One may smile and smile
and be a villain-Shakespeare-
ဂျဲယ်မင်က ရန်ကျွင်ရဲ့ကိုယ်ကို ညင်သာစွာထိန်းကိုင်ကာ အိပ်ယာပေါ်လှဲချလိုက်သည်။ ထို့နောက် အပေါ်စီးမှ နေရာယူလျက် လူတစ်ကိုယ်လုံးကို မျက်လုံးထဲသော့ခတ် သိမ်းထားမယောင် အစုံအဆန်ကြည့်နေသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသောအခါ ရန်ကျွင်က မျက်နှာလွှဲသွားသည်။
"ဘာဖြစ်လို့လဲ ရန်ကျွင်"
ရန်ကျွင်ရဲ့မျက်နှာကို တည့်တည့်ပြန်လှည့်၍ မေးသည်။
"အဲ့လိုကြီး အရမ်းကြည့်နေတော့ မ မနေတတ်ဘူး"
ထိုအကြည့်အောက်တွင် အဝတ်အစား လုံလုံခြုံခြုံဝတ်ထားဆဲ ဖြစ်လျက်နဲ့ ထွင်းဖောက်မြင်ခံရသလို ခံစားရစေသည်။ မသိရင် သူကြည့်ဖို့အတွက် စင်ပေါ်တင်ပြီး ပြသခံထားရသလိုမျိုး ရှက်စရာကောင်းလွန်းသည်။
ထို့နောက် ရန်ကျွင်ရဲ့ အင်္ကျီကြယ်သီးများကို တစ်လုံးချင်းဖြုတ်သည်။
"ရှက်စရာမလိုပါဘူး ငါ့ကိုကြည့်ပါ ငါလည်းမင်းကိုကြည့်နေချင်တယ်"
လက်ချောင်းထိပ်ဖျားများက ခန္ဓာကိုယ်အရေပြားပေါ် ထိတွေ့သွားသော အကြိမ်တိုင်းတွင် ဂျဲယ်မင်က လှုပ်ရှားမှုကို တမင်တကာနှေးလိုက်သည်။ လက်ညိုးလေးနဲ့ ရန်ကျွင်ရဲ့နှုတ်ခမ်းမှ မေးစေ့အောက်သို့၊ ထို့နောက် လည်စလုပ်တစ်ဝိုက်သို့ ပွတ်ဆွဲသွားပြီး နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသော ရင်ဘတ်ပေါ်တွင် ရပ်တန့်သွားသည်။ သူ့ရဲ့ ဘယ်ဖက်ရင်အုပ်ပေါ် လက်ဖဝါးလိုက်တင်၍ ဖိကပ်ထားသောအခါ ရန်ကျွင်မှာ အသက်ရှုရန်ပင် မေ့လျော့သွားသည်။
"လူတွေ စိတ်ထိခိုက်ခံစားရတဲ့အခါ နှလုံးကြွက်သားမျှင်တွေ ပြတ်တောက်သွားတယ်တဲ့"
ရင်ဘတ်ပေါ် တင်ထားသောလက်ကို နေရာအနည်းငယ် ရွေ့လျားလိုက်သည်။
"ရန်ကျွင်မှာ နှလုံးသားရှိရဲ့လား"
ရန်ကျွင်အတွက် ပြန်ဖြေရန်ပင် စကားလုံး ပျောက်ဆုံးနေသည်။ ထိုအစား လက်ဖဝါးအောက်မှ နှလုံးခုန်သံက ပိုမိုမြန်ဆန်လာခဲ့သည်။

YOU ARE READING
Darling! [norenmin]
Fanfiction"Darling, I crave problems!" "the problem" "named NaJaemin." Norenmin Myanmar fan-fiction.