Part-15 (Uni & Zawgyi)

13K 864 69
                                    

အဲ့ဒီနေ့က မောင်အိမ်ကိုရောက်လာခဲ့သည်။

"အန်ကယ်....."

"မင်းဘာလာလုပ်တာလဲ...ထွက်သွားစမ်း...ငါ့အိမ်အထိတောင် မင်းလာရဲတာ သိပ်ကိုသတ္တိရှိနေတာလား ကိုရန်..."

"တပည့်တစ်ယောက်က ဆရာတစ်ယောက်ကို
မင်္ဂလာဆောင်လာဖိတ်တယ်လို့ သဘောထားပေးပါလား...သမက်လို့အခုချိန်ထိ သတ်မှတ်နေသေးရင်တော့ ဖိတ်ကြားမှုကို မလာပါနဲ့...တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့အတွက် ဆရာသမားနေရာကထားပြီး
ပွဲတက်ဖို့​ဖိတ်တာပါ...ကျွန်တော့်အမျိုးသမီးလည်း ကိုယ်ဝန်ကြီးနဲ့မို့လို့ ခွင့်ပြုပါဦး...."

ဖိတ်စာအား စားပွဲပေါ်တွင်တင်ကာ သတို့သမီးလောင်းရဲ့လက်ကိုဆွဲလျက် အိမ်ပြင်ထွက်သွားသူ မောင်ရဲ့ကျောပြင်အား ကြည့်နေမိ၏။ လှေကားပေါ်မှဆင်းရန်ပြင်နေခဲ့သော ခြေထောက်တို့မှာလည်း ရှေ့ဆက်ဖို့ရန် အားအင်မရှိတော့ချေ။

"ဖေဖေ......."

မောင်ရှိရာသို့ ပြေးဆင်းသွားသော ဗုံဗုံလေးသည် ဘယ်အချိန်တည်းက အနောက်ဘက်တွင်ရပ်နေခြင်းကိုလဲ သတိမထားမိပါ။

"သားကြီး...ဖေ့ကလေးလေး..."

သားကိုပွေ့ထားကာ ပြုံးလိုက်လေသော မောင်။ထို အပြုံးတွေကိူ နောက်ထပ်တစ်ကြိမ် မြင်တွေ့ခွင့်မရှိနိုင်တော့ပါ။ ထိုနေ့ကနောက်ဆုံးဖြစ်ခဲ့၏။

အား...ရင်ဘတ်တစ်နေရာက စူးပြီးအောင့်နေလေရဲ့။

ရပ်နေသူအား တစ်ချက်ပင်လှည့်မကြည့်သွားသောမောင်။ သူ့ဘေးမှ သူ၏သတို့သမီးလောင်းမှာ မျက်ရည်လည်ရွှဲဖြင့်ကြည့်နေသူအား လှောင်ပြုံးဖြင့် တစ်ချက်မဲ့ပြလေ၏။ ထိုအမျိုးသမီး လမင်းကိုပြုံးပြသော မခံချိမခံသာအပြုံးကို မောင်က မြင်လိုက်၏။မသိချင်ယောင်ဆောင်ပေးခဲ့ပြန်သူကြောင့် ဒီပွဲမှာ လမင်းရှုံးပြီ။ သူ၏ခေါင်းထပ်သို့
မောင့်ရဲ့လက်ကလေးငြင်သာစွာပုတ်လျက် ကိုယ့်အတွက်မဟုတ်သော အပြုံးတစ်ခုကိုလည်း မောင်က ပြုံးပြလိုက်သေးသည်။

ပြိုမယ်မိုးလေး မသည်းစေလို.....Tempat cerita menjadi hidup. Temukan sekarang