အရာရာအား ခြုံငုံကာ ပြန်တွေးကြည့်မိတော့လွန်ခဲ့သော သုံးလကျော်လောက်မှစ၍ ပျော်စရာများပျောက်သွားခဲ့ရခြင်းပေ။
ဆေးရုံတွင်လူနာများအား လှည့်ပတ်ကြည့်ကာ မှာကြားသင့်သည့်ကိစ္စများမှာပြီးနောက် ရုံးခန်းထဲသို့ဝင်ကာ ခဏတာအနားယူဖြစ်၏။ Operations တစ်ခုဝင်ရန်ရှိသည်။ ဖုန်းထုတ်ကာလည်း ကြင်နာသူဆီသို့ ချစ်သဝဏ္ဏ်လွှာပါးရဦးမည် မဟုတ်လား။ ကိုယ်က သိပ်ချစ်ရတာပဲကို။
မနက်ပိုင်းနှင့် နေ့ခင်းပိုင်းသည်အလုပ်များတတ်ခြင်းကြောင့် ထမင်းဆိုလျှင်လည်း တစ်ယောက်တည်းသာ ဖြစ်သလိုသာ စားရသည်။ ချစ်ရသူနဲ့နှစ်ယောက်အတူတူဆိုခြင်းမှာလည်း လေထဲတွင်သာ စိတ်ကူးယဥ်ရုံ။ ညစာမှသာ မိသားစုအတူတူစားဖြစ်သည်။
နာရီအားလည်း ငုံ့ကြည့်ရသေးသည်။ အချိန်ကိုလိုတိုးပိုလျော့ပြောမှသာ တော်ကာကြမည်။ ဘယ်အချိန်မှပြီးမယ်မသိသေးသော ခွဲစိတ်မှုတစ်ခုရှိလေခြင်းမို့ပေ။"ညစာတူတူစားရအောင် လမင်းလေး
မောင် အိမ်ကို၇နာရီလောက် ရောက်မယ်ထင်တယ်
စောရင်လဲ စောမယ်...နောက်ကျရင်တော့ စိတ်မဆိုးပါနဲ့ဦး အာဘွားပေးပြီးချော့ပါ့မယ်ဗျာ...""ညစာပဲလား မောင်...လမင်းကိုရော..."
၁မိနစ်ပင်မပြည့် ပြန်ရောက်လာသည့် စာအိတ်လေးကြောင့် လူကပြုံးဖြီးနေမိ၏။ ပျော်ရွှင်မှုတို့လည်း အတောမတတ်နိုင်ပေ။ ဒီလိုမျိုးက လက်နှေးနေ၍မဖြစ်။သဘောကောင်းနေတုန်း မူနေလျှင် ဘယ်ပြောကောင်းနိုင်ပါလိမ့်။ နောက်ကျသည့်သူ သစ္စာဖောက်ဆိုသည့်အတိုင်း။
"လောဘကြီးတယ်ဆိုတာ နှစ်ခုလုံးကို ရွေးတဲ့သူကို
အဲ့လိုပြောကြတာမလား...အင်း...မောင်က နည်းနည်း လောဘကြီးတယ်နော်...""တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်သင့်တယ်ဗျ...မောင်အဲဒီ့စကားကိုသိရဲ့လားလို့..."
"ဒီဘက်က မောင်က ချစ်တယ်ဆိုနေ အဲဒီဘက်က
ညီလေးကလဲ...""ဟဟ..."
နှစ်ယောက်သားလေလှိုင်းထဲမှသာ စနောက်
ကျီဆယ်မှုများမှာ ကိုယ်တို့အိမ်ထောင်ရေးကြား နေ့စဉ်ရိုးမသွားနိုင်သော အရာလေးတစ်ခုဖြစ်လာ၏။
ဤသည်ကပဲ ဘဝမှာပျော်စရာမဟုတ်ပေလား။ ပစ္စည်းတွေသိမ်းဆည်းကာ အရာရာရှင်းလင်းထားလိုက်သည်။ ခွဲစိတ်ခန်းကထွက်တာနှင့် အပြေးပြန်လို့ရရုံအသင့်။ တံခါးခေါက်ကာ ဝင်လာကြသူများကြောင့် ပြေးရတော့မည်ထင်၏။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."