အချိန်အတိအကျအတိုင်းပင် မျက်ဝန်းများက မနက်၆နာရီဆိုတာနှင့် သူ့အလိုလိုပင် ပွင့်လာမြဲ။
ဤသည်က ယခုမှမဟုတ်ခဲ့ပါ။ လွန်ခဲ့သော၅နှစ်ကတည်းကပင်။ခါးပေါ်ရှိလက်ကလေးအား ဆုပ်ကိုင်ရင်း ဘေးတစ်ဖက်ရှိ ချစ်ရပါသော ကျွန်တော်ရဲ့နေမင်းကြီးအား ငေးကြည့်မိ၏။ နေ့တစ်နေ့အစအတွက် အားများပြည့်ဝသွားသလို ခံစားခဲ့ရသည်။
ဤသည်ကို ပိုရန်ကောဟုဆိုကြပါလျှင် ခပ်ပိုပိုပဲလို့သာ ပြန်ပြောရပေဦးမှာ။မောင့်ကို စ၍ ချစ်မိစဉ်တည်းက
မောင်ဆိုသော ထိုလူသားသည် ဘဝအတွက်တော့အနှိုင်းမဲ့ခဲ့သည်။ မောင့်ကိုအသက်ထက် ပိုချစ်ခဲ့မိသည်။မောင်နဲ့စခဲ့မိတဲ့ ဘဝကိုလည်း မောင်နဲ့သာ နေဝင်ချိန်ပြီး မိုးချုပ်ချင်သည်။ ဤလူသားအား၊ ဤသို့မြတ််နိုးမိသည်မှာ ပြောမပြတတ်တော့ပေ။
ထိုလူသား၏ရင်ခွင်ထဲမှနေ၍ မျက်နှာပြေပြေလေးအား မော်ဖူးကာ သူ၏မကျဉ်းမကျယ်နဖူးပြင်လေးကို အနမ်းတစ်ပွင့်ချွေနေမိပြီ။ မနက်စာအတွက်ပြင်ဆင်ရန်လည်း အိပ်ယာမှအလူးအလဲ ထရတော့မှာပင်။"အား....မောင်..."
လက်ကလေးအား အသာအယာဖယ်ကာ ကုန်းထမိသည်ကို ပြန်လည်ကာ ကုတင်အထက်သို့ ဆွဲချခံလိုက်ရ၍ အပြုံးတွေနဲ့ ငြူစူမိတော့ မောင့်ရယ်သံလေး အခန်းအတွင်း၌ ပျံ့လွင့်လို့။
"အိပ်နေတာကို ခိုးနမ်းနေတာလား မောင့်လမင်းလေး..."
"လူကိုအရှက်ပိုရအောင် သိပ်မေးတတ်တဲ့ မောင်..."
မျက်ဝန်းများကမဖွင့်ပါပဲ သဘောတကျပြုံးနေသူက တင်းကြပ်စွာဖက်တွယ်ထားပါသည်။ မောင့်ရဲ့လက်ကလေးများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ မောင့်ရင်ခွင်ထဲ စုံးစုံးမြုပ်နေလေတော့သည်။
အသက်ရှူကျပ်မတတ် အဖက်ခံထားရသော်လည်း
မောင် ငြိုငြင်သွားမှာ ဆိုးပါသောကြောင့် မပြောရက်ပေ။"အသက်ရှူကြပ်နေလောက်အောင် ဖက်ထားမိတာကို မပြောပဲ ငြိမ်နေတဲ့ မင်းလေးက စက်ရုပ်လေးလား ဟွန်..."
ခပ်ဖျော့ဖျော့လေပြေအေးလေးဖြင့် မောင်က မေးလာသည်။
ပြေလျော့သွားသည့် ဖက်တွယ်မှုလေးနှင့်အတူ
ဆံနွယ်ထက်သို့ကျရောက်လာသည့် မောင့် အနမ်းချိုချိုလေးကြောင့် ရင်ခွင်ထဲသို့တိုးဝင်ကာ မောင့်အငွေ့သက်လေးရှူရှိုက်မိတော့၏။ မောင်ကလည်း ကြင်နာစွာထွေးပွေ့ပြန်၏။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."