"အိမ်တိုင်ရာရောက်.....ဟင်...."
မျက်ဝန်းလှလှလေးများဖြင့် အံ့သြစွာကြည့်နေ၏။ ထိုမျက်ဝန်းလေးများအားကြည့်ရင်း
ကလေးလေး အားလွမ်းမိသွားပြန်သည်။ မိမိအရှေ့မှကောင်မလေးနှင့် တူသလိုလိုရှိနေပါသော ပုံစံလေးများ။ ဒီလိုစပ်စလူးစိမ်မျိုးဖြင့်
ကျွန်တော့်ကလေးသည် လားလားမှ မတူနိုင်ပေ။"မင်း ပတ်ဝန်းကျင်လေ့လာမှုအားနည်းလိုက်တာ ကောင်မလေးရေ....."
"ဘာ...."
စူးရှလိုက်သည့်အသံ။
လက်ငြိုးထိုးပြလိုက်ရတော့သည်။ သူထိုင်နေရာခုံ၏
အနောက်ဘက်တွင် ချိတ်ဆွဲထားသည့် ဓာတ်ပုံ
ဗီနိုင်းတစ်ခုဆီသို့ပင်။ ဘွဲ့ယူစဉ်က ရိုက်ကူးထားသည့်ပုံလေး။ ထိုပုံအားကြည့်ကာ သူလေး တစ်ချက်ပြုံးသွား၏။ ထို့နောက် မျက်နှာလေးပြန်လည် ငြိုးကျသွားသည်။'ဘာလေးလား ဟ...'
"အသံတွေကြားလို့ ဘာဖြစ်တာလဲမှတ်တယ်...
မောင်ပြန်ရောက်နေတာကို...စကားပြောနေတာလား...
သိကြလို့လားဟင်.....""မသိပါဘူး..."
"မသိပါဘူး..."
သံပြိုက်ရွတ်ဆိုမိတော့ မိမိဆီသို့စောင်းကျလာသော မျက်စောင်းလှလှလေး။ ပါးလျလျနှုတ်ခမ်းလေး၏ဆူထော်ထားမှု။
'ဘယ်သူကရောသူနဲ့သိချင်နေလို့လဲ...'
ထော့နဲ့၊ထော့နဲ့ဖြစ်နေသည့် မမအား ပြေးတွဲလိုက်ပါလျှင် ထိုကလေးမလေးလည်း မမလက်ထဲမှ လက်ဖက်ပန်းကန်နှင့် သာကူပြင်ပန်းကန်လေးအား ယူကာ စားပွဲပေါ်တွင်တင်လိုက်လေသည်။
"မမ ခြေထောက်က ဘာဖြစ်တာလဲ....."
'တရားခံဟိုကလေးမများလား...'
မမရှေ့မှ ကော်ဇောပေါ်ထိုင်ချကာ မမခြေထေက်အား ကြည့်မိလိုက်ရာ ယောင်နေလေသည်။
ကားကိုမဆင်မခြင်မောင်းသော ဟာမလေး
မမကိုလည်း တိုက်လိုက်ပြန်ပြီလား။ မမ ခြေထောက်ထိုသို့ဖြစ်ရခြင်း တရားခံက သူပဲဖြစ်ပေလိမ့်မည်။
![](https://img.wattpad.com/cover/217286515-288-k296338.jpg)
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."