"တီ.....တီ.....တီ..... "
"အမလေး......."
ကို့အတွေးတို့ဖြင့်ပျော်မြူးကာ လမ်းမထက်မှ
အိမ်သို့လမ်းလျှောက်နေစဉ်
ဘေးမှဆိုင်ကယ်သည် ဖြတ်ကာ ပွတ်သပ်သွား၏။
လက်ထဲမှမနိုင်မနင်းများပြုတ်ကျလေပြီ။
ခြေထောက်နာကာလဲကျသွားပြီး မထနိုင်တော့။
ဆိုင်ကယ်မောင်းသည့်သူမှာ လှည့်ပင်မကြည့်ခဲ့။ကားတစ်စီးရပ်လာကာ အနားသို့ပြေးလာသည့် ဒေါက်ဖိနပ်သံကြောင့် လက်ထောက်ထားရင်း အရှေ့သို့ကြည့်မိသည်။ ခြေချောင်းလေးများက ရှည်သွယ်သွယ်လေး။ ခြေသည်းနီရဲရဲလေးနှင့် ဒေါက်မြင့်ဖိနပ်လေးကတည်းပဏ္ဍာတင့်နေ၏။
ဂါဝန်အောက်ဖျားလေးများကလည်းအတွန့်လေးတွေဖြင့် ဘယ်လောက်ချစ်စရာကောင်းလိုက်မယ့်ကလေးမလေးများလဲ။
"ဟင်.....ဟိုမမပဲ...."
"ဟို.... ဟို....."
"အာ....ဟိုမနေနဲ့ လာ လာ လမင်းတွဲပေးမယ်.....
ထနိုင်ရဲ့လား...."ပြောကာဆိုကာ သူ့လက်ကလေးများဖြင့်တွဲပေးနေသည့်
ထိုကောင်မလေးအား ရင်းနှီးသလိုပင်။
သို့သော် ဘယ်သူမှန်း မသိပါ။ရုံးခန်းအတွင်း ဝင်လာကာ ကျမအား
မာမီရောဟုမေးဖူးသည့် ကလေးမလေးပဲ။သူဋ္ဌေးမ ဟုဆက်ပြောသည်ကြောင့်
'စက်ချုပ်ခန်းဘက်မှာ ညီမလေး' ဟုပြောလိုက်မိရာ လျစ်ခနဲပျောက်သွားရင်း ပြုံးစိစိလေးဖြင့်ထွက်သွားသူ။ ယခုလည်း သူနှင့်အတူ ထပ်တွေ့ရလေသည်။ ဘယ်လိုရေစက်မှန်းမသိ သူ့မျက်နှာလေးမှာ အေးချမ်းလွန်းနေ၍ ရင်ထဲ၌တစ်မျိုးပင်။သူ၏ ကားအတွင်းတွင်ထိုင်ခိုင်းကာ
တံခါးပိတ်သွားသည်။ လမ်းမပေါ်ကျသွားသည့်
အစီအရီမရှိသော အထုတ်များ၊ အသီး၊အရွက်များအား တစ်ခုချင်းလိုက်ကောက်နေကာ
ထည့်လို့ရသည့် အိတ်ထဲအကုန်ထည့်နေ၏။
ကားမောင်းသူထိုင်ခုံဘက်ဝင်လာသော ကောင်မလေး။ ကျွန်မကိုပြုံးကြည့်လို့မေးလာလေတော့သည်။"မမ...ဘယ်လိုက်ပို့ရမလဲ...."
"ဟို...အားနာစရာကြီးကွယ်...အမ ကယ်ရီငှါးပြန်လိုက်ပါ့မယ်....အိမ်က ဟိုဘက်လမ်းလေးတင်ပဲ...."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."