ အကြာကြီးကြာ၍ မတွေ့ဖြစ်တော့ဟု ထင်ခဲ့သောမျက်နှာကို ပြန်မြင်ရခြင်းအတွက် ရန်ကျွင်စိတ်ရှုပ်နေသည်။ အမှတ်မမှားတာ သေချာစေရန် ထိုကောင်လေးရဲ့ နာမည်ကို ထုတ်ခေါ်လိုက်သည်။

"ရှိုချန်?"

"ဟုတ်ကဲ့" ထိုကောင်လေးက ချက်ချင်း ပြန်ဖြေသည်။

တောက်တောက်ပပ ပြုံးပြနေသော ရှိုချန်ရဲ့နောက်တွင် အဖြူရောင်အခန်း၊ အဖြူရောင်ကုတင်၊ အပေါ်ထပ်သို့ ဦးတည်သွားသော ​လှေကားနဲ့ မျက်နှာကျက်မှ လေဝင်ပေါက်များ။ အပြင်အဆင်များက ရန်ကျွင်ကို မစိမ်းသက်သော ခံစားချက်ပေးသည်။

"တကယ်ပါပဲ တစ်နှစ်တောင်မကြာဘူး ထပ်ရောက်လာပြန်ပြီ"

ရှိုချန်က ရန်ကျွင်ကိုကြည့်ကာ လက်ချောင်းများသုံးလျက် အချိန်တွက်နေသည်။ တကယ် တစ်နှစ်မပြည့်သေးပေ။

"ထပ်ရောက်လာတယ်?"

"အင်းလေ ဒီတစ်ကြိမ်ရော အိမ်ကပြေးလာတာလား ဒါမှမဟုတ် ခိုးရာလိုက်ခဲ့တာလား"

ကောင်းရော! ရှိုချန်ရဲ့ အတည်ပြုချက်က ရန်ကျွင်ကို သေချာသွားစေသည်။ ကုန်ပစ္စည်းတစ်ခုကဲ့သို့ မသိလိုက်ခင် တစ်နိုင်ငံကူးကာ သယ်ယူပို့ဆောင် ခံရသည်။ သူ့ဘဝက ​မှောင်ခိုသယ်ခံရတဲ့ ဟတ်စကီမျိုးစပ်တွေနဲ့ ထူးမခြားပင်။

"ပြန်ပေးဆွဲခံရတာ ငါ့ကိုမကူညီရင် မင်းလည်းကြံရာပါပဲ"

"ပြော ဘာကူညီရမလဲ"

ထိုကောင်စုတ်လေးက အရင်အတိုင်း တက်ကြွတဲ့ ပဲပင်ပေါက်လေး အဖြစ်မှ မပြောင်းလဲသေးပေ။

Darling! [norenmin]Where stories live. Discover now