44 - friend zone

63 6 0
                                        

Love is the greatest of dreams,
yet the worst of nightmares.









နားနေခန်းတံခါးသည် လူတစ်ကိုယ်စာ ပွင့်ဟသွားပြီး တံခါးနောက်မှ လူတစ်ယောက် ခေါင်းပြူလာသည်။

"အစ်မလင်း မစ္စတာလီဂျဲနိုက အောက်ထပ်မှာစောင့်နေတယ် ပြီးတော့..."

လီဂျဲနိုဆိုတဲ့ အသံကြားတာနဲ့ ပစ္စည်းတွေကောက်သိမ်းပြီး ထပြန်ရန်ပြင်နေသော နာဂျဲယ်မင်အပေါ် အကြည့်ရောက်သွားသည်။

လင်းက အခြေအနေကို အမြန်နားလည်လိုက်သည်။ လက်တစ်ဖက်က ဂျဲယ်မင်ရဲ့အင်္ကျီစကို လှမ်းဆွဲထားပြီးနောက် သူမရဲ့မန်နေဂျာဘက် လှည့်ကာ-

"အင်တာဗျူး စောစောပြီးသွားလို့ ဒေါက်တာနာပြန်သွားပြီ ပြောလိုက်ပါ ကျေးဇူးပြု၍"

ထို့နောက် ဂျဲယ်မင်ကိုကြည့်ကာ-

"သူပြန်သွားသည်ထိ စောင့်လိုက်ပါလား မဟုတ်ရင်အောက်ထပ်မှာ ထိပ်တိုက်တွေ့လိမ့်မယ်"

ဂျဲယ်မင်က လက်ဆွဲအိတ်ကို ဇစ်ပိတ်ရင်း နားမလည်နိုင်သလို ပြန်ကြည့်သည်။ သူက လီဂျဲနိုကို မတွေ့ချင်ဘူးဆိုရင် လီဂျဲနိုကသာ အလိုက်တသိနဲ့ ရှောင်ကွင်းသွားရမည်။ သူက ရှောင်ပြေးနေစရာ မလိုအပ်။ သို့သော် နာဂျဲယ်မင်က ခပ်တည်တည်နဲ့ ပြန်ထိုင်သည်။

"နောက်ဆုံးတစ်ခေါက် တွေ့မိတုန်းက မင်းတို့နှစ်ယောက် အဆင်ပြေကြသလားလို့ ဘယ်လိုဖြစ်ရတာလဲ"

သူစိမ်းတစ်ယောက်နဲ့ အလုပ်ကိစ္စမဟုတ်တဲ့ စကားပြောရတာ အဆင်မပြေ။ ထို့ကြောင့် ဂျဲယ်မင်က တိုတိုတုတ်တုတ်သာ စကားဖြတ်သည်။

"ဘယ်လိုမှမရှိပါဘူး"

"အင်း ဘာမှမရှိရင် ကောင်းတာပေါ့"

လင်းက စကားမဆက်ခင် သစ်တော်သီးဘရန်ဒီကို တစ်ခွက်ထပ်ဖြည့်သည်။

"လူတိုင်းရဲ့အမြင်မှာ လီဂျဲနိုက စိတ်ကူးယဥ်ချင်စရာ လက်တွဲဖော်ပုံစံ၊ အိမ်မက်ထဲက ချစ်သူကောင်လေးပုံစံလို့ ထင်ချင်ထင်ကြလိမ့်မယ်။ ဒါပေမဲ့မကြာပါဘူး သူတို့ရဲ့အိမ်မက်က အိမ်မက်ဆိုးဖြစ်လာပြီး သူတို့တစ်သက်လုံး ရုန်းမထွက်နိုင် ဖြစ်သွားကြတယ်လေ။ အိမ်မက်ဆိုးထဲမှာ ပိတ်မိနေတဲ့ခံစားချက်ကို နားလည်နိုင်လား ဒေါက်တာလေး"

Darling! [norenmin]Where stories live. Discover now