စာမေးပွဲကြီးပြီးသွား၍ ပျော်လို့မဆုံး။
မမနေမကောင်းဖြစ်နေ၍ စက်ရုံတွင်မူးလဲသွားလေသည်။ ဆေးရုံရောက်နေသည့် မမကြောင့် မောင်လဲလာမကြိုနိုင်ပေ။ မောင် လာမကြိုနိုင်သဖြင့်လည်း Driver လွှတ်ပေးလိုက်သည်ဆိုသည့် Daddyကြောင့် သူငယ်ချင်းများအား နှုတ်ဆက်ကာ အိမ်မှကားဖြင့်သာ ပြန်လာခဲ့လိုက်သည်။ Driver ဦးလေးကြီးအားလည်း ရယ်ပြရင်း ကားပေါ်တက်လာခဲ့လိုက်သည်။"Driverအသစ်လားဟင်... အရင်ကမမြင်ဖူးဘူးနော်..."
"အိမ်ကိုရောက်တာ ၁လလောက်ရှိပါပြီ
အကိုလေး...""မောင်က ဒီအကြောင်းလမင်းကိုလဲမပြောပြဘူးရော်..."
"ဒေါက်တာမအားလို့နေမှာပါ..."
"..."
"ဒေါက်တာချစ်ရန်မောင်ကပဲ အကိုလေးကိုအကြို၊အပို့လုပ်ပေးနေရတော့ ကျွန်တော့်ကိုမသိတာမဆန်းပါဘူးဗျ..."
"အဲ့ဒါလဲဟုတ်တာပဲ...တွေ့ရတာဝမ်းသာပါတယ် ဟီးဟီး..."
အိမ်ပြန်နေသည့်လမ်းလည်းမဟုတ်၊ ဘယ်သို့မောင်းနေသည်လည်း မသိ။ ဘယ်ဘက်ကွေ့ရမည့်နေရာကို ညာဘက်ကွေ့သည်။ ညာဘက်ကွေ့ပြီးလျှင် တည့်တည့်သွားကာဘယ်ချိုး၍ရခြင်းကို တည့်တည့်ကြီးဆက်သွားပြန်သည်။
"မောင် Driverဦးလေးကြီးအသစ်ရောက်နေတာလမင်းကိုမပြောပြထားဘူးနော်..."
Messageပို့သော်လည်း ပြန်မပို့သေးပေ။
"ဦးလေးကြီး ဘယ်မောင်းနေတာလဲဟင်..."
"ကျွန်တော့်သားလေးဝင်ခေါ်မလို့ပါ အကိုလေး....ဆရာကြီးကို ပြောခဲ့ပါတယ်...."
"Daddyခွင့်ပြုထားတာလား...."
"ဟုတ်ကဲ့......"
အိမ်ဟုဆိုသော်ငြား တစ်နေရာမှာမှ အိမ်တစ်လုံးမတွေ့ရသေး။
တစ်ချို့နေရာလေးများတွင် တဲအိမ်အစုတ်လေးများသာရှိပြီး ကြို့တို့ကျဲတဲသာ။ လယ်ကွင်းများအားဖြတ်ကာ ဘယ်နေရာဟုတွေး၍မရသေး။ နောက်ကြည့်မှန်မှ လှမ်းလှမ်းကြည့်နေသည့် ဦးလေးကြီး၏မျက်ဝန်းများကလည်း ကြောက်ဖို့ကောင်းလွန်းနေ၏။'မောင် ဘာကြောင့်စာပြန်မပို့သေးတာလဲ....'
ဖုန်းဆက်ရင်ထိုလူကြီးက တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ တွေးပူကာရယ်ကြောက်နေရလေပြီ။ ဖြိုး ဆီသို့သာ သတိတရဖြင့်စာပို့လိုက်သည်။ Daddy နှင့် Mammyဆီသို့လည်း စာပို့ရသည်။ တစ်ယောက်ဆီကမှ replyပြန်မလာကြသေးပေ။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."