အိမ်ထဲရှိပစ္စည်းများအား ကုန်တင်ကား
အကြီးကြီးပေါ်တွင် အစုံတင်ထားပြီးလေပြီ။
ထိုကားလေးသည် မန္တလေးမှ ရန်ကုန်သို့ ဒီနေ့ထွက်ခွာမည်။ ကျွန်တော်နှင့်မမမှာ တက္ကစီကားလေးဖြင့် ရန်ကုန်သို့ ခရီးပြင်းနှင်ရမည်။ ကားငှါးပြီးသာ အိမ်မှဘုရားအား ကိုယ်တိုင်ပင့်ချင်သည်ဟုဆိုခြင်းကြောင့် မမသဘောဖြင့် တက္ကစီစင်းလုံးငှားရလေ၏။"မမရေ ပစ္စည်းတွေအကုန်တင်ပေးပြီးပြီ....
ဘာတွေတင်ဦးမလဲ.....""စုံနေပြီ မောင်ရဲ့....
ပစ္စည်းတင်တဲ့ ကားကိုအရင်လွှတ်လိုက်....."မမပြောသည့်စကားကြောင့် အိမ်ရှိပစ္စည်းအစုံထည့်ထားသည့် ကားအား ရန်ကုန်သို့ဆင်းရန်လွှတ်လိုက်ရပြီ။ မိမိနာမည်ကိုအော်ကာ ခေါ်နေသူကြောင့်လည်း
အိမ်ထဲသို့ထပ်ကာပြေးရသေးသည်။"မောင် က ဘုရားပင့်ပြီး မမတို့ငှါးထားတဲ့
ဦဋ္ဌေးရဲ့ကားမှာ ထိုင်နေတော့
မမပိုက်ဆံအိတ်ရယ် မောင့်ရဲ့အိတ်ရယ် ယူပြီး
အနောက်ခန်းကိုလာပြီ......""ဟုတ်ကဲ့ပါဗျ..."
"ဒီကလေးပြုံးစိစိနဲ့ မမောမပန်းစနောက်နေသေးတယ်..."
"မောင်က မမပင်ပန်းနေမှန်းသိလို့ ကျီစယ်တာပါနော်...မောင့်ရဲ့မမ ပင်ပန်းသွားပြီ..."
"မောင်က ထူးချွန်ထက်မြတ်တဲ့ဆရာဝန်ကြီးတစ်ယောက်ဖြစ်တာမြင်ရတာနဲ့တင် မမအမောပြေတယ်..."
"အချိုတွေအရမ်းပြောပဲဗျာ..."
မန္တလေးမြို့လေးမှ စွန့်ခွာကာ ရန်ကုန်သို့ပြောင်းခဲ့ကြလေသည်။ အိုးသစ်၊အိမ်သစ်၊ ပတ်ဝန်းကျင်အသစ်နှင့်အတူ ဘဝခရီးကိုလည်းဆက်ရဦးမည်။
ရန်ကုန်ရောက်လျှင်တော့ မင်းနဲ့ပြန်ဆုံမယ်ထင်ပါတယ် မောင့်ရဲ့လမင်းလေးရေ။
......................
အစောနှင့်ရန်ပိုင် နေပူကြီးထဲတွင် ဆိုင်ကယ်စီးကာ
ချွေးတလုံးလုံးနှင့် စိတ်ငြိမ်ရပ်ကွက်လေးတစ်ခု၏
အိမ်ရှေ့သို့ရောက်လာကြသည်။"ဒီအိမ်သေချာလား အစော...."
"အေး...သေချာတယ်... ငါတာဝန်ကျတဲ့ပြင်ဦးလွင်ဆေးရုံက ငါနဲ့ရင်းနှီးတဲ့ဆရာဝန်လေးပြောနေတာကွ...မမနဲ့ကိုရန်ပဲနေမှာ......."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."