You're fighting me off
like a firefighter.
So tell me
why you still get burned?-Hurts so good (Astrid S)
တိတ်ဆိတ်နေသော အခန်းတွင်းတွင် ရေချိုးကန်မှလျှံတက်လာသော ရေတစ်စက်ချင်းစီက ကြွေကြမ်းခင်းကို မှန်မှန်ထိရိုက်လာသည်။ ကန်ဘောင်ပေါ်မှ စားပွဲတင်နာရီတွင် လက်တံနှစ်ခုသည် ဆယ်နှစ့်နာရီမှ တစ်နာရီသို့ကူးပြောင်းခါနီး အချိန်စွန်းစွန်းလေးကို ဖော်ပြနေသည်။ သို့သော် ကံမကောင်းစွာနဲ့ နာရီရဲ့မိနစ်လက်တံမှာ ရှေ့သို့တစ်ချက်ရွေ့သည် နောက်သို့တစ်ချက် ပြန်ဆုတ်သည်။ ဤသို့ဖြင့် အချိန်က ဘယ်နေရာကိုမှ မရောက်တော့သလို ညဟာလည်း အဆုံးမသတ်တော့။
"ဓူဝံကြယ်ရဲ့ ထိပ်ဆုံးတစ်လုံးကနေ ငါ့လက်ညိုးရွေ့တဲ့အတိုင်း လိုက်ကြည့်ကြည့်! အလယ်မှာ သုံးလုံးတစ်တန်းရှိပြီးတော့ ဘေးနှစ်ဖက်မှာ လိပ်ပြာတောင်ပံပုံစံ ခွဲထွက်နေတာက orion's belt. အင်္ဂလိပ်စာလုံး w ပုံစံရှိတာက Cassiopeia. သားအမိကြယ်တွေလို ငါပြောဖူးတဲ့တစ်ခုက Ursa Majorနဲ့ Ursa Minor"
မျက်နှာထက်သို့ ဖြတ်တိုက်လာသော လေအေးများရဲ့အထိအတွေ့၊ ခေါင်မိုးထပ်ရဲ့ အင်္ဂတေကြမ်းခင်း၊ ဘေးပတ်လည်တွင် ငုံ့ကြည့်မှမြင်ရသော ခပ်နိမ့်နိမ့်အဆောက်အဦးများ။ ခံစားမှုများအားလုံးသည် အိမ်မက်ဟုလက်ခံရန် ခက်ခဲရသည်ထိ အစစ်အမှန်ဆန်လွန်းသည်။
ကောင်းကင်ထက်တွင် မည်သည့်ကြယ်အလင်းရောင်မှ မရှိခဲ့၊ အရာအားလုံးသည် မှတ်ဉာဏ်အတွင်းတွင်သာ ကျန်ရစ်တော့သည်။ လက်တွေ့တွင် အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ အပူအအေးချိန်ညှိထားသော ကန်ထဲမှရေမှာ ရေခဲတမျှအေးစက်လာသည်။ ကြွေဇလားထဲရှိလူက မျက်လုံးမှိတ်ထားလျက် လက်များကိုဖြေလျော့ကာ သူ့ကိုယ်သူ တဖြည်းဖြည်းချင်း နစ်မြုပ်စေလိုက်သည်။
အနက်ရောင်ဆံပင်များက ရေထဲတွင်လွန့်လူးလျက်၊ ဖြူဖျော့သော ခြေချောင်းလက်ချောင်းများမှာ အစိုဓာတ်ဖြင့် ရှုံ့တွန့်ခေါက်လျက်။
"ဟုတ်သားပဲ နောက်တစ်ပတ်ကျောင်းပိတ်ရင် ကြယ်ကြည့်မျှော်စင်ကို သွားရအောင်။ အဲ့ဒီမှာကံကောင်းရင် ဧပြီလရဲ့နက္ခတ် Ramကြယ်အစုအဝေးကို မြင်ချင်မြင်ရမှာ။ အထင်ရှားဆုံးနဲ့ အတောက်ပဆုံးတစ်ခုက Hamal. သုံးလုံးတွဲရှိတာက Mesarthim. ပြီးတော့ ကျန်တဲ့နှစ်ခုက Ariနဲ့ Sheratan"

YOU ARE READING
Darling! [norenmin]
Fanfikce"Darling, I crave problems!" "the problem" "named NaJaemin." Norenmin Myanmar fan-fiction.