မြို့နယ်ရဲစခန်းတစ်ခုတွင် မိမိကိုယ်တိုင်ပင် သားဖြစ်သူအစော၏ပျောက်ဆုံးနေမှုကို အမှုဖွင့်နေမိသည်။
ရဲစခန်းမှစခန်းမှူး၏ မေးခွန်းများကိုဖြေကြားနေသော်လည်း
ရင်ထဲတွင် စိတ်ပူမှုများသည်က အစိုးမရတော့ချေ။"လူပျောက်ကြော်ငြာတွေထဲထည့်ပေးလိုက်ပါ့မယ်...ကျွန်တော်တို့ရဲဋ္ဌာနကလည်း သေသေချာချာစစ်ဆေးပေးမှာမို့ သူဋ္ဌေးမကြီးစိတ်မပူပါနဲ့ခင်ဗျ..."
"သေသေချာချာလေးစုံစမ်းပေးပါရှင်
ကျွန်မမှာလည်းဒီသားတွေပဲရှိတာမို့ အရမ်းစိတိပူနေမိပါပြီ..."သားဖြစ်သူကိုအဆက်အသွယ်မရခြင်းမှာ နှစ်ပတ်ကျော်လာခဲ့ပြီ။ သွေးရိုးသားရိုးမဟုတ်ဟုထင်ရ၏။ ခရီးသွားသည်ဟုဆိုကာ
အိမ်သို့ဖုန်းမဆက်၊ စက်ပိတ်ထားသည်ကြီးဆိုနေသည်က တစ်ခုခုကိုလွဲနေခြင်းမဟုတ်လား။"ဖွားဖွားကြီး ပြန်လာပြီ တုံတုံးရေ......"
ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လိုက်သည်ကိုမြင်သွားသည့် ဗုံဗုံးလေး အပြေးလာသည်ကြောင့် ပွေ့ချီလိုက်မိသည်။
"ဖေဖေရော ဗုံဗုံလေး..."
"Daddyကို မန်မန်းကျွေးနေတရ်...ဗုံဗုံးတို့က တီတီကြီးကျွေးလို့ ချားပြီးပြီ...အန်ကယ်ကြီးလဲရောက်နေတရ်.....ဦးဦးမင်းမင်း မေမေယာခေါ်ယိို့ ဦးဦးတို့က ပြန်သွားပြီ..."
"အန်ကယ်လေးရဲရင့်ရော..."
"အန်ကယ်လ်လေးယေ ဖုန်းလာတာနဲ့ ထွက်ပြေးသွားတာ...ဘာမှမပြောပဲနဲ့ယေ...ပြေးတွားတယ်..."
"ဟုတ်လား..."
"တီတီကြီးကမေးတာလဲ ဘာမှမပြောဝါးဝူး..."
တုံတုံးလိုအနေမအေး တိတီတူးလိုတတောက်တောက်ဖြင့်စကားပြောနေတတ်သည့် မြေးကြီး ဗုံဗုံးလေးပင်။
အခုလဲတစ်အိမ်လုံးမှ လူအားလုံးအကြောင်းရှင်းပြနေလေသည်။...............
လမင်းသတိရလာခဲ့ချိန်မှာ ၆ရက်ရှိလာလေပြီ။ စကားတော့မပြေသေးပေ။ ထမင်းရယ်လို့လဲ
မစားနိုင်သေး။ ဆန်ပြုတ်လေးအား မွေးကင်းစားများစားသလို ကြက်ပြုတ်ရည်လေးဖြင့်ပြုတ်ကာ ကျွေးရသည်။
ပါးစပ်ဟပေးသည်။ မြိုချနိုင်သည်။ မဝါးတော့မဝါးနိုင်သေးပေ။ ပိန်လှီနေသောခန္ဓာကိုယ်လေးအားကြည့်ပြီး စိတ်လဲမကောင်းဖြစ်ရ၏။
STAI LEGGENDO
ပြိုမယ်မိုးလေး မသည်းစေလို.....
Storie d'amore"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."