လွန်ခဲ့သောသုံးပတ်ခန့်က,
လမင်းကျောင်းသွားရသည်မှာ အရင်လို ပူညံပူညံနှင့်
နားငြီးလောက်အောင်ပြောတတ်သော ကိုရန် မရှိသည်မှာ ရက်ပေါင်းများစွာကြာနေလေပြီ။ မရှိိတော့လည်းသတိရသား။
ရှိနေတော့လည်း အမြဲတစေရန်ဖြစ်နေရ၏။
တကယ့်လူ့ဂွစာပင်။သုံးလတိတိ ပြင်ဦးလွင်ဆေးရုံတွင်
တာဝန်ကျနေ၏။ သူပြန်ရောက်လျှင်လည်း ရာထူးတတ်တော့မည်ဟု ဒယ်ဒီပြောလေသည်။ ဤသည်ကြောင့်လည်း
ထိုလူကြီးအတွက် ဝမ်းသာပေးရသေး၏။ ကိုယ်တိုင်ရာထူးရလိုက်သလို
ကြည်နူးရင်း ဂုဏ်ယူမိသေးသည်။'ဘာမှလဲမဆိုင်ပဲ သူ့အတွက် ကိုယ်ကဂုဏ်ယူမိလေခြင်း...ငါလေးကအရူးပဲ...'
ကျောင်းသွားသည်။
ကျောင်းပြန်သည်။ တစ်နေ့တာအလုပ်တစ်ခုပင်။
ရစ်စရာလူကြီးမရှိသည့်နောက်ပိုင်း အပြင်သွားကာ အပျော်အပါးများလည်း မလုပ်မိတော့။ ပါတီသွားသည်ဟုကြားလျှင်
ဟိုတခါ ၁၀ရာခိုင်နှုန်းဆုံးမသည်ထက် ဆိုးမည်ဟု
ခြိမ်းခြောက်ခံရပြန်၍လည်း မသွားရဲ။
ပြောလျှင်ပြောသလိုတကယ်လုပ်တတ်သော လူကြောင့်ရော၊ သူ ထိုသို့လုပ်လျှင်ဖြစ်လာသည့်
ခံစားချက်မရိုးမရွကြီးကြောင့်လည်း မကြိုက်ပါ။'သူက မောင်မှမဟုတ်တာ မကြိုက်တာလဲမဆန်းပါဘူး.....'
ထိုနေ့ကလည်း လည်တိုင်နှင့်
ရင်ညွန့်အနှံ့တွင် စုန်းစုပ်ခံထားရသလို အနီကွက်များ၊ခရမ်းရောင်အကွက်များအပြည့်။ ပခုံးမှ ကိုက်ရာသည်လည်း
ယခုချိန်ထိ အမာရွတ်ပျောက်ဆေးလိမ်းနေရဆဲပင်။ တစ်ပတ်တိတိအလုံပိတ်အကျီသာ ဝတ်ခဲ့ရသည်အထိ။'မုန်းချင်စရာတွေသိပ်လုပ်တတ်သော လူကြီးရယ်ပါ...'
အခုတော့လူကြီးကို သတိရပါ၏။ သတိရသော ညတိုင်းဖုန်း ပြောဖြစ်ကြသည်။
video callခေါ်ကာ စာဝိုင်းကျက်ပေးသေး၏။
ကိုယ်မသိပါသော ဆေးပညာဆိုင်ရာများကိုလည်း ဗဟုသုတအနေဖြင့် ပြောပြသေး၏။
စာမေးသည်။ စာမှားသည့်အခါ နဖူးတောက်ရန်
အကြိမ်ရေလည်း မှတ်ထားသေးသည်။ တခါတရံ
တကယ့်ကလေးဆန်လွန်းသည်။
YOU ARE READING
ပြိုမယ်မိုးလေး မသည်းစေလို.....
Romance"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..."