52 - Decisions

81 9 4
                                    

No one can rewrite the stars
How can you say you'll be mine?
Everything keeps us apart
And I'm not the one
you were meant to find



-Rewrites the stars








နာဂျဲယ်မင်ရဲ့ အိပ်ခန်းထဲတွင်။ ရန်ကျွင်က ကြမ်းပြင်ပေါ်ထိုင်ကာ နံရံကိုကျောမှီလျက် မျက်လုံးပိတ်ထားသည်။ ဂျဲယ်မင်ကလည်း နံဘေးတွင် ငြိမ်ငြိမ်သက်သက်ထိုင်၍ ရန်ကျွင်ရှိရာသို့ ငေးကြည့်နေသည်။

"သူကဆေးပိုက်တွေ အောက်စီဂျင်ပိုက်တွေနဲ့ ကုတင်ပေါ်မှာ လှဲနေခဲ့တယ်။ ပြီးတော့ ပိန်​​ခြောက်ခြောက်လက်တွေနဲ့ ဒေါက်တာရဲ့အင်္ကျီစကို ဆွဲပြီးမေးလိုက်တယ်။ သူ့သားက ဘယ်မှာလဲတဲ့။ အဲ့တာကြောင့်ငါက ရှေ့တက်လာပြီးတော့ ငါရှိနေတဲ့အကြောင်း ပြောလိုက်တယ်။ အဲ့ဒီမြင်ကွင်းကို အခုထိမှတ်မိနေသေးတယ်။ သူကငါ့ကိုမမြင်ခဲ့ဘူး လုံးဝလစ်လျူရှုထားပြီး အသံမျော့မျော့နဲ့ ထပ်မေးတယ် သူ့သားဂျဲနိုက ဘယ်မှာလဲတဲ့"

ကလေးဘဝမှ မှတ်ဉာဏ်များသည် အသက်ကြီးလာသည်နဲ့ တဖြည်းဖြည်း  ဝေဝါး ပျောက်ကွယ်သွားကြသည်။ သို့သော် ရန်ကျွင်ကတော့ ထိုနေ့ရဲ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

"ငါမသိဘူး ဂျဲနိုကသူ့သားမဟုတ်ဘူးလို့ ဖြေရမှာလား ဒါမှမဟုတ် သူ့ရဲ့သားက လာမကြည့်ဘူးလို့ ဖြေရမှာလား။ ဘယ်အဖြေက ပိုမှန်မှာလဲ မစဥ်းစားတတ်ခဲ့ဘူး"

ဂျဲယ်မင်က ရန်ကျွင်ရှိရာဘက်သို့ ပခုံးယိမ်း၍ ခေါင်းချင်းထိကပ်လိုက်သည်။ သူတို့က နံရံကိုနောက်ခံထားကာ တစ်ယောက်ကိုတစ်ယောက် ဖေးမမှီတွယ်ထားပုံ ပေါ်နေသည်။

"မင်းရဲ့အမှားမဟုတ်ဘူး အဲ့ဒီတုန်းက မင်းကအရမ်းငယ်သေးတယ် ဘာမှမလုပ်နိုင်ဘူး။ ကိစ္စတွေက ကလေးတွေနားလည်ဖို့ အရမ်းရှုပ်ထွေးခဲ့ရုံပဲ။ လီဂျဲနိုရဲ့အမှားလည်း မဟုတ်ပါဘူး"

လွန်ခဲ့တဲ့ခုနှစ်နှစ်ကရော မတိုင်ခင်ကရော ရန်ကျွင်က သူ့ရဲ့အတိတ်ကို တစ်ကြိမ်တစ်ခါမှ ဖွင့်မပြောပြဖူးခဲ့။ သူပြောခဲ့သမျှမှာ ကောင်းတဲ့အရာတွေဖြစ်ပြီး မကောင်းသောအပိုင်းများကို ကျော်ချသွားသည်။ ဂျဲယ်မင်က သူနဲ့နီးကပ်နေသောကြောင့် အသက်ရှုသံကို ကြားနိုင်သလို နှလုံးခုန်နှုန်းကိုလည်း ခံစားမိသည်။

Darling! [norenmin]Where stories live. Discover now