Part - 27 (Uni & Zawgyi)

8.2K 701 16
                                    

ရန်ကုန်မှမန္တလေးသို့အပြေးနှင်လာသည့် ကားလေးထဲတွင် အိပ်ပျော်ကာလိုက်လာသည့် ကောင်လေးတစ်ဦးနှင့်
ကားမောင်းနေသည့် ကောင်ကလေးမလေးတစ်ဦးရှိနေလေသည်။ တစ်ယောက်တစ်လှည့်မောင်းကာ ခရီးရှည်ကြီးအား မမောပန်းနိုင် လိုရာသို့ ဦးတည်နေလေ၏။
ည၁၀နာရီမှစ၍ ခရီးနှင်လာကြရာ နံနက်ခင်း၆နာရီခွဲတွင် မန္တလေးမြို့မှကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ်ကြီးအားတွေ့ရှိလေသောကြောင့် ဝမ်းပန်းသာလို့မဆုံးပေ။

"ရေး........မန္တလေးမြို့ကြီး မင်္ဂလာပါ.....ဟူး...ဟူး....."

အသံလုံနေသည့် ကားထဲတွင် အောင်မြင်လှသည့်အသံဖြင့် အော်ကာပျော်မြူးနေသည့်ဟာလေးကြောင့် အိပ်ပျော်နေသော မိမိလန့်ကာနိုးသွားရလေပြီ။

"လမင်းရာ...ဘယ်လိုကြောင့် ထ အော်တာလဲ..."

"ကိုကိုရန်ပိုင်နိုးပြီလား မန္တလေးရောက်ပြီ.....
ဟီး ပျော်လိုက်တာ......"

ရွှင်မြူးနေသည့် လမင်းက သွားတန်းညီညီလေးများပင်ပေါ်ကာ ရယ်ပြနေလေတော့သည်။

"မန္တလေးရောက်တာ အဲ့လောက်ပျော်စရာလား...
မရောက်ဖူးတာလဲမဟုတ်ပဲနဲ့...."

"အိမ်ကလူတွေမပါပဲ ကိုယ်တိုင်မောင်းတဲ့ကားနဲ့
ခရီးထွက်ရတာ ဘဝမှာပထမဆုံးလေ ကိုကိုရာ...."

နှာခေါင်းလေးရှုံ့လို့ ခပ်မူမူရုပ်လေးဖြင့် ချွဲသံလေးများထွက်ကာ စတင်၍ပြောလေပြီမို့ ခပ်ဖွဖွ ရယ်လိုက်ကာ ခေါင်းခါမိလေတော့သည်။

"အင်းပါ အင်းပါ...လမင်း ပျော်ရင်ပြီးကော...
ဖြေးဖြေးမောင်းနော်...မြို့ထဲဝင်နေပြီလား....
တစ်ခုခုစားပြီးရင် ကိုကို မောင်းမယ်....
တော်ကြာ အန်တီbelleသိရင် ကိုကိုပါအဆူခံရမှာ
ကလေးကိုအလိုလိုက်ရမလားဆိုပြီး....."

"ဟုတ်ဟုတ်...ကိုကိုရန်ပိုင် အကောင်းဆုံးပဲ..."

မနေ့တနေ့ကမှ ၁၈နှစ်ပြည့်ထားသည်ကြောင့် မိဘများက ကားမမောင်းရန်အတန်တန်မှာထားသော်လည်း ပြောမနိုင်ဆိုမရလေးဖြစ်နေ၍
ဖြေးဖြေးသာ မောင်းရန်မှာနေရသည်။

ဆံပင်အရောင်က ကော်ဖီရောင်လေးများဖြင့် လိမ်ကာကောက်ထားသည့် ဆံသားက ကျောလည်တွင်ရှိနေလေသည်။ တကယ့်ကိုပင် မိန်းမငယ်လေးတစ်ဦးနှင့်ချွတ်စွပ်တူကာ
ဘာဘီရုပ်လေးအတိုင်းလှ၏။ ဂါဝန်မိုးပြာရောင်လေးဖြင့်
အသားအရေဖြူဖွေးနေမှုသည်  လိုက်ဖက်နေသည်။
နှုတ်ခမ်းပါးမှာ Dior မှ Lip care only သုံးထားသော်ငြား ရဲရဲလေးဖြင်စိုကာရွှဲနေလေသည်။
ပါးနီ၏အကူကြောင့်လား နဂိုရှိရင်းဆွဲကြောင့်လားလဲမသိ ပါးလေးနှစ်ဖက်ရဲရဲလေးဖြင့် လှ၏။ ဖြောင့်တန်းနေသည့်
မျက်ခုံးမွှေးလေးအား ပုံဖော်ကာ ရိတ်သင်ထားသည်။
မျက်လုံးတွင်လဲ ကာခြယ်ပေါင်းစုံဖြင့် ကော့ညွန့်နေသည့်မျက်တောင်များက သူတို့အသုံးပြုသည့်အရည်ကြောင့်ထင် ပိုကာကော့တက်နေသည်။
လည်ပင်းတွင်လည်း ဖန်စီဆွဲကြိုးပုလဲလုံးလေးများနှင့်
လက်တွင်လည်းအလှလက်ကောက်များ ဝတ်ထားသေးသည်။ မိန်းကလေးလိုလှချင်နေသည့် လမင်းသည် ယောကျာ်းလေးဖြစ်သော်လည်း မိန်းကလေးများထက်ပင်လှနေသည်မှာ ယောကျာ်းပျိုတိုင်းကြွေဆင်းဆိုသည့် စကားသိပ်မှန်သည်။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now