'လမင်း၏မထားခဲ့ပါနဲ့' ဆိုသည့်စကားအား
'သူထားသလိုနေနိုင်လား' ဆိုသည့်
စိန်ခေါ်မှုဖြင့် ပြန်ကာချေပခဲ့သည့် မောင်။ပြသနာတက်ကြပြီးနောက် ထွက်သွားတော့မည်ဟုဆိုသည့် မောင့် အနောက်သို့ ကောက်ကောက်ပါအောင်လိုက်ခဲ့မိသည်။မြေးတွေအား မထည့်ပေးလိုက်နိုင် ဟုဆိုသည့် မာမီနှင့်ဒယ်ဒီ၏ စကားကိုလည်း မောင်က မလွန်ဆန်ပေ။ နောက်ဆုံးတွင်တော့ မောင်ပိုင်ဆိုင်ရာ တိုက်ခန်းကလေးသို့ထွက်လာဖြစ်ကြသည်။ တနင်္ဂနွေပိတ်ရက်များနှင့် အားသည့်အချိန်များတွင်တော့ မောင်နှင့်အတူ သားတွေနှင့်ပြေးတွေ့ကြရလေသည်။
ဗုံဗုံးနှင့်တုံတုံးလေးမှာလည်း သိပ်ကိုချစ်ဖို့ကောင်းသည်။ ဒယ်ဒီ့ကိုသိပ်မလွမ်းပါဘူး ဖေဖေ့ကိုအရမ်းသတိရတယ်ဟု ဖြေကြတာမို့ လမင်းမှာလည်းသူတို့ကို စိတ်ကောက်ရသေး၏။ သွေးကစကားပြောသည်ဆိုသောစကားကအမှန်နေမည်။ လမင်းရဲ့သားနှစ်ယောက်မှာလည်း မောင့်အား သိပ်ချစ်ကြလေသည်။
"ဟယ်လို...ဂျမ်းမှုန်...ငါမှာထားတာတွေ သေချာပြင်ဆင်ထားလား... ငါလာပြီ ငါလာပြီ
ကားပါကင်ရောက်ပြီ...ချက်ပြုတ်ဖို့ အကုန်ပြင်ထားနော်...နင့်ဆရာပြန်လာရင် ဗိုက်ဆာနေတော့မယ်...အိမ်မှာဘာအသီးရှိလည်း ခွဲထားပေးပါဦး..."ကားပါကင်ထိုးပြီးတာနဲ့ အပြေးအလွှားအိမ်ပေါ်တက်ရ၏။ ညစာအိမ်မှာစားဖို့ရာ မောင့်ကိုဖုန်းဆက်ပြောထားတာမို့ နောက်ကျလို့မဖြစ်ပေ။
"အမလေး... ဘုရား"
အိမ်တံခါးဖွင့်ပြီးအိမ်ထဲဝင်လာရာ ဧည့်ခန်းထဲ
ငုပ်တုပ်ကြီးနေသော မောင့်အား တွေ့လိုက်ရ၏။"ဟီးဟီး...မောင်..."
သွားဖီးကာ ရယ်ပြလိုက်ခြင်းအား တစ်ချက်သာ ငဲ့ကြည့်လာပြီးနောက် တီဗီရှိရာပြန်လှည့်သွားပြန်သည်။ မောင်က နည်းနည်းလေးတင်းမာနေသော ရုပ်ရည်နဲ့စကားသိပ်မပြောသော်လည်း အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်တော့ ကျေပွန်ခဲ့၏။
"လမင်း ငါ့အတွက်လက်ဖက်ရည်ဖျော်ခဲ့ပေး..."
"ဟုတ် ဟုတ် မောင်...."
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."