Purpose is but
the slave to memory,
Of violent birth,
but poor validity.-Hamlet (Shakespeare)
ရှေးခေတ်နန်းတွင်းပုံစံ အဆောက်အဦးထဲတွင် လူများအားလုံးသည် တိတ်ဆိတ်လျက်၊ မျက်စိရှေ့မှမြင်ကွင်းကို မမှိတ်မသုန် အာရုံစိုက်နေကြသည်။ အရပ်မျက်နှာပေါင်းစုံမှ ကင်မရာများရဲ့ ရှု့ထောင်အောက်တွင် ရှီလာမပျက်သုန်းခင်ခေတ် အမျိုးသမီးများဝတ်သော အောက်ခံဝတ်စုံအဖြူဖြင့် မိန်းကလေးတစ်ယောက် ရှိနေသည်။ ထိုမိန်းကလေးက မျက်နှာတစ်ဝက်ကို ဆံပင်များဖုံးအုပ်လျက် ရူးသွပ်နေသူကဲ့သို့ ဆောက်တည်ရာမရ ငိုကြွေးနေသည်။
လီဟယ်ချန်းရဲ့လက်အောက်ရှိ သရုပ်ဆောင်များတွင် ဂျီဆောင်းအပြင် ယာရာဟုခေါ်သော တစ်ယောက်လည်းရှိသည်။ ထိုတစ်ယောက်က နန်းတွင်းဇာတ်လမ်းတွဲတွင် တစ်ပိုင်းနှစ်ပိုင်းစာ အရံသရုပ်ဆောင်အဖြစ် လူရွေးခံခဲ့ရသည်။ သို့သော် ယာရာရဲ့ရိုက်ကွင်းချိန်က ဂျီဆောင်းရဲ့ မော်ဒယ်ဓာတ်ပုံရိုက်ကူးခြင်းနဲ့ တိုက်ဆိုင်နေသောအခါ လီဟယ်ချန်းမှာ နှစ်ကိုယ်မခွဲနိုင်တော့ပေ။
ထို့ကြောင့် introvertစစ်စစ်ဖြစ်သော ဂျီဆောင်းကို သူကိုယ်တိုင်တာဝန်ယူပြီး လည်လည်ပတ်ပတ်ရှိသော ယာရာအတွက်တော့ ရန်ကျွင်လက်ထဲအပ်လိုက်သည်။ ယာရာက ရိုက်ကွင်းအတွက် မန်နေဂျာမလိုအပ်၊ သို့သော်သူမကိုယ်တိုင်က ဆယ့်ခြောက်နှစ်သာ ရှိသေးသဖြင့် လူကြီးတစ်ယောက်ယောက်ရဲ့ စောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်သည်။ အခန့်သင့်စွာပင် ရန်ကျွင်ကလည်း ပျင်းရိအားလပ်နေသဖြင့် တာဝန်ပေးလိုက်သည်။
ယနေ့က ယာရာရဲ့နောက်ဆုံးအခန်းဖြစ်ပြီး ရန်ကျွင်ကတော့ အခြားသူများကို အနှောင့်အယှက်မပေးမိစေရန် ခပ်လှမ်းလှမ်းမှ ထိုင်စောင့်နေသည်။ အတန်ကြာသောအခါ သူပျင်းလာသဖြင့် နာရီတစ်ချက်ကြည့်ပြီးနောက် အပြင်ဘက်ဆိုင်တန်းများမှ ရေခဲမုန့်နဲ့အကင်တစ်ချို့ ဝယ်လိုက်သည်။ ထို့နောက် အပူနဲ့အအေးကို မျှတကာ တစ်လှည့်စီစားကြည့်သည်။
ဖြတ်သွားဖြတ်လာများမှာတော့ ရန်ကျွင်ရဲ့ အရသာခံနိုင်စွမ်းကို အံ့သြလို့ပင်မဆုံးကြ။ ထိုစဥ်...
YOU ARE READING
Darling! [norenmin]
Fanfiction"Darling, I crave problems!" "the problem" "named NaJaemin." Norenmin Myanmar fan-fiction.