ဖုန်းသံမြည်သံကြောင့် စာရွက်ပေါ်မှ မျက်နှာမခွာပါပဲ
ဖုန်းကိုင်လိုက်မိရာ တစ်ဖက်မှအသံမကြားရပေ။
ပြေးကြည့်စရာမလို တွေးကြည့်တာနှင့်သိလေသည်။
ဤသည်က မမ မှ လွဲမည်သူမှမရှိ။ဒီလိုအချိန် ၅နာရီဆိုလျှင် ဈေးတစ်ခုသို့ရောက်နေမည်။ ကျွန်တော့်အားဖုန်းဆက်ကာ ဘာဟင်းစားချင်လဲ ဘာအသီးစားချင်လဲ။ ဘာမုန့်လေးကပူပူလေးသိလား။မောင် စားဦးမလား ဖြင့် မေးတတ်၏။ နေ့စဉ် သူလုပ်နေကြအလုပ်တစ်ခုပင်။ တွေးမိရင်းပြုံးမိသည်။
ယခုလဲ လက်မအားနိုင်ကာသယ်ထားသည့်
အထုပ်များအကြားမှ ကျွန်တော့်အား ဖုန်းဆက်ခြင်းဖြစ်မည်။"မမ...အထုပ်တွေမနိုင်မနင်းနဲ့ကို ဖုန်းဆက်ပြီး
ဘာဝယ်ရမလဲ မေးဦးမလို့လား.......""ဟယ်...မောင် ဘယ်လိုသိလဲ...."
"မမ နေ့တိုင်းအဲ့ဒီလိုပဲကို...."
"ဟီးဟီး...အခု ဖြိုးဖြိုးတို့အိမ်မှာလား မောင်..."
"ဟုတ်တယ် မမ... ဖြိုးဖြိုးကိုစာပြပြီးတာနဲ့
အိမ်ပြန်လာမှာ....""အဲ့ဒါဆိုဖြိုးဖြိုးကိုပါခေါ်ခဲ့လေ....
အိမ်မှာ မမကျောက်ကျောထိုးထားမယ်....
ဖြိုးဖြိုး အရမ်းကြိုက်တဲ့ အုန်းနို့ တစ်ပွဲ....
ကြက်ဥနဲ့တစ်ပွဲလို့ပြောပြလိုက်ဦး....."အရမ်းခေါ်လာစေချင်နေသော မမ၏အသံကြောင့် ဖြိုးဖြိုး ဘက်သို့လှည့်ကာမေးစမ်းရ၏။
"ဖြိုး မမကလေ ကျောက်ကျောထိုးထားတယ်
ဖြိုးအကြိုက်တွေတဲ့လေ....အိမ်လိုက်ခဲ့မလား....
မမကလဲလာခဲ့ပါဦးလို့ ပြောခိုင်းလို့....""လိုက်တော့ဘူး ကိုကြီး....
ဖြိုးက သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတယ်
အရေးကြီးတယ် ငယ်သူငယ်ချင်းလေး....
မတွေ့ရတာကြာပြီလေ.....အဲ့ဒါကြောင့်....""အိုကေ အိုကေ.... မမကိုပြောလိုက်ဦးမယ်......."
ဖြိုးဖြိုး မလိုက်လာတော့ဘူး ဆိုခြင်းကြောင့်
ကျောက်ကျောမထိုးဖြစ်တော့ပေ။ ဈေးနှင့်မလှမ်းမကမ်းရောက်နေရာမှ နောက်ကြောင်းပြန်လှည့်ရလေပြီ။ မောင် ထမင်းစားပြီးလျှင် အချိုတည်းဖို့ရာ တစ်ခုခုသွားဝယ်ရန်တွေးလိုက်မိ၍ပင်။

KAMU SEDANG MEMBACA
ပြိုမယ်မိုးလေး မသည်းစေလို.....
Romansa"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."