ပြင်ဦးလွင်မြို့တွင်...........
ဟင်းချက်နေသည့် ချစ်ရသူအား စားပွဲပေါ်လက်ကလေးတင်ကာ မေးလေးထောက်၍ထိုင်လျက်ကြည့်နေမိသည်။ Apronကြီးဝတ်ထားသောပုံစံလေးကပင် ကြည့်ကောင်းလွန်းနေ၏။ အနားသို့ ပြုံးပြကာလျှောက်လာသည့်
သူ ဘာလုပ်မည်ကိုပါ၏။ နှုတ်ခမ်းထော်ကာ မျက်လုံးလေးဝင့်ရင်း မော့ကြည့်လိုက်မိသည်။"အူးမွ...ပြွတ်စ်..."
"အာ....အလိုက်သိလွန်းတဲ့ အချစ်လေးကြောင့် အားကိုရှိသွားတာပဲကွာ......"
"ငါ့ဟင်းတွေအရသာမရှိရင် မင်းသေပီမှတ် ရန်ပိုင်...."
"အရမ်းအရသာရှိနေရင် ဆုချတဲ့အနေနဲ့
မင်းငါ့ကိုအရင်နမ်းမလား.....ဒါမှမဟုတ်.....
ချက်ရတာမောလို့ အမောဖြေတဲ့အနေနဲ့
မင်းကိုနမ်းရမလား..........""မင်းနစ်နာနေမယ်....နှာဘူး ဒါပဲတွေးနေ...."
မျက်လုံးပင့်ကာ လူယုတ်မာပြုံးပြုံးပြနေလေသည့်သူက မျက်စိတစ်ဖက်မှိတ်ပြကာ ပြုံးနေသည်။
သူ၏ခါးအားမြဲမြံစွာသိုင်းဖက်လျက် ချစ်ရသူ၏ကိုယ်သင်းရနံကို ရှူရှိုက်နေမိတော့သည်။"လာချွဲနေတာလား အစော..."
"အင်း..."
"အရမ်းချစ်တယ်..."
"မင်းထက်ပိုချစ်တယ် ရန်ပိုင်..."
ခါးအထက်သို့သိုင်းဖက်ကာ ဗိုက်သားပြင်ပေါ်မျက်နှာအပ်လာသည့် အစောကြောင့် ပြန်လည်ကာသိုင်းဖက်လိုက်သည်။ တကယ့်ကိုကလေးတစ်ယောက်နှင့်တူနေသည်။
သူဒီလိုချွဲတတ်လိမ့်မည်ဟုလည်း တစ်ခါမှမထင်ခဲ့ဖူး။ အမြဲတမ်းလူကြီးလေးတစ်ယောက်လို တည်တည်ငြိမ်ငြိမ်ဖြင့်နေတတ်သူ ချစ်သူလေးသည် မိမိရှေ့ရောက်လျှင် ထိုသို့ရင့်ကျက်ပါသည့် ပုံစံလေးများပျောက်သွားတတ်၏။"တခြားသူရှေ့မှာ အဲ့ဒီလိုချစ်ဖို့ကောင်းအောင်
မနေနဲ့နော် အစော..."ရင်ခွင်ထဲမှနေ၍ အတောက်ပဆုံးမျက်ဝန်းလေးများဖြင့် မော့ကြည့်ရင်း သွားတန်းလေးများပေါ်သည်အထိ ပြုံးပြနေပြန်သည်။
"ငါ့မှာမင်းပဲရှိတယ် ရန်ပိုင်...."
"ငါချစ်တာလဲ မင်းပဲရှိတယ် အစော..."
![](https://img.wattpad.com/cover/217286515-288-k296338.jpg)
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."