37 - Let's make babies (1)

65 8 4
                                    

I'm in a field of dandelions
Wishing on every one
that you'd be mine, mine





-Dandelions (RuthB)











"ဝင်ခဲ့ပါ"

အိမ်တံခါးရှေ့မှ ဘဲလ်တီးသံကြားသောအခါ ရန်ကျွင်က ပြန်ဖြေလိုက်သည်။ သို့သော် လူကိုယ်တိုင်မှာ နီညိုရောင်ဆိုဖာရဲ့ လက်ရန်းပေါ်ခေါင်းဦးကာ နောက်မှီပေါ်ခြေထောက်တင်လျက် စာအုပ်ဖတ်နေသည်။

"မင်းလိုအချိန်ပြည့် အားယားနေတာမဟုတ်ဘူး ဘာကိစ္စရှိတာလဲ"

ဝင်လာသူက လက်ထဲမှဖရဲသီးကို ရေခဲသေတ္တာထဲထည့်၍ ဧည့်ခန်းဘက် ပြန်လျှောက်လာသည်။

"အရေးကြီးကိစ္စရှိလို့ ခေါ်လိုက်တာ"

ရန်ကျွင်တွင်လည်း အရေးကြီးကိစ္စများ ရှိသည်။

"ဒါလင်က မွေးစားအမေကိုကြိုဖို့ အစောကြီးထွက်သွားတယ် ငါတစ်ယောက်ထဲပျင်းနေရော"

အကြောင်းကိစ္စကတော့ ပျင်းနေလို့ဖြစ်သည်။ ဖုန်းကိုဖွင့်၍ အနှောင့်အယှက်ပေးစရာ လူစာရင်းကို စစ်ဆေးလိုက်သောအခါ အဖေဟင်ဒရီက ထိပ်ဆုံးတွင်ရောက်နေသည်။ ဂျဲယ်မင်က သုသေတနစာတမ်းတစ်ခု ပြင်ဆင်စရာရှိသည်ဟုဆိုကာ အချိန်ရှိသ၍ ဆေးရုံမှာကုန်ဆုံးနေသည်။ ဟယ်ချန်းကလည်း အနောက်ဘက်နဲ့ ပူးပေါင်းနယ်ချဲ့နိုင်မည့် ပရောဂျက်အကြီးကြီးတစ်ခု ရှာတွေ့ထားသည်ဟု အခိုင်အမာဆိုနေသည်။

သူ့ကိုဘယ်နေရာကမှ မလိုအပ်တော့သောအခါ အိမ်တွင်းအောင်းပြီး တစ်ယောက်ထဲနေဖို့က ပျင်းစရာကောင်းလွန်းသည်။

"ဘွားတော်က ဘာလုပ်ဖို့လာမှာလဲ"

ဟင်ဒရီက ရန်ကျွင်ရဲ့ပျင်းရိမှုထက် တစ်ခြားတစ်နေရာကို ပိုအာရုံစိုက်သည်။

"မသိဘူးလေ ငါဆေးရုံတက်ရတယ်ဆိုပြီး သတင်းကြားလို့တဲ့"

"သေမသေ လာကြည့်တာနေမှာ"

ရန်ကျွင်က ထောက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြသည်။ ညီအစ်ကို သူငယ်ချင်းဆိုသည်မှာ နှစ်ယောက်ထဲရှိသော အချိန်များတွင် ဘယ်သူ့ရဲ့အတင်း၊ ဘယ်သူ့မကောင်းကြောင်းမဆို ပြောဆိုနိုင်ကြသည်။

Darling! [norenmin]Where stories live. Discover now