ဆေးရုံကုတင်ပေါ်တွင် ပိုက်များပေါင်းစုံသွယ်တန်းကာ
မေ့မျောနေသည့် သူအားကြည့်ရင်း ရန်ပိုင့်
ရင်ထဲပူလောင်နေသည်။ ဆေးရုံ၏ Vip အခန်းထဲမှ
ဆိုဖာတစ်ခုတွင်ထိုင်နေကာ နံရံအားခေါင်းမှီလျက်
မျက်ဝန်းများမှိတ်ရင်း သက်ပြင်းများသာ ချနေမိလေ၏။မင်းမင်း ၏ တောင်းပန်သံများက နားထဲတွင်
ပဲ့တင်ထပ်ကာ ကြားနေရသည်။
ကိုယ့်ကိုကိုယ်ပင် မထိန်းနိုင်ခဲ့၍လည်း
ဒေါသထွက်ကာ ဆိုဖာလက်ယန်းအား ထုရိုက်ရင်း
ရင်ကျုံးမရဖြစ်နေမိသည်။မင်းမင်း အား အားနာမိသော်လည်း
ချစ်ရသူအားမည်သို့ရှင်းပြရမည်လဲမသိသည်က
ပို၍ဆိုးသည်။ ရင်ထဲ၌မချိတင်ကဲနှင့် ဘာလုပ်ရမယ်မသိတော့ပြီ။ညကဖြစ်စဉ်တွင်လည်း အရက်သာသောက်မိသည့်
ကိုယ့်အဖို့ လူစိတ်မရှိတော့ပါပဲ လူတစ်ယောက်အား ဤမျှလောက်လုပ်လိုက်ဖို့ရာအတွက် ဘယ်အရာသည်က
တွန်းအားပေးခဲ့သည်မသိ။စဉ်းစားမရတော့ပေ။အခန်းထဲသို့ အန်တီကြီးတစ်ယောက်နှင့်ဦးလေးတစ်ယောက်ဝင်လာကာ မျက်ထောင့်နီကြီးဖြင့်ကြည့်ပြီး သက်ပြင်းချသည်။ ကုတင်ထက်မှသူအားကြည့်ကာ ထိုအန်တီကြီးငိုလေတော့သည်။ လမင်းမာမီနှင့် ဒယ်ဒီ ဝင်လာပြီး
ကိုရန် နှင့် ဖြိုး လဲပါလာလေသည်။
မိမိအား လူအားလုံး၏ အနောက်မှရပ်ကာကြည့်နေသည့် လူတစ်ယောက်၏ မျက်ဝန်းတစ်စုံရဲ့ အဓိပ္ပါယ်သည် ဘာမှမသိသော ကလေးငယ်လေးပမာ။ ကိုယ်တိုင်လဲ အတွေးတို့ဗလာနတ္ထိ။ မည်သို့ရှင်းပြရမည်ကိုလဲမသိချေ။" ခွေးကောင်..."
ဖေဖေ့၏ လက်သီးချက်တစ်ချက်။ ထပ်ကာလက်လွှဲလိုက်သည်ကို ငိုကာတားသည့်မေမေနှင့် ထိုလက်အား လှမ်းဆွဲလိုက်သည့် လမင်း၏ဒယ်ဒီ ။
"ကလေးတွေလေကွာ စကားအေးဆေးပြော..."
စကားများပြောနေကြသည်။ ဘာတွေမှန်း မသိတော့ပေ။ တောင်းပန်သည်ဟု အကြိမ်ကြိမ်ပြောကာ ငိုနေသည့်မေမေနှင့် မင်းမင်း၏မိဘများ။ ဦးလေးနှင့်အန်တီကြီးကိုလည်း ကျွန်တော့်အား တောင်းပန်ခိုင်းနေသည့်ဖေဖေ။ လူကြီးများ ဆိုဖာတွင်ထိုင်နေကြသည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."