ဘေးတစ်ဖက်တစ်ခြမ်းရှိ အိပ်ယာခင်း၏ အေးစက်မှုနှင့်အတူ အိပ်ပျော်နေချိန်မှသာ ခံစားခွင့်ရသော ခါးပေါ်မှလက်ကလေး၏ အနွေးဓာတ်မရှိ။ တံခါးဆီမှလော့ခ်ဖွင့်သံ ခပ်တိုးတိုးကို နိုးတဝက်၊အိပ်တဝက်ဖြင့် ကြားလိုက်ရလေသည်။ မောင်ဒီအချိန်ကြီး ဘယ်များသွားတာပါလိမ့်။
အဝတ်မကပ်သောကိုယ်နှင့် အသားပေါ်ရှိအနီရောင်အစင်းကြောင်းများကို လျစ်လျူရှုရင်း မောင်ကိုယ်တိုင် လွှားခြုံပေးခဲ့သော စောင်အားဆွဲလှန်လိုက်မိသည်။ အဲကွန်းလေ၏ကျီစယ်ခြင်းကြောင့် အေးစက်မှုနှင့်အတူ စပ်ဖြင်းဖြင်းခံစားချက်။ မောင် ပေးထားသည့် ကြင်နာခြင်းများ။ ဝမ်းဗိုက်ထဲမှလည်း ပူခနဲအောင့်မြတ်လာရသည်။
ခါးအထက်သို့ လက်ကလေးတင်ရင်း နာကျင်မှုကိုသက်သာလိုသက်သာငြား ကျွတ်စ်တစ်ချက်သပ်မိ၏။ ညဝတ်အကျီအားဝတ်ရန် ကောက်ယူမိစဉ်မှာပဲ ကြယ်သီး၂လုံးပြုတ်နေခဲ့သည်။ အဝတ်လဲနေစဥ်၌ ရေချိုးချင်စိတ်များကလည်း တဖွားဖွား။
အရင်တစ်ချိန်ကဆိုပါလျှင် တချို့ညများ၌ အချစ်တိုက်ပွဲဆင်နွှဲပြီးသည့်အခါတိုင်းနှင့် သန့်ရှင်းရေးလုပ်ပေးကာ အိပ်စက်နှစ်ခြိုက်စေ၏။ တခါတရံမောင်အိပ်မောကျချိန်များတွင် ရေထချိုးတတ်သည့် အကျင့်လေး လမင်းဆီမှာရှိခဲ့သည်။
"အချိန်ကြီးရေထချိုးတာ ဖျားအောင်လို့ကွာ" ဆိုသော စိုးရိမ်မှုများအပြည့်နဲ့ ကြင်နာစွာ၊ နွေးထွေးစွာထွေးပိုက်၊သိုင်းဖက်ပေးတတ်သော မောင့်ရင်ငွေ့လေးဖြင့် အိပ်မောကျခဲ့ဖူး၏။
ယခုချိန်တွင်ရော မောင့်ရင်ငွေ့လေး ရနိုင်ပါဦးမလား...?
ရူးမိုက်စွာဖြင့် လက်တည့်ဆန်းချင်သော်လည်း အဆင်မပြေမှုတွေကြားမှ လမင်းကို
စိုးရိမ်နေရမည့် မောင့် မျက်နှာအားမကြည့်ရက်ပေ။ဝရံတာဘက်သို့ထွက်ကြည့်မိသည်။ မောင်ရှိမနေပေ။
ခြံထဲထွက်သွားကာ လမ်းလျှောက်နေသည့်အထင်နဲ့လည်း ရှာကြည့်ခဲ့မိ၏။ မောင့်ရဲ့အရိပ်လေးပင်မရှိခဲ့ပါ။ သားနှစ်ယောက်ရဲ့အခန်းထဲသို့သာ ခြေဦးလှည့်လိုက်ရသည်။
VOUS LISEZ
ပြိုမယ်မိုးလေး မသည်းစေလို.....
Roman d'amour"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."