မနက်မိုးလင်းသည်နှင့် အိမ်အပေါ်ထပ်မှပြေးဆင်းကာ ညဝတ်အကျီပင်မလဲနိုင်
မနက်စာအမြန်စားသည်။ Apronကြီးဝတ်ကာလည်း
မုန့်ဖုတ်သည့်လုပ်ငန်းစတင်ရတော့၏။"ငါလေးနဲ့ကိတ်မုန့်နဲ့ကတော့တွေ့ပြီ..."
မီးဖိုခန်းတင်မက သူ၏မျက်နှာသေးသေးလေးထက်ပါမကျန် အဖြူရောင်ဂျုံမှုန့်လေးများမှာ ပေကျံနေလေ၏။ ကြက်ဥခွံလေးများကလည်း
စားပွဲပေါ်ဝယ်အတုန်းအရုန်း။"ဘုရားသိကြားမလို့ ကိတ်မုန့်လေးရပါစေ..."
ကိတ်လေးလေးရလာခဲ့ပါ၏။
နာရီပေါင်းများစွာလဲ ကြာခဲ့သည်။
ရေချိုးရန်အပေါ်သို့ တက်ကာ ချောကလတ်ကိတ်လေးအား အအေးခံခဲ့လိုက်သည်။"ကိတ်မုန့်ဖြစ်လာမှာပါနော်..."
ကိုယ့်လက်ရာကိုယ်မယုံရဲသော်လည်း
အကောင်းဆုံးကြိုးစားခဲ့ပြီမို့ မချင့်မရဲသက်ပြင်းလေးချကာ ရေချိုးပြီးနောက် အပြေးလေးဆင်းကြည့်ရတော့သည်။ အအေးခံထားသည့်ကိတ်လေးပေါ်တွင် အဖြူရောင်စာတန်းလှလှလေးလည်းရေးထိုးလိုက်ရသည်။"လက်ကလေးရယ် မတွန့်သွားနဲ့နော်..."
အချစ်အပြည့်ဖြင့် လုပ်ပေးထားသည့်
Cakeလေးထဲ ပျော်ဝင်နေသည့် မေတ္တာဓာတ်များကြောင့် ချိုမြိန်နေပေလိမ့်မည်မှာ အသေအချာ အာမခံနိုင်ပါသည်။"Mammyရေ.....သွားကြမယ်လေ....
မောင်ရောက်နေလောက်ပြီ........"ဧည့်ခန်းထဲတွင်ထိုင်နေကြ သူများအားမမြင်။မကြည့်မိဆိုလျှင် မှန်ပေမည်။ ကိုယ်ထင်ရာအော်နေရင်း
လက်ထဲမှာလည်း ဘူးလေးတစ်ခုကိုင်ထား၏။
မိးဖိုချောင်တစ်ခုလုံးကိုအုပ်စိုးကာ တစ်မနက်ခင်းလုံး ဖုတ်နေသည့် ကိတ်မုန့်ပဲနေမည်။"အမလေးတော်...
ဒီမှာအကုန် ငုပ်တုပ်ကြီးပါနော်...
ရှင်လေးထွက်လာတာကို စောင့်နေတာ....""ဖြိုးရော.... မလာသေးဘူးလား...."
"သွားနှင့်လို့ပြောတယ်...
ဂေဟာမှာစောင့်နေမယ်ဆိုပဲ...
မင်းမင်းနဲ့ရန်ပိုင်ကထွက်လာကြပြီ....
ကဲ အကိုလေးရေ ကြွချီတော်မူပါနော်
ကားထဲကိုကြွပါ......"
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."