10 - Never

53 4 0
                                    

Im not asking much
just give me your heart!
And put no one else above me
Pls just say, you love me!


-Smoke and Mirror





ဂျဲနိုက ကောင်တာပေါ်လက်ထောက်၍ မလှမ်းမကမ်းရှိ စားပွဲဝိုင်းတွင် ကော်ဖီဖျော်နေသော ရန်ကျွင်ကို ကြည့်လိုက်သည်။ လူက ကော်ဖီခွက်ကို ကြည့်နေသော်လည်း စိတ်က အခြားတစ်နေရာ ရောက်နေဟန်ရသည်။ ဇွန်းနဲ့မနားတမ်း မွှေနေသည်မှာ နာရီဝက်ခန့်ပင် ရှိလိမ့်မည်။

ပေကျင်းတွင်ရှိစဥ်က တောင်ကိုရီးယားအကြောင်း နှစ်လတစ်ကြိမ်ခန့် ပြောလေ့ရှိသောသူမှာ ယခု တောင်ကိုရီးယား ရောက်နေခြင်းကို ထူးထူးခြားခြား ပျော်ရွှင်ဟန်မပြ။ အမှန်တကယ်တော့ အိမ်အသစ်သို့ ရောက်ပြီးနောက်ပိုင်း ရန်ကျွင်မှာ မကြာခဏဆိုသလို အတွေးလွန်၍ တိတ်ဆိတ်နေတတ်သည်။ မည်သည့်အရာကိုမှ စိတ်မဝင်စားသလို မပျော်ရွှင်နိုင်တော့သလို မှိုင်တွေနေခြင်းက လီဂျဲနိုကို သည်းခံရခက်စေသည်။

သူက ရန်ကျွင်ကို ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့သလို ရန်ကျွင်ကလည်း ဘယ်တုန်းကမှ မပွင့်လင်းခဲ့ပေ။ အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့ သူ့ရဲ့ကိစ္စများတွင် စိတ်ဝင်စားခြင်း စွက်ဖက်ခြင်းမရှိခဲ့။ သူက ဘယ်သူတွေနဲ့ ဘယ်လိုပဲတွဲနေပါစေ သဝန်တိုခြင်းလည်း မရှိခဲ့။ တစ်ခါတစ်ရံတွင် ရန်ကျွင်မှာ စိတ်ခံစားချက်များ လစ်လပ်နေသည်ဟုပင် ထင်မိသည်။

သို့သော် ရန်ကျွင်ကို ဘယ်လိုနည်းနဲ့မှ မဆုံးရှုံးလို။

သူတို့ငယ်ငယ် လူဖြစ်ခါစအရွယ်က အတူတူ ကြီးပြင်းခဲ့သည်ဟု ပြောကြသော်လည်း အရွယ်ရောက်လာတာနဲ့ တဖြည်းဖြည်း ဝေးကွာခဲ့သည်။ သူနဲ့ရန်ကျွင်က နောက်ဆုံးတွင် တစ်ယောက်ကို တစ်ယောက် မျက်မှန်းတန်းမိရုံသာ အကွာအဝေးအထိ ခပ်တန်းတန်း ဖြစ်သွားခဲ့သည်။ နှစ်ယောက်သား ဆယ့်ငါးမိနစ်ပြည့်အောင်ပင် မျက်နှာချင်း မဆိုင်ဖူးသော လူနှစ်ယောက်က ကတိုက်ကရိုက်ဖြင့် လက်ထပ်လိုက်ရသောအခါ အနေခက်မှုနဲ့ အသားမကျမှုမှာ ပြောစရာပင်မလို။ အချင်းချင်း နားလည်မှုရှိရန် အသာထား စကားပြောဆို ဆက်သွယ်ရန်ပင် အခက်တွေ့ခဲ့သည်။ ထို့ကြောင့် သူ့ဘက်က လိုအပ်ချက်များရှိခဲ့ပါက ယခုအချိန်တွင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် ကြိုးစားနေခြင်းဖြစ်သည်။

Darling! [norenmin]Where stories live. Discover now